သတင်းတို

အထက်တန်းကျောင်းသူ ၁ ဦးကို အဓမ္မပြုကျင့်သူကို ဖမ်းဆီးအမှုဖွင့်ထား

“ဖြစ်တာက တလလောက်ရှိနေပြီ။ အဲ့ဒါကို ငလင်းက စွယ်တော်ရွာသားတယောက်က မုဒိန်းကျင့်သွားတယ်ဆိုပြီး ကောင်မလေးမိဘတွေကို လိမ်တိုင်တာ။ ကောင်မလေးအမေက သမီးကိုပြန်မေးရင်းနဲ့ ငလင်းဆိုတာကို သိသွားပြီးရဲတိုင်တာ။”

မုံရွာ - မန္တလေး လမ်းပေါ်က စစ်အုပ်စုတပ်စွဲနေတဲ့ နတ်ရေကန်စခန်း ဒရုန်းနဲ့ဗုံးကြဲခံရလို့  ၃ ဦးသေဆုံး (ရုပ်/သံ)

ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ - မန္တလေးအဝေးပြေးလမ်းပေါ်က စစ်ကောင်စီအထိုင်ချထားတဲ့ နတ်ရေကန်အထိုင်စခန်းကို PDF ပူပေါင်းအဖွဲ့က သြဂုတ် ၁ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ မုံရွာ အမှတ် ၈ တပ်ရင်းဆီက သိရပါတယ်။

၃ နှစ်ကြာ စစ်ရှောင်နေရသူတွေ ရိက္ခာခက်ခဲနေလို့ ဆန်တင်း ၉၀ ကျော် မျှဝေပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှာ စစ်ရှောင်ကာလအကြာဆုံးဖြစ်တဲ့ ရေရှင်ကျေးရွာ မီးဘေးသင့် စစ်ရှောင်ပြည်သူတွေကို ဇူလိုင် ၃၁ ရက်မှာ ရိက္ခာအတွက် ဆန်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ Lighthouse စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။

မကွေးမှာ စက်သုံးဆီဆိုင်တွေပိတ်ထားရပြီး Denko တဆိုင်တည်းမှာသာ အကန့်အသတ်နဲ့ဝယ်ယူရ

" မြို့ပေါ်မှာဆီဆိုင်ကြီး ၅ ဆိုင်ရှိတယ်။ ၄ ဆိုင်ပိတ်ထားတယ်။ တဆိုင်ပဲရှိနေတော့ ဆီရဖို့ မနက်အစောကြီးကတည်းက တန်းစီပြီးဝယ်ယူနေရတယ်"

ပဲခူးရေဘေးသင့်ပြည်သူတွေ သောက်သုံးရေ လိုအပ်ချက်မြင့်မားနေ

" ရေကြီးနေပေမယ့် မပြောင်းဘဲ နေအိမ်မှာ နေနေတဲ့သူတွေအတွက် (သောက်သုံးရေ) ပိုလိုနေတယ်။ သူတို့ အတွက်ကျတော့လည်း ကူညီရေးအဖွဲ့တွေဘက်က ခဏခဏ မရောက်တာလည်းပါတယ်။"

မှော်ဘီလေတပ်မှာ ရဟတ်ယာဉ် ၁ စီးပျက်ကျပြီး လေတပ်ဗိုလ်ချုပ် ၁ ဦးအပါ ၂ ဦး သေဆုံး

ရဟတ်ယာဉ်ဟာ စတင်ပျံသန်းစဉ်မှာပင် ပျက်ကျခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူး ဗိုလ်ချုပ် စိုးတင်လတ်နဲ့ ရဟတ်ယာဉ်မောင်းနှင်သူ လေတပ်အရာရှိ ၁ ဦးတို့ဖြစ်ကာ နောက်ထပ်လေယာဉ်မှူး ၁ ဦးနဲ့ ရဟတ်ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိတယ်လို့ ဆိုပါ တယ်။

21 BAGAN-PDF ရဲ့ အပတ်စဥ် ၂ သင်တန်းဆင်းပွဲ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ်တနေရာမှာ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ခွဲ - ၃၊ 21 BAGAN - People Defense Force တပ်ဖွဲ့ရဲ့ အပတ်စဥ် ၂ စစ်သင်တန်းဆင်းပွဲကို သြဂုတ် ၁ ရက်ကပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

မြင်းခြံမြို့ရှိ ခမရ ၁၅ ကို PDF က ၄၀ မမနဲ့ပစ်ခတ်လို့ စစ်ကောင်စီတပ်သားတဦး သေဆုံးဟုဆို

“တယောက်သေတယ်၊ ဒီနေ့ သင်္ဂြိုဟ်တယ်လို့ ကျနော်တို့ခိုင်လုံတဲ့သတင်းက ရတယ်”

ဒိုက်ဦးမှာ ရေဘေးကူညီရေးအဖွဲ့လှေ တိမ်းမှောက်ပြီး ကျပ်သိန်း ၅၀ ဆုံးရှုံး

"လှိုင်းကလည်းကြီး ရေစီးကလည်းသန်တယ်။ လှေပေါ်တင်ထားတဲ့ ပစ္စည်းဝိတ်ကလည်းများတော့ မထိန်းနိုင်တော့ဘဲ မြုပ်သွားတာ။"

21 BAGAN-PDF ရဲ့ အပတ်စဥ် ၂ သင်တန်းဆင်းပွဲ (Photo News)

မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ်တနေရာမှာ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ခွဲ - ၃၊ 21 BAGAN - People Defense Force တပ်ဖွဲ့ရဲ့ အပတ်စဥ် ၂ စစ်သင်တန်းဆင်းပွဲကို သြဂုတ် ၁ ရက်ကပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ရှမ်းမန်းစစ်ဆင်ရေး ပူးပေါင်းတိုက်ပွဲက အောင်ပွဲရ PLA ရဲဘော်တွေကို ပြည်သူတွေက လှိုက်လှဲစွာကြိုဆို (ရုပ်/သံ)

စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်အပြီး အောင်ပွဲနဲ့အတူပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းများနဲ့အတူ ဝမ်းသာပျော်ရွှင်စွာဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။

ဆားလင်းကြီးနယ်က ရေဘေးသင့်အိမ်ထောင်စု ၃၀၀ ကျော်ကို ငွေထောက်ပံ့

“ခုတော့ ရေပြန်ကျနေပါပြီ။ ပြန်လည်ထူထောင်ရေးအနေနဲ့လည်း ပါပါတယ်။ လက်ရှိက အလုပ်လက်မဲ့ များနေတော့ သူတို့အတွက်တတ်အားသ၍ အကူအညီရဖို့ရည်ရွယ်ပြီး အလှူရှင်နဲ့ချိတ်ဆက် လှူပေးတာပါ"

ကိုယ်တိုင် စိုက်ပျိုးထားတဲ့ စပါးတွေကိုကြိတ်ခွဲပြီး ရေဘေးသင့်တွေကို ဆန်တင်း ၁၅၀ ကျော် ထောက်ပံ့ခဲ့တဲ့ S&C (ရုပ်/သံ)

S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ စပါးခင်းတွေကနေ ထွက်ရှိလာတဲ့ စပါးတွေကို ကြိတ်ခွဲပြီး ဆန်တင်း ၁၅၀ ကျော်ကို ရေဘေးသင့်တွေအတွက် လက်ရှိမှာ လှူဒါန်းထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။

အမြန်လမ်းမှာ ဝန်ပိုတင်လာတဲ့ကား သစ်ပင်ဝင်တိုက်ပြီးမှောက်လို့ ၃ ဦးဒဏ်ရာရ

"ကားက အိုဗာဝိတ်တင်လာတာ။ ပန်းသေတ္တာတွေ မနည်းဘူး။ ဝိတ်များတော့ ရှေ့လေးကျိုးပြီး အရှိန်မထိန်းနိုင်တော့ဘဲ သစ်ပင်ကိုဝင်တိုက်ပြီး မှောက်သွားတာ"

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို PDF တွေ အပြီးသတ်သိမ်းယူ

"ချောင်းကြီးရပါပြီ။ အလောင်း၊ လက်နက်တွေလည်း ရထားတယ်လို့ သိရပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10