ရုပ်သံ

တပတ်အတွင်း မြေလတ်သတင်း

- စစ်ရေးအရှိန်မြှင့်တဲ့အနေနဲ့ ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ဗုံးသီး ရာနဲ့ချီပစ်ခတ် - ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ချေမှုန်းတိုက်ခိုက် - စစ်ကောင်စီရဲ့ အဓိကစစ်စခန်းတွေရှိတဲ့ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်မယ်လို့ SAF ထုတ်ပြန် - ရေဦးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အမျိုးသမီးတွေကိုပါပေါ်တာဆွဲလို့ မြို့တဝက်ကျော် တိမ်းရှောင်နေ - ဖြူးက ဟိန္ဒူဘုရားကျောင်းပေါ် စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသား ၇ ဦးသေဆုံး - ငဖဲမြို့နယ်မှာ စစ်ကောင်စီဒုအရာခံဗိုလ်အပါ ၁၁ ဦးဖမ်းမိ သေနတ် ၉ လက်ကို သိမ်းဆည်း - စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ - အရပ်ဝတ်နဲ့စစ်ဆေးနေတဲ့PDFတွေကို စစ်ကောင်စီတပ်ဖွဲ့ထင်ပြီး တပ်အသိုင်းအဝိုင်းကဖြစ်ကြောင်းပြောလာတဲ့ စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင် ၆ ဦးကို ဖမ်းမိ - ကလေးမြို့အတွက် အဓိက လမ်းပိုင်းကို စစ်ကောင်စီက မြေတူးစက်နဲ့ဖျက်ဆီး

စစ်တပ်စစ်ကြောင်း ၂ ခု ဝက်လက်နယ်မှာ ချေမှုန်းမခံရခင် လူနေအိမ် ၃၂ လုံးကို ဖျက်ဆီးခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းက စစ်ကြောင်းနဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကြောင်း ဝက်လက်မြို့နယ်မှာ ပိတ်ဆို့တိုက်ခိုက်ခြင်းမခံရခင်က ဝက်လက်မြို့နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းကကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေဘို ပလိုင်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံး (ရုပ်/သံ)

အပြန်အလှန်ပစ်ခတ်မှု မိနစ်၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးခဲ့ကာ ပလိုင်းရွာစာသင်ကျောင်းထဲကို ပြန်ဝင်သွားတယ်လို့ ပလိုင်းပကဖ - လျှပ်စီးမုန်တိုင်းပြောက်ကျား တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"လိပ်ခေါင်းရောဂါအတွက် ခရူပင်” (Podcast)

ခရူပင်မှာပါဝင်တဲ့ ကျန်းမာရေးအကျိုးပြုဓာတ်ပေါင်းတွေက ဘာတွေလဲ။ အမျိုးသားဆီးကြိတ်ရောဂါအတွက် ခရူပင်က ဘယ်အစိတ်အပိုင်းကိုအသုံးပြုကုသနိုင်သလဲ။ အရေပြားယားယံနာအတွက် ခရူရွက်ကိုဘယ်လိုအသုံးပြုနိုင်သလဲ။ ခရူရွက်ဟာ ဆီးနဲ့ကျောက်ကပ်ကို ဘယ်လိုအကျိုးသက်ရောက်စေသလဲစတာတွေကိုနားဆင်ရမှာပါ။

လူငယ်တွေ အလုပ်အကိုင်ရရှိဖို့ ကွန်ပြူတာအခြေခံ စတင်သင်ကြား (ရုပ်/သံ)

လူငယ်တွေအတွက်ရည်ရွယ်ပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ Computer Learning Center အခြေခံသင်တန်းကို ပထမဆုံး အနေနဲ့ ဇန်နဝါရီ ၆ ရက်က စတင်ဖွင့်ပြီး သင်ကြားပေးနေတယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

မြေလတ်ပေးစာ (Podcast)

- တက္ကစီသမားက ခရီးသည်ကို စစ်တပ်ထဲပို့ခဲ့တယ်ဆိုတဲ့အကြောင်း။ - မြောင်မြို့နယ်က လောင်းကစားဝိုင်းတွေ ဘယ်သူထိန်းပေးမလဲ။ - ညောင်လေးပင်မြို့၊ စီပင်ရွာမှာ ကျေးရွာဥက္ကဌက ဘယ်လိုဖိနှိပ်မှုတွေလုပ်နေလဲ။

အရာတော်မှာ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

ငွေတွင်းရွာကိုသွားတဲ့ အင်အား ၅၀ ခန့်ကို ဇန်နဝါရီ ၃ ရက် မနက် ၁၁ လောက်မှာ အရာတော် အမှတ်(၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းနဲ့ မီတာ ၅၀၀ အကွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ ပျူစောထီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ Ngwe Dwin Revolution Force တပ်စုမှူး ဗိုလ်စိုးကြီးက ပြောပါတယ်။

စစ်တပ်ရဲ့ ဒရုန်းဗျူဟာနဲ့ အညာဒေသအတွက်လိုအပ်လာတဲ့ ဒရုန်းကာကွယ်ရေး (ရုပ်သံဆောင်းပါး)

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ အထိနာလာတဲ့ စစ်ကောင်စီတပ်တွေဟာ အခုအခါမှာတော့ စစ်ရေးနည်းဗျူဟာပြောင်းပြီး ဒရုန်းတွေအသုံးပြုကာ တန်ပြန်တိုက်ခိုက်လာတာကြောင့် ဒေသခံပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မကြာခဏသေဆုံးမှုတွေရှိလာနေပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ချေမှုန်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ရွှေဘိုမြို့ကထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ၂ ခုဟာ ဝက်လက်မြို့နယ်ထဲအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ချေမှုန်းတိုက်ခိုက်ခြင်းကို ခံလိုက်ရတယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့အနီးက မြို့သစ်ရွာကို စစ်ကောင်စီတပ်မီးရှို့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နဲ့ ၁ မိုင်ခန့်သာဝေးတဲ့ မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် လူနေအိမ်နဲ့ နွားစာသိုလှောင်တဲ့တဲတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ကျေးရွာ ဒေသခံတွေဆီက သိရပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေကို မြို့နယ်ပအဖ ဂုဏ်ပြုကြိုဆို (ရုပ်/သံ)

"ခုလိုအောင်ပွဲရလို့ ဂုဏ်ပြုတဲ့အတွက် ပီတိဖြစ်ရတယ်။ တိုက်ခိုက်ရေး ရဲဘော်တွေကို ပြည်သူက ထောက်ခံနေတယ်။ ပြည်သူတင်မြှောက်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း ကြိုဆိုဂုဏ်ပြုတဲ့အတွက် အားဖြစ်ရတယ်။ အဲဒီအားတွေနဲ့ တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမယ်။ စစ်အာဏာရှင်ကို အပြီးတိုက်ထုတ်မယ်။”

၃၈၀၃ တပ်ရင်းရဲ့အပတ်စဥ် ၂ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းမှာ သာယာဝတီခရိုင်တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း၊ Myanmar Defense Force တပ်ဖွဲ့ရဲ့အပတ်စဥ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၃ ရက်မှာပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီကသိရပါတယ်။

ပုလဲမြို့နယ်ရှိ စစ်ရှောင် ၂၅၀ အတွက် ထောက်ပံ့ပစ္စည်းတွေ ကူညီပေးခဲ့

အလှူရှင်တွေက လှူဒါန်းထားတဲ့ငွေနဲ့ မြို့နယ်လူသားစာနာအဖွဲ့ရဲ့ ရံပုံငွေ စုစုပေါင်းကျပ် ၇၃ သိန်း၊ အဝတ်အထည်၊ အနွေးထည်၊ ခြုံစောင်၊ ဆန် ၊ ဆီ နဲ့ ကလေးငယ်တွေအတွက် ပညာရေးသင်ထောက်ကူပစ္စည်း စတဲ့စုစုပေါင်း ငွေကျပ် ၁၃၅ သိန်းခန့်တန်ဖိုးရှိ ကူညီထောက်ပံ့မှုတွေ ပေးအပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- စစ်ရေးအရှိန်မြှင့်ဖို့ မန္တလေး PDF က စစ်ကိုင်းတပ်မဟာ ဖွဲ့စည်းမယ်လို့ဆို - ပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့ ကူတော်ရွာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းစွန့်သွား - မြိုင်က ရဲနဲ့ ပျူစောထီး ကင်းစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ရဲ ၂ ဦးသေဆုံး - မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီက ကာမီကာဇေဒရုန်းတွေ စတင်အသုံးပြုတိုက်ခိုက်လာ - စစ်ကောင်စီတပ်ဖွဲ့ဖမ်းဆီးထားတဲ့ ကန့်ဘလူဒေသခံ ၃၀ ကျော်မှာ အမျိုးသား ၃ ဦး ၂ ပတ်ကျော်အထိ မလွတ်သေး - ကမ္မမြို့ဈေးထဲက ဆိုင်ခန်းတွေကိုဖောက်ပြီးပြန်လာတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ - အမ်း နပခတိုက်ပွဲ၊ မင်းတပ်မြို့သိမ်းတိုက်ပွဲနဲ့ မုံရွာနမခတို့ကနေ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရမိ - လူမနေတဲ့ရွာထဲမှာ တောဝက်တွေအသိုက်ဆောက်ပြီး စစ်ရှောင်တွေရဲ့ ယာခင်းတွေကို ဖျက်ဆီး - ရွာ ၈ ရွာ အတွက် ကျေးရွာချင်းဆက်လမ်းကို သပိတ်ကျင်း ပကဖဖောက်လုပ်ပေး

မင်းတပ်မြို့သိမ်းတိုက်ပွဲပြန် မုံရွာခရိုင် တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေကို ဒေသခံတွေကြိုဆို(ရုပ်/သံ)

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကပြန်လာတဲ့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ Chindwin Attack Force က တပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက ဇန်နဝါရီ ၃ ရက်မှာ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ အဲ့ဒီအဖွဲ့ရဲ့ဘဏ္ဍာရှာဖွေရေးတာဝန်ခံ သစ်တော ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10