တောင်သူတွေရဲ့ လယ်ယာလုပ်ငန်းခွင်မှာ PDA တပ်ဖွဲ့ဝင်တွေ ကူညီလုပ်ကိုင်ပေးနေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ အမှတ် ၂ စစ်ဒေသနယ်မြေအတွင်းမှာ အခြေစိုက်စစ်ရေးလှုပ်ရှားနေတဲ့ People's Democratic Army (PDA) တပ်ဖွဲ့ဝင်တွေဟာ ဒေသခံတောင်သူတွေရဲ့ လယ်ယာလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးနေတယ်လို့ PDA တပ်ဖွဲ့ဆီက သိရပါတယ်။

အခုလို ကူညီပေးနေတာက ပြည်သူလူထုရဲ့တနေ့တာလုပ်ငန်းဆောင်တာတွေကို တတ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ပေးရမယ်ဆိုတဲ့ တပ်ဖွဲ့ရဲ့မူဝါဒနဲ့အညီ ကူညီပေးကြတာလို့ တပ်ဖွဲ့က ပြောပါတယ်။

People's Democratic Army (PDA) ဟာ ဒေသခံလူထုနဲ့ ရင်းနှီးမှုရှိဖို့ ရပ်ရွာအကျိုးပြုအလုပ်တွေကို ဝိုင်းကူလုပ်နေတာဖြစ်ကာ အဲဒီအထဲက ဒေသခံတောင်သူတွေရဲ့ လယ်ယာလုပ်ငန်းတွေ အများဆုံးလုပ်ကိုင်ပေးရတာ ဖြစ်ပါတယ်။

ရပ်ရွာတောင်သူတွေက အကူအညီတောင်းဆိုလာတဲ့အခါ လုပ်ငန်းခွင်ပေါ် မူတည်ပြီး နောက်တန်းမှာရှိတဲ့ ရဲဘော် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးကနေ ၁၅ ဦးအထိ သွားရောက်ကူညီပေးတယ်လို့ သိရပါတယ်။

ကူညီလုပ်ကိုင်ပေးနေတဲ့ ကျေးရွာတွေမှာ ကလေးနဲ့ အသက်ကြီးပိုင်းတွေသာ ရှိနေကြပြီး လူငယ်လူရွယ်အများစုမှာ တခြားမြို့နယ်တွေနဲ့ နိုင်ငံခြားတိုင်းပြည်တွေကို သွားရောက်အလုပ်လုပ်နေကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

PDA တပ်ဖွဲ့ကို ၂၀၂၁ ဧပြီ ၁ ရက်က စစ်ကိုင်းတိုင်းမှာ စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီကတည်းက ပြည်သူကို ကူညီရမယ်ဆိုတဲ့ တပ်ဖွဲ့ရဲ့မူဝါဒနဲ့အညီ စစ်ကိုင်းဘက်ကနေစပြီး ရပ်ရွာအကျိုးပြုလုပ်ငန်းတွေနဲ့ လယ်ယာလုပ်ငန်းတွေမှာ ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ပခုက္ကူ #တောင်သူ #လယ်ယာလုပ်ငန်း #PDA #ကူညီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10