၂ မိုင်လောက်အထိ ပစ်နိုင်တဲ့ ရော့ကက်တွေ Rocket Fighter People Defence Force ထုတ်လုပ် (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာအခြေစိုက်တဲ့ Rocket Fighter People Defence Force (RFPDF) တပ်ဖွဲ့က ၂ မိုင်လောက်ပစ်ခတ်နိုင်တဲ့ ရော့ကက်တွေ ထုတ်လုပ်နိုင်ခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

ယခင်က စစ်ကောင်စီနဲ့ တိုက်ပွဲတွေမှာ လက်လုပ်သေနတ်တွေ၊ ၆၀ မမတွေကို တိုက်ပွဲမှာအသုံးပြုရာ ထိရောက်မှုအားနည်းတာကြောင့် ယခုအခါ ၂ မိုင်လောက်အထိပစ်နိုင်ပြီး ပေါက်ကွဲအားပိုကောင်းတဲ့ ရော့ကက်တွေကို ထပ်ထုတ်တာလို့ Rocket Fighter တပ်ဖွဲ့တာဝန်ခံ ကိုလပြည့် က ပြောပါတယ်။ 

Rocket Fighter တပ်ဖွဲ့က၂၀၂၂ ဒီဇင်ဘာလထဲမှာ ၁ မိုင်လောက်ပစ်နိုင်တဲ့ ရော့ကက်တွေကို ထုတ်လုပ်စမ်းသပ်အောင်မြင်ခဲ့ပြီး အဲဒီတုန်းက ရော့ကတ်တွေထုတ်နေရင်း ယမ်းလောင်လို့ ရဲဘော်တွေ ထိခိုက်မှုတွေဖြစ်ခဲ့သလို တပ်ဖွဲ့မှာ ရံပုံငွေရရှိမှု နည်းပါးနေတဲ့အတွက် ဆက်မထုတ်နိုင်တော့ဘဲ ရပ်ထားခဲ့ရသေးတယ်လို့ သိရပါတယ်။ အခုထုတ်တဲ့ အသစ်တွေကိုတော့ ယခင်ရော့ကတ်တွေထက် ကိုယ်ထည်ပိုင်းနဲ့ ယမ်းအသုံးပြုတဲ့အပိုင်းတွေမှာ အဆင့်မြှင့်ထားတာလို့ သူက ဆိုပါတယ်။ 

ရော့ကက်အသစ်တွေကို ၁ ရက်ကို ရော့ကက် ၅ လုံးအထိ ထုတ်လုပ်နေပြီး ၁ လမှာ ပျမ်းမျှ အလုံးရေ ၁၀၀ ကျော်ထုတ်နိုင်ကာ တိုက်ပွဲတွေမှာလည်း အသုံးပြုနေပြီလို့ သူက ဆိုပါတယ်။

ရော့ကက်လုပ်တဲ့နည်းပညာကိုလည်း လက်နက်ပိုင်းမှာအခက်အခဲရှိနေတဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကို လိုအပ်ရင် ကူညီမျှဝေပေးသွားမယ်လို့ သူကဆိုပါတယ်။

Rocket Fighter People Defence Force တပ်ဖွဲ့ ဟာ ရော့ကက်တွေလုပ်ရင်း ၂၀၂၂ ဒီဇင်ဘာမှာ ယမ်းပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပေါက် #တာဝေးပစ် #ရော့ကက် #ထုတ်လုပ် #RFPDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10