အတွေးအမြင်

အသံတွေထွက်နေတဲ့ အသံတိတ်သပိတ် (အတွေးအမြင်)

အရင်ပြုလုပ်ခဲ့သမျှ အသံတိတ်သပိတ်တွေတိုင်းဟာ နိုင်ငံတကာစာမျက်နှာပေါ်မှာ နေရာယူခဲ့ကြတာပါ။ ဒီလိုနိုင်ငံတကာစာမျက်နှာပေါ်ကို တက်သွားမှာကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတသိုက် တုန်နေအောင် ကြောက်တယ်ဆိုတာလည်း သိကြပြီးသားပါ။ သူတို့ကို နိုင်ငံတကာက အာရုံမပြတ်တမ်း စောင့်ကြည့်နေမှာကို အာဏာရူးတသိုက်ဟာ မလိုလားကြပါဘူး။ ပြီးတော့ ဒီလိုအချိန်မှာ လူထုတရပ်လုံး ပါဝင်နိုင်တဲ့သပိတ်ဟာ အသံတိတ်သပိတ်ထက်ကောင်းတာ မရှိဘူးသေးလို့ပဲ မြင်မိပါတယ်။ ဒါကြောင့်ပဲ အာဏာသိမ်းကာလ ၂ နှစ်ပြည့်ခါနီးအချိန်မှာ အသံတိတ် သပိတ်ကိုပြုလုပ်ကြဖို့ နှိုးဆော်ခဲ့ကြတာပေါ့။

"လွတ်ငြိမ်းသည် မင်းအောင်လှိုင်အတွက် တရားဝင်မှုမရှိ"

ဒါကြောင့် အာဏာသိမ်းကာလအတွင်း လွတ်ငြိမ်းလို့ခေါင်းစဉ်တပ်ထားသမျှဟာ လွတ်ငြိမ်းမဟုတ်ဘဲ မတရားဖမ်းဆီးခံထားရသူတွေကို မင်းအောင်လှိုင်အုပ်စုက သူ့အကျိုးအတွက်လွှတ်ပေးခြင်းသာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထွက်ပေါက်က ဘယ်မှာလဲ

၂၀၀၈ အခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များကို ကိုင်စွဲ၍ အာဏာထိန်းပါသည်ဟု အကြောင်းပြခဲ့သော စစ်ကောင်စီ၏ လုပ်ပိုင်ခွင့်သည် လာမည့်နှစ် ဇန်နဝါရီလကုန်တွင် နိဌိတံပြီဖြစ်၏။ ၂၀၀၈ အခြေခံဥပဒေတွင် အရေးပေါ်ကာလသက်တမ်းကို ၂ နှစ်အထိသာ သတ်မှတ်ပေးထားပြီး ၂ နှစ် ပြည့်မြောက်ပါက "ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာရမည်" ဟု အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ ပုဒ်မ ၄၂၆ မှာ အတိအလင်းဖော်ပြထားသည်။

မျက်နှာမွဲတို့အသက် ဘယ်လိုသတ်သတ် သေ၏

တချိန်က ဒီမိုကရေစီလက်သီးလက်မောင်းတန်းတဲ့ သူဌေးသူကြွယ်တို့ဟာလည်း ခုချိန်မှာ မျိုးဆွေဝင်းဖလား၊ ဘောလုံးပွဲ၊ ခြင်းလုံးပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ ထိပ်ဆုံးကနေ တက်တက်ကြွကြွ ကျွန်လက်မှတ်ရဖို့ ခံယူနေကြကုန်ပြီ။ အာဏာသိမ်းအခါတော်ပေး၊ မြှောက်ပင့်တဲ့ ကြံ့ဖွတ်၊ မဘသတွေ၊ မြို့နယ်ကဗိုလ်မှူးဆိုတဲ့ကောင်တွေနဲ့ ဂေါက်ရိုက်၊ ပရဟိတတွေကို ကာဗာလုပ်ပြနဲ့ အနေအစားအဆင်ပြေနေကြပြီ။

အသံတိတ်ပစ်ချက်

သပိတ်အောင်မြင်တဲ့အထိမ်းအမှတ် လက်ခုပ်တီးဖို့စောင့်ဆိုင်းနေချိန်ဟာရင်ခုန်စရာကောင်းသလို လက်ခုပ်သံသောသောညံချိန်မှာ ဝဲခဲ့မိတဲ့မျက်ရည်တွေဟာလည်း ငါတို့လုပ်နိုင်တယ်ဆိုတဲ့အတွေးကိုပေးခဲ့ပါတယ် ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10