သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြန်မာတနိုင်ငံလုံးက ပြည်သူလူထုတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒါဏ်တွေကို အလူးအလဲခံနေကြရပြီး စားဝတ်နေရေးအခက်အခဲ အကြပ်အတည်းများစွာဖြစ်ပေါ်နေကြလို့ ကြုံရာ ကျပန်း အလုပ်တွေကို လုပ်ကိုင်အသက်မွေးနေကြတာ တွေ့ရပါတယ်။
ဒီအထဲမှာ မြေလတ်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်က ကျေးလက်ဒေသတွေမှာဆိုရင် စစ်ဘေးဒါဏ်တွေကြောင့် ကြုံရာ ကျပန်းအလုပ် လုပ်ကိုင်ဖို့ရာပင် ရှာရဖွေရ အလွန်ခက်တဲ့ အခြေအနေရင်ဆိုင်နေကြရပါတယ်။