ရုပ်သံ

တရက်တသောင်းနဲ့ စားမလောက်တော့တဲ့ ကုန်ဈေးနှုန်း (ရုပ်သံဆောင်းပါး)

၂၀၂၄ စက်တင်ဘာမှာ မြေလတ်အသံရဲ့ စာရင်းကောက်ယူမှုအရ ပဲခူးတိုင်းထဲက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ နဲ့ ယှဉ်ရင် သုံးဆအထိ မြင့်တက်လာတာကို တွေ့ရပါတယ်

အထူးတိုက်ခိုက်ရေးသင်တန်းမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင် ၂၂ ဦးကို ကိုယ်စီလက်နက်တပ်ဆင်ပေး (ရုပ်/သံ)

“ ၂ လခွဲအတွင်းမှာ အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုအဆင့်ထိ ပြုလုပ်ပေးတယ်။ သင်တန်းသားက အသစ်တွေပါ၊ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲပြီးလာတက်တဲ့ ရဲဘော်တွေလည်းရှိတယ်။”

အမျိုးသမီးရဲဘော်တွေပါဝင်တဲ့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းရဲ့ အပတ်စဥ် ၃ အခြေခံစစ်သင်တန်း (ရုပ်/သံ)

အပတ်စဥ် ၃ အခြေခံစစ်သင်တန်းမှာ အမျိုးသားရဲဘော် ၆ ဦး အမျိုးသမီးရဲဘော် ၄ ဦးတို့ပါဝင်ပြီး အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးကနေ NCO အကြပ်သင်တန်းဆင်းခဲ့တဲ့ သင်တန်းဆရာတွေက သင်တန်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဆောင်းတွင်းကာလမှာ ကြုံရာကျပန်းလုပ်နေရတဲ့ စစ်ရှောင်တွေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးရွာကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မိသားစုဝင်တွေဟာ စားဝတ်နေရေး အဆင်မပြေတဲ့အတွက် ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်နေကြရတယ်လို့ အင်မထီး ပအဖ အဖွဲ့ဆီက သိရပါတယ်။

မြေကွက်ငှားပြီးနေရတဲ့ စစ်ရှောင်တွေ ဆေးဝါးကုသရေးနဲ့ စားဝတ်နေရေးခက်ခဲနေ (ရုပ်/သံ)

အလုပ်မလုပ်ကိုင်နိုင်တဲ့ စစ်ရှောင်သက်ကြီးရွယ်အိုတွေ၊ ဒုက္ခိတတွေနဲ့ ချို့တဲ့တဲ့မိသားစုဝင် ကလေးငယ်တွေဟာ အစာအာဟာရ မျှတစွာမစားရတဲ့အပြင် ဆေးဝါးကုသရေးပါ ခက်ခဲနေတဲ့အတွက် ဖော်ဖော်ဝါရီလကနေ ယခုနိုဝင်ဘာလအတွင်း သက်ကြီးရွယ်အိုတွေနဲ့ကလေးငယ် သေဆုံးသူဦးရေ ၈ ဦးခန့်ရှိတယ်လို့ ဆိုပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမြို့နယ်က လမ်းပိုင်း ၃ ခုကို မဖြတ်သန်းဖို့ ပကဖအသိပေး - စစ်သား ၃၀ ဝန်းကျင်သေဆုံးပြီး တပ်ကြပ် ၁ ဦးနဲ့ လက်နက် ၁၀ လက် ဖမ်းဆီးရမိခဲ့တဲ့ မင်းတုန်းတိုက်ပွဲ - မုံရွာမှာ စစ်အုပ်စုဖမ်းဆီးထားတဲ့ ဒေသခံ ၆၀ ဝန်းကျင်ပြန်လွတ်ပြီး ၄ ဦးကို ဆက်ဖမ်းထား - ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး PDF တပ်ဖွဲ့ဝင် ၁ ဦးအပါ ၅ ဦး အချုပ်ဖောက် ထွက်ပြေးလွတ်မြောက်လာ - ကနီက မြစ်ကမ်းနားလမ်း အလျားပေ ၃,၀၀၀ ကျော်ပြိုကျလို့ ဒေသခံတွေ သွားလာရခက်ခဲနေ - မြစ်သားမှာ လမ်းနယ်နိမိတ်နဲ့မလွတ်လို့ဆိုကာ စျေးဆိုင် ၁၀၀ နီးပါးကို စစ်ကောင်စီဖျက်သိမ်းခိုင်း - ပျူစောထီးရွာက နှမ်းတွေကို ဝယ်ယူရောင်းချတဲ့ CDF-KKG ထောက်လှမ်းရေးအရာရှိကို ပစ္စည်းနဲ့အတူ ဖမ်းမိ - စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ မကွေးတိုင်း၊ ရေစကြိုမြို့တို့မှာ စစ်ကောင်စီပစ်ခတ်မှုကြောင့် ပြည်သူတွေထိခိုက်သေဆုံး - အကြမ်းဖက်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ Transgender တွေအတွက် ဆုတောင်းပွဲနဲ့ ပြဇာတ်ကပွဲပြုလုပ်

တပ်မ ၃၃ ကထွက်လာတဲ့ စစ်ကောင်စီကြေးနီသယ်ကား မိုင်းဆွဲခံရ (ရုပ်/သံ)

စစ်ကောင်စီ ကြေးနီသယ်ဆောင်လာတဲ့ကားနဲ့ သံပြားကာကားတွေကို နိုဝင်ဘာ ၂၆ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ပဒေသာမိုင်း ၅ လုံးဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Chindwin Fighter Group - CFG တာဝန်ခံ ကိုငှက်ခါးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း မြေစာပုံပိခဲ့တဲ့ PDF ၁ ဦး ၁ လကျော်အကြာမှာကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက်တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀၊ တပ်ခွဲ၂ Black Show PDF တပ်ဖွဲ့ရဲ့ တပ်စုမှူး ၁ ဦးဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း မြေစာပုံပိ ဒဏ်ရာရရှိပြီး ကျဆုံးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီသိရပါတယ်။

စစ်သား ၃၀ ဝန်းကျင်သေဆုံးပြီး တပ်ကြပ် ၁ ဦးနဲ့ လက်နက် ၁၀ လက် ဖမ်းဆီးရမိခဲ့တဲ့ မင်းတုန်းတိုက်ပွဲ (ရုပ်/သံ)

နိုဝင်ဘာ ၂၆ ရက် မနေ့မနက် ၆ နာရီမှာ ကပစ ၁၂ ၊ ကပစ ၁၈၊ ခလရ ၄၄၊ တပ်မ ၈၈၊ မင်းတုန်းမြို့နယ် ပျူစောထီးခေါင်းဆောင် ဖိုးပြားနဲ့ ပျူစောထီး ၅ ဦး ပါဝင်တဲ့ အင်အား ၁၀၀ ပါစစ်ကြောင်း စခန်းချရာနေရာ အနားထိကပ်ကာ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က ပြောပါတယ်။

“ဆံသားကျန်းမာရေးအတွက် ပဲတောင့်ရှည်ပင်” (Podcast)

ပဲတောင့်ရှည်အစိမ်းစားသုံးခြင်းဟာ အူမကြီးကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုသလဲ။ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ပဲတောင့်ရှည်က ဘယ်လိုအထောက်အပံ့ပေးသလဲ။ မျက်လုံးကျန်းမာရေးအတွက် ပဲတောင့်ရှည်ပင်ရဲ့ ဘယ်အစိတ်အပိုင်းကို အသုံးပြုရမလဲ။ ပဲတောင့်ရှည်သီး စားသုံးခြင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

ကျည်ဝယ်ဖို့အတွက် ရဲဘော်တွေ ပဲခွဲစက်ငှားပြီး ပဲခွဲကာ ကျည်ဖိုးရှာနေ (ရုပ်/သံ)

ပခုက္ကူမြို့နယ်တဝိုက်မှာ စစ်ကောင်စီကို တော်လှန်နေတဲ့ THU RAIN - TR တပ်ဖွဲ့အနေနဲ့ အောက်တိုဘာလ ကတည်းကစကာ ပဲလုပ်ငန်းရှင်တဦးဆီက ပဲခွဲစက်ကိုငှားပြီး မြေပဲအပါအဝင် ပဲမျိုးစုံခွဲပြီး ငွေရှာနေရတယ်လို့ THU RAIN - TR တာဝန်ခံ ကိုသူရိန်က ပြောပါတယ်။

စစ်တပ်ယန္တရား ရပ်တန့်ဖို့ဆိုကာ ငါ့သရောက်မြို့က အစိုးရဌာန ၄ ခုကိုတိုက်ခိုက် (ရုပ်/သံ)

စစ်တပ်ယန္တရား ရပ်တန့်စေဖို့ဆိုကာ မန္တလေးတိုင်း၊ ငါ့သရောက်မြို့က စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်ဌာန တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပုပ္ပါးပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စစ်အုပ်စုတပ်စွဲတဲ့ နေရာ ၂ ခုကို  PDF တွေတိုက်ခိုက် (ရုပ်/သံ)

နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီအချိန်ခန့်မှာ ဆေးရုံအနီးမှာ ဘန်ကာတွေနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီ အင်အား ၁၀ ဦးခန့်ရှိနေရာနဲ့ မြို့မစျေးအနီး အင်အား ၅ ဦးခန့်နဲ့ တပ်စွဲထားတဲ့နေရာတွေကို ၄၀ မမ အပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေါင်းတမန် GZ ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ရဲဘော်ရွှေမန်းက ပြောပါတယ်။

မြေလတ်ပေးစာ (Podcast)

- မင်းဘူး ရေနံနဲ့သဘာဝဓာတ်ငွေ့ MOGEမှာ အကျင့်ပျက် ခြစားနေတဲ့သူတွေအကြောင်း - နိုင်ငံရပ်ခြားမှာအလုပ်သွားလုပ်ဖို့ လူလိမ်ပွဲစားတွေကို သတိပြုစေချင်ကြောင်းရေး ထားတဲ့စာ။ - သာယာဝတီခရိုင်၊ နတ္တလင်းမြို့၊ စံကြီးလောင့်ရာအိမ်မှူး ပြည်သူတွေအပေါ်ငွေညှစ်နေ။

တိုက်ပွဲနားချိန် ပြည်သူတွေရဲ့ နှမ်းစိုက်ခင်းတွေကို ချင်းတွင်းတိုက်ဂါးရဲဘော်တွေ ကူညီရိတ်သိမ်းပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက တောင်သူတွေစိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်းတွေကို ချင်းတွင်းတိုက်ဂါးတပ်ဖွဲ့ ရဲဘော်တွေက ကူညီရိတ်သိမ်းပေးနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10