လေးရက်ကြာ တိုက်ခိုက်ပြီးနောက် မြိုင်၊ ကိုင်းတောမရဲစခန်းကို သိမ်းပိုက်
တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦးသေဆုံးခဲ့သလို စစ်ကောင်စီ ဘက်ကလည်း ၃ ဦးသေဆုံးခဲ့ပါတယ်။
တိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦးသေဆုံးခဲ့သလို စစ်ကောင်စီ ဘက်ကလည်း ၃ ဦးသေဆုံးခဲ့ပါတယ်။
“အဲဂိတ်ကနေ ကားတွေ၊ ခရီးသွားတွေကို စစ်တယ်ဗျ။ ကျနော်တို့လည်း မောင်းလာတဲ့ဖောကားကို အစစ်ခံသလိုနဲ့ ရပ်ပေးပြီးမှ အပိုင်ပစ်တာမှာ စစ်**နှစ်ကောင်နဲ့ရဲ** တကောင်သေတာ”
"သြဂုတ် ၆ ရက်မှာလည်း သရက်ကန်ရွာဘက်ကနေ ကိုင်းတောမရဲစခန်းကို လာတဲ့ ရိက္ခာပို့စစ်ကြောင်းကို လမ်းတဝက်ကနေ ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်"
"ကျနော်တို့ ရှစ်လေးလုံးကိုထောက်ခံတဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေက တလှိုင်းပြီး တလှိုင်း တိုက်ပွဲတွေဖော်နေတာကို ကျနော်တို့သပိတ်အဖွဲ့တွေကလည်း အမြဲအတူရှိတယ်ဆိုတာကို ပြသတဲ့ အနေနဲ့လုပ်ဖြစ်ခဲ့တာပါ”
"စျေးတက်တာကတော့ ပစ္စည်း ၁ ခုကို နှစ်ဆသုံးဆမကဘူး တက်နေတာ။ စျေးတက်ပေမယ့်လည်း မစားလို့လည်းမရဘူး။ အရင်ကထက်တော့ အများကြီးစိစစ်ပြီး ဝယ်ခြမ်းနေရတယ်။ စားဖို့အတွက်ကိုပဲ တနေ့တနေ့ လုံးပန်းနေကြရတယ်"
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန် ဩဂုတ် ၇ ရက် ဒီကနေ့မှာ စစ်ကောင်စီတပ်က အလင်းဝင်လာသူတွေထဲမှာ ပဲခူးတိုင်းထဲက ပြည်သူ့စစ် ၅ ဦးထက်မနည်းပါဝင်တယ်လို့ PDF တပ်ပေါင်းစုဝင် ရဲဘော်တဦးဆီက သိရပါတယ်။
“စခန်းမသိမ်းခင် သူတို့ကို ကျနော်တို့ဘက် အရောက်ခေါ်ထားနိုင်တယ်။ (သူက)ဖရဲသီးလုပ်ပြီး ကူညီခဲ့တာတွေ အများကြီးရှိတယ်။ စစ်ပညာသင်တန်းတက်ဖို့ လမ်းကြောင်းတွေ၊ လက်နက်ခဲယမ်း ထောက်ပို့လမ်းကြောင်းတွေ၊ သတင်းအချက်လက်ပိုင်းရော သူတတ်နိုင်သမျှ အများကြီး ကူညီပေးခဲ့တယ်။”
" ကားပေါ်မှာ တော်တော်များများကို သေတယ်။ မိုင်းဆွဲတာက ၂ စီးလုံးဆွဲတာ မဟုတ်ဘူး။ ရှေ့ကကားပဲ ဆွဲလိုက်တာ။ နောက်အစီးက အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကောက်ပြီး ဟိုပစ်ဒီခတ် လုပ်ကြတယ်။ ကားကတော့ မြေခသွားတာပေါ့။"
"အစားအသောက်နဲ့ရေကတော့ နေ့စဥ်သုံးနေတာဆိုတော့ နေ့တိုင်းလိုနေတယ်။ အလှူရှင်တွေက နိုင် သလောက်လှူနေကြပေမယ့်လည်း နည်းတော့ နေရာစုံမဖြန့်ဝေနိုင်ဘူး။ သွားလာရ ခက်ခဲတဲ့နေရာလည်းရှိတယ်။ လိုအပ်ချက်တော့ နေရာတိုင်းရှိနေတယ်"
“အပေါ်က စက်သံတွေ ပစ်တဲ့အသံတွေနဲ့ တကယ်ကိုယောက်ယက်ခတ်ပြီး သဲထိပ်ရင်ဖိုပဲ။ ရွာမှာ ပျက်စီးတာတွေတော့ရှိမယ်။”
ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲပြုကို KNU/KNLA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာ သြဂုတ် ၅ ရက်က ပြုလုပ်ခဲ့ပါတယ်။
"ဘာတိုက်ပွဲမှ မရှိတော့ အကုန်ရွာထဲအေးအေးချမ်းချမ်းနေနေကြတာ။ ထပ်ဝဲပြီး သေချာကိုကြည့်ပြီး ပစ်ချသွားတာ။ အရိပ်မြင်ရာ အကုန်ပစ်တဲ့သဘောပဲ"
သင်တန်းအတွင်း လက်တွေ့ပစ်ခတ်တာ၊ ပြင်ဆင်ထိန်းသိမ်းတာ ဆက်သွယ်ရေးနည်းပညာ၊ အချက်ပြနည်းပညာ၊ အရေးပေါ် ရှေးဦးသူနာပြု၊ အရေးပေါ်ဆေးဝါး အသုံးပြုပုံ၊ နိုင်ငံရေးသဘောတရား၊ စစ်သည်တော်တို့ရဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့၊ စည်းမျဉ်းစည်းကမ်း၊ စစ်ပွဲဆိုင်ရာ စည်းမျဉ်းတွေ၊ လူအခွင့်အရေးသင်ခန်းစာနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်း လုပ်ငန်းလမ်းညွှန်တွေကိုပါ သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
"ကောင်မလေးက အရပ်လက်သည်နဲ့ မွေးတာမနိုင်မှ ဆေးရုံရောက်လာတဲ့သဘော။ သွေးတွေလည်း မတရားထွက်နေတာ။ ဆေးရုံရောက်ချိန်မှာ စကားတောင်မပြောနိုင်တော့ဘူး။ ဆေးရုံလည်းရောက်ပြီး မကြာဘူး ဆုံးသွားတယ်"
" မနေ့က တိုက်ပွဲလည်းမရှိဘဲ လေကြောင်းလာတိုက်သွားတာ။ ရွာကတော့ တော်တော်ထိတယ်။ ဖုန်း၊ အင်တာနက်လိုင်းတွေလည်း အကုန်ပိတ်ထားတုန်းပဲ။ အခုလည်း ထပ်လုပ်ဦးမယ်ဆိုလို့ အကုန်ပြေးနေကြတာ "