သတင်းတို

ပတ်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ် ထိတွေ့တိုက်ပွဲဖြစ်၊ စစ်သား ၅ ဦးသေပြီး သေနတ် ၃ လက်ရ

“ကျနော်တို့ဘေးနားတင် ၃ ယောက်ကျသွားတာ။ ကျန်တဲ့ ၂ ယောက်ကတော့ ၁၀ မီတာအတွင်းမှာ ကျတယ်၊ ၁ ကောင်က ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်။ လက်နက်ကောက်လို့ရခဲ့တာက ၃ လက်ပေါ့။ ကျန်တဲ့ ၂ လက်က ကောက်လို့အဆင်မပြေလိုက်ဘူး။ ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့ သူတို့တပ်စွဲထားတဲ့နေရာက မီတာ ၁၀၀ လောက်ပဲကွာတာဆိုတော့ သူတို့စစ်ကူက တန်းရောက်လာတာ။”

ပဲခူးတိုင်းအနောက်ခြမ်းမှာ ၂ပတ်အတွင်း အုပ်ချုပ်ရေးမှူး ၆ ဦး အသတ်ခံရ

အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ပေါက်ခေါင်း၊ သဲကုန်း၊ မင်းလှနဲ့ အုတ်ဖိုနဲ့ ပေါင်းတည်မြို့နယ်တို့က အုပ်ချုပ်ရေးမှူးတွေဖြစ်ပြီး ဇူလိုင် ၄ ရက်ကနေ ၁၈ ရက်အတွင်းမှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။

မြိုင်နဲ့ပေါက်နယ်က Local PDF ၄ ဖွဲ့ပေါင်းကာ အညာမြေတပ်ပေါင်းစုဖွဲ့စည်း၊ NUG မူဝါဒတွေအတိုင်း ရှေ့ဆက်သွားမယ်လို့ဆို (ရုပ်/သံ)

ဒေသတွင်း Local PDF တွေဖြစ်တဲ့ Myaing Underground Defence Force-MUGDF၊ James Bond၊ သစ္စာဒေါင်းနီ - TSDNGF နဲ့ ဇာမဏီတပ်ဖွဲ့တို့ ပူးပေါင်းကာ အညာမြေတပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်တာဖြစ်ပြီး တပ်ဖွဲ့ရဲ့ ရည်ရွယ်ချက်၊ မူဝါဒတွေက NUG ရဲ့ မူဝါဒသဘောထားအတိုင်း ရှေ့ဆက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြေပဲအောင်ကာနီး ရက်ပိုင်းအလိုမှရေကြီးလို့ ရွာ ၅ ရွာက ပဲဧက ၂၅၀ ကျော် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ဧပြီလမှာ မိုးမြေပဲကို စတင်စိုက်ပျိုးခဲ့ကြပြီး ၃ လအကြာမှ အသီးအောင်တဲ့အတွက် ပုံမှန်ဆို ဇူလိုင်မှာ နှုတ်ယူလို့ရပြီဖြစ်ပေမယ့် ရေက ရုတ်တရက်ဝင်လာလို့ မြေပဲအောင်ကာနီး ရက်ပိုင်းအလိုမှာ အကုန်ပျက်စီးခဲ့ရတယ်လို့ နတ်လာပို့တောင်ရွာ လယ်သမားတဦးက ဆိုပါတယ်။

ပဲခူးမှာ ကျေးရွာတာဝန်ခံနဲ့တပည့်ဖြစ်သူတို့ နေအိမ်ကနေဖမ်းဆီးပြီး အသတ်ခံရ

"နေအိမ်ကနေဖမ်းခေါ်သွားပြီး ရွာနဲ့ ၂ ဖာလုံလောက်အကွာက ဆည်နားမှာပစ်သတ်ခံလိုက်ရတယ်။ အလောင်းကတော့ မနက်ကျမှရွာခံတွေက ပြန်တွေ့တာ"

မြိုင်နဲ့ပေါက်နယ်က Local PDF ၄ ဖွဲ့ပေါင်းကာ အညာမြေတပ်ပေါင်းစုဖွဲ့စည်း၊ NUG မူဝါဒတွေအတိုင်း ရှေ့ဆက်သွားမယ်လို့ဆို

"ရှေ့ဆက်ပြီးလည်း ဒီထက်ကောင်းမွန်၊ ခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်အောင် တည်ထောင်သွားမှာပါ။ ကျနော်တို့ Local PDF တွေ အချင်းချင်းကြားမှာလည်း ဒီထက်ပိုပြီးညီညွတ်အောင် ကြိုးစားသွားမှာပါ။ ရည်ရွယ်ချက်တွေ၊ မူဝါဒတွေကလည်း NUG လက်အောက်ခံမဟုတ်ပေမဲ့ NUG မူဝါဒသဘောထားအတိုင်း ရှေ့ဆက်သွားနေမှာ”

ဆားလင်းကြီးမှာ ဆိုင်ကယ်စီးဆယ်ကျော်သက်လူငယ်တွေ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ စစ်တပ်က သေဆုံးအလောင်းကို ချောင်းထဲမျှောခဲ့

" စကစ စစ်ကြောင်းက မုံရွာကနေ မော်တော်တွေနဲ့ ပေါင်းဝဆိပ်ကမ်းကိုကပ်လာတာ။ ကလေးတွေကလည်း သူတို့ကိုတွေ့လို့ ကြောက်ပြီးဆိုင်ကယ်နဲ့ သုံးယောက်စီးပြီးထွက်ပြေးချိန် လှမ်းပစ်ခံရတာ။ အလယ်ကစီးတဲ့ ကလေးကသေသွားပြီး ဆိုင်ကယ်ပေါ်ကနေ ကျကျန်ခဲ့တယ်"

ရေစကြိုမြို့နယ်က လူဦးရေ ၁ သိန်းကျော် မြစ်ရေကြီးမှုနဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားနေရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့စီးဆင်းနေတာဖြစ်ပြီး ဇူလိုင် ၆ ရက်မှာ ရုတ်တရက်မြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ခဲ့ရတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

PDF ကို စိန်ခေါ်ကာ ဆုကြေးထုတ်ထားတဲ့ ဖြူးနယ်က ရဲဒုတပ်ကြပ် ဘီယာသောက်နေချိန် သေနတ်နဲ့ပစ်သတ်ခံရ

“လင်းလင်းက အရပ်ဝတ် ဝတ်ပြီး နှစ်လုံး၊သုံးလုံးသမားတွေနဲ့ ဘီယာ‌သောက်နေချိန်မှာ သူ့ကို ရွေးပြီး သေနတ်နဲ့ ၆ ချက် ပစ်ခဲ့တာပါ။ ပွဲချင်းပြီးသေပါတယ်။ သူ့ကို ရှင်းလင်းဖို့ စီစဉ်နေတာကြာပါပြီ။ ခုမှ အဆင်ပြေသွားတယ်။”

ပျူစောထီးဖွဲ့ဖို့ စည်းရုံးရေးဆင်းတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

"ကျနော်တို့ ပူးပေါင်းအဖွဲ့တွေက သူတို့ရှိတဲ့ ဘုန်းကြီးကျောင်းအုပ်စည်းရိုးနားထိ ကပ်ပစ်တာ။ လက်ပစ်ဗုံးအရင်ပစ်ပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တာ။ စကစဘက်က ထိထိရောက်ရောက်တောင် ပြန်မပစ်နိုင်ဘူး"

ချောင်းဦးကစစ်တပ်ဂိတ် ဗုံးချတိုက်ခိုက်ခံရပြီး စစ်သား၂ ဦးသေဆုံး

"ကျော်ဇင်မင်းနဲ့တခြားတယောက်က ဗုံးစတွေမှန်ပြီး နေရာမှာတင် ပွဲချင်းပြီးသေတာဗျ "

ဂန့်ဂေါနဲ့ချင်းပြည်နယ်ဆက်သွယ်ထားတဲ့ တံတား ၂ စင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီး

"စကစ တွေက ညည့်နက် ၂ နာရီမှာ တပ်ရင်းက စထွက်လာတယ်။ မနက်မိုးလင်းတာနဲ့ တံတားတွေကို ဖျက်ဆီးတော့တာပဲ။ ဖျက်ဆီးပြီးတော့ တပ်ရင်းကိုတန်းပြန်သွားတယ်ဗျ။ ရွာသားတွေရဲ့ အိမ်တွေကိုတော့ ဘာမှမလုပ်ခဲ့ဘူး"

စဉ့်ကူးမြို့ကို ပူးပေါင်းတပ်ဖွဲ့တွေ ဆက်လက်ထိန်းချုပ်ထားပြီး စစ်ကောင်စီဖော်ပြမှု ဝါဒဖြန့်ခြင်းသာ ဖြစ်ဟုဆို

စစ်ကောင်စီရဲ့ထုတ်ပြန်ဖော်ပြမှု ဓာတ်ပုံမှတ်တမ်းများပါ စဉ့်ကူးမြို့မရဲစခန်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲထားနိုင်မှုမရှိကြောင်း စဉ့်ကူးမြေပြင်တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးကလည်း ထပ်လောင်းပြောပါတယ်။

ကြေးနီသယ်ကားတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီဂိတ် Drone နဲ့တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိ (ရုပ်/သံ)

မြင်းမူမြို့နဲ့ ချောင်းဦးမြို့ကြား မန္တလေး-မုံရွာ လမ်းပေါ်မှာရှိတဲ့ ကျော် ဆီဆိုင်နဲ့ Max ဆီဆိုင်တို့မှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၁၉ ရက် ညနေ ၅ နာရီခန့်မှာ PDF ပူပေါင်းတပ်ဖွဲ့တွေက Shar Htoo Waw နည်းပညာ Fixed Wings Drone ၃ စီးနဲ့ drop bomb ၁၂ လုံး ကြဲချခဲ့တာလို့ဆိုပါတယ်။

မုံရွာတပ်ရင်း ၇ မှ ကျဆုံးရဲဘော်အလောင်းကို မီးသင်္ဂြိုဟ်

" ရဲဘော်ရဲ့ဦးခေါင်းကို ကျည်ဖောက်ဝင်ဒဏ်ရာရပြီးတော့ ကျဆုံးခဲ့တာပါ။ သူ့အတွက် ကုသိုလ်ကောင်းမှုလည်း လုပ်ပေးမှာပါ။ အခုမီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10