စောကျော်ငြိမ်း

အညာက စစ်ရှောင်ယက်ကန်းသည် နွေဦးမောင် (ရုပ်/သံ)

"ညီမတို့က ၂၀၂၃ ကတည်းက စစ်ရှောင်ထဲကို ရောက်လာတာပါ။ သူတို့ အပြန်အလှန် တဖက်နဲ့တဖက်ပစ်ရင် ညီမလေးတို့က ကြားညပ်မှာကြောက်လို့ တောဘက်ကို စစ်ရှောင်လာကြတာ။ တဲလေးတွေ ထိုးပြီးနေကြတာပေါ့။ ယက်ကန်းစင်လေးတွေပဲ သယ်ခဲ့တယ်၊ ကျန်တာတွေတော့ ထားခဲ့တာပေါ့။ ယက်ကန်းစင်တွေ သယ်မှသာ ညီမလေးတို့က စားဝတ်နေရေးအတွက် လုပ်ရတာပေါ့။"

လက်ပံတန်းမှာ အုပ်ချုပ်ရေးမှူးနဲ့ဇနီး ပစ်သတ်ခံရ

"လက်ပစ်ဗုံးက စနက်တံမပြုတ်သေးတာပါ။ ခုခံဖို့လုပ်တော့ သူနဲ့အတူရှိတဲ့ အမျိုးသမီးပါ ရှင်းခဲ့ရတယ်"

ပဒါန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ထွက်ပြေး

"စခန်းနားအရောက်ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်။ တိုက်ပွဲလို့တော့ ပြောလို့မရပါဘူး။ နှစ်ဘက်ထိခိုက်ကျဆုံးတာမရှိပါဘူး"

ပေါ်တာဆွဲခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူတဦး ဘက်ပြောင်းခိုလှုံ

"ပေါ်တာဆွဲခံရပြီးတော့ တပ်ထဲရောက်လာတဲ့သူပါ။ ရခိုင်ဘက်ကို ပို့မှာသိလို့ ထွက်ပြေးလာတယ်။ လက်နက်ခဲယမ်းတော့ မပါပါဘူး။"

ငဖဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးဖမ်းမိခဲ့ပြီး သေနတ် ၈ လက်အပါ ခဲယမ်းများ CDF-Asho ရရှိ

"တနေ့တည်းမှာ ဖမ်းဆီးရတာ မဟုတ်ပါဘူး။ အဖွဲ့လိုက်မဟုတ်ဘဲ ၁ ဦး၊ ၂ ဦး ပြေးလာတာတွေကို စောင့်ဖမ်းခဲ့တာပါ။ တိုက်ပွဲဖြစ်တာမျိုး မရှိခဲ့ပါဘူး။"

ကပစ ၂၂ တပ်က ဘေးပတ်လည်ရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး နေအိမ်ပေါ်ကျလို့ အမွှာညီအကိုအပါ မိသားစု ၅ ဦးသေဆုံး

“ ၁၂၀ မမ လက်နက်ကြီးလို့ ယူဆရတယ်။ အပြစ်မဲ့ပြည်သူ ၅ ဦးသေဆုံးပြီးတော့ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ သေဆုံးထိခိုက်ဒဏ်ရာရသူတွေကတော့ မိသားစုဝင်ဆွေမျိုးသားချင်း‌တွေပါ။“

စစ်ချီတက်ရာမှာအဆင်ပြေစေဖို့ ဒေသခံတွေက ဆင်တွေအခမဲ့ငှားရမ်းပေးထား (ရုပ်/သံ)

စစ်ချီတက်ရာမှာ အသုံးပြုတဲ့ဆင်တွေဟာ ဒေသခံပြည်သူတွေက သူတို့ပိုင်ဆိုင်တဲ့ဆင်တွေနဲ့ အခမဲ့ အကူအညီပေးထားတာဖြစ်ပြီး လမ်းခရီးသွားလာရေးမှာ အထောက်အကူဖြစ်စေတယ်လို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၃ ရဲ့တပ်ရင်းမှူး ဒေါက်တာလုံးလုံး (Dr Lone Lone)က ပြောပါတယ်။

ခဏတာအရိပ် (သို့) စစ်ဘေးရှောင်တို့ အားကိုးရာ (ရုပ်/သံ)

ခဏတာအရိပ်ဆေးရုံဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၉ ရက်မှာ ၂ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဝန်ထမ်း ၅ ယောက်နဲ့စတင်ခဲ့တဲ့ဆေးရုံဟာ အခုဆိုရင် ဆေးရုံဝန်ထမ်းပေါင်း ၂၀ ဝန်းကျင်နဲ့လည်ပတ်နေကာ လူနာပေါင်း ၁၅,၀၀၀ ကျော်ကို ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ ဆေးရုံမှတ်တမ်းတွေက ဖော်ပြနေပါတယ်။

တောင်သူတွေရဲ့ လယ်ယာလုပ်ငန်းခွင်မှာ PDA တပ်ဖွဲ့ဝင်တွေ ကူညီလုပ်ကိုင်ပေးနေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ အမှတ် ၂ စစ်ဒေသနယ်မြေအတွင်းမှာ အခြေစိုက်စစ်ရေးလှုပ်ရှားနေတဲ့ People's Democratic Army (PDA) တပ်ဖွဲ့ဝင်တွေဟာ ဒေသခံတောင်သူတွေရဲ့ လယ်ယာလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးနေတယ်လို့ PDA တပ်ဖွဲ့ဆီက သိရပါတယ်။

ကျဆုံးရဲဘော်ရဲ့မိခင်ကို ၄၈ သိန်းတန်ဘိုးရှိ ရွှေထည်ပစ္စည်းအချို့ တပ်ရင်း ၂၈ ကချီးမြှင့် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၂၈ မှ ကျဆုံးတပ်ဖွဲ့ဝင် ၁ ဦးရဲ့ မိခင်ကို ရွှေထည်ပစ္စည်းတချို့ ဇန်နဝါရီ ၁၉ ရက်နေ့က ချီးမြှင့်ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

ငဖဲမြို့ထဲထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေပြီး သေနတ် ၃ လက်သိမ်းဆည်း

"သူတို့ထွက်ပြေးလာတာကြိုသိလို့ ၂ ဖွဲ့ခွဲစောင့်နေတာပါ။ လက်နက်မချဘဲ ခုခံပစ်ခတ်တော့ တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က ၃ ယောက်ကျတယ်"

ရေဦးမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ဖမ်းထားသူ ၃ ဦး ထွက်ပြေးလွတ်မြောက်

"လူတယောက် ဝင်ထွက်လို့ရတဲ့မှန်တွေကို ရိုက်ခွဲပြီးထွက်တယ်။ ပုဆိုးသုံးကွင်းဆက်ပြီးတော့ အောက်ကိုခုန်ချရတယ်။ တင်ပါးတွေနာတာနဲ့ ကျောကုန်းမှာ ပုလင်းကွဲရှထားတဲ့ဒဏ်ရာ ရထားပါတယ်။"

အမ်းဘက်က ထွက်ပြေးလာတဲ့ စစ်သားတွေကို ငဖဲမှာ ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ) ■ ၅ ဦးသေပြီး ၁၂ ဦး အရှင်ဖမ်းမိကာ သေနတ် ၁၅ လက်အပါ ခဲယမ်းမျိုးစုံကာကွယ်ရေးတပ်သိမ်းဆည်း

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာ အမ်းမြို့ဘက်မှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဇန်နဝါရီ ၁၃-၁၄ ရက်မှာ ၂ ရက်တာတိုက်ပွဲဖြစ်ပွားပြီး စစ်သားတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် အရှို (CDF-Asho) ဆီက သိရပါတယ်။

အမ်းဘက်က ထွက်ပြေးလာတဲ့ စစ်သားတွေကို ငဖဲမှာ ပိတ်ဆို့တိုက်ခိုက်  ■ ၅ ဦးသေပြီး ၁၂ ဦး အရှင်ဖမ်းမိကာ သေနတ် ၁၅ လက်အပါ ခဲယမ်းမျိုးစုံ ကာကွယ်ရေးတပ်သိမ်းဆည်း

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာ အမ်းမြို့ဘက်ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဇန်နဝါရီ ၁၃ - ၁၄ ရက်မှာ ၂ ရက်တာတိုက်ပွဲဖြစ်ပွားပြီး စစ်သားတွေနဲ့လက်နက်ခဲယမ်းတွေ ဖမ်းဆီးရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် အရှို (CDF - Asho) ဆီက သိရပါတယ်။

၂ မိုင်လောက်အထိ ပစ်နိုင်တဲ့ ရော့ကက်တွေ Rocket Fighter People Defence Force ထုတ်လုပ် (ရုပ်/သံ)

ယခင်က စစ်ကောင်စီနဲ့ တိုက်ပွဲတွေမှာ လက်လုပ်သေနတ်တွေ၊ ၆၀ မမတွေကို တိုက်ပွဲမှာအသုံးပြုရာ ထိရောက်မှုအားနည်းတာကြောင့် ယခုအခါ ၂ မိုင်လောက်အထိပစ်နိုင်ပြီး ပေါက်ကွဲအားပိုကောင်းတဲ့ ရော့ကက်တွေကို ထပ်ထုတ်တာလို့ Rocket Fighter တပ်ဖွဲ့တာဝန်ခံ ကိုလပြည့် က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10