မြစ်သာမြို့နယ်ထဲက ရေဘေးသင့် ၁၅၀၀ ကျော် ၁ လနီးပါးကြာတဲ့ထိ နေအိမ်မပြန်နိုင်သေး
မန္တလေးတိုင်း၊ မြစ်သာမြို့နယ်ထဲက ရပ်ကွက်အချို့နဲ့ ကျေးရွာပေါင်း ၃၀ ကျော်က ရေဘေးသင့်ပြည်သူတွေ ၁ လနီးပါးကြာတဲ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ မြစ်သာမြို့နယ်ထဲက ရပ်ကွက်အချို့နဲ့ ကျေးရွာပေါင်း ၃၀ ကျော်က ရေဘေးသင့်ပြည်သူတွေ ၁ လနီးပါးကြာတဲ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်နဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းက ဒေသတွင်းမြစ်တွေမှာ ရေပြန်တက်နေတာကြောင့် ရေကြီးရေလျှံမှုတွေ ပြန်လည်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မကွေးတိုင်း၊ စေတုတ္တရာနဲ့ နတ်မောက်မြို့နယ်တွေမှာ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသမီး ၁ ဦးတို့ အောက်တိုဘာ ၁ ရက်မှာ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
ကန့်ဒေါင့်ရဲစခန်းအတွင်းမှာ စစ်ကောင်စီတပ်သားနဲ့ရဲ စုစုပေါင်းအင်အား ၅၀ ခန့် အထိုင်ချတပ်စွဲနေတာဖြစ်ပြီး အောက်တိုဘာ ၁ ရက် မနက် ၉ နာရီခန့်မှာ Drone ၅ စီးနဲ့ တိုက်ခိုက်ခဲ့တာလို့ EagleWings Drone Force အဖွဲ့တာဝန်ခံက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာသိမ်းတိုက်ပွဲကပြန်လာတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဘုတလင်၊ ကနီနဲ့ ယင်းမာပင်မြို့နယ်ထဲက ဒေသခံတွေဟာ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်တွေက နေခင်းဘက်တွေမှာ ပေါ် တာဝင်ဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံလူငယ်တွေ ထွက်ပြေးနေကြရတယ်လို့လည်း ပြည်ခရိုင်တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ တောင်ငူခရိုင်၊ အမှတ် ၁ တပ်ရင်း တပ်ရင်းအမှတ် ၃၅၀၁ ရဲ့ အပတ်စဥ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာလ ၁ ရက်က ပဲခူးရိုးမတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။
စစ်ကောင်စီက အခုလို နေရပ်ပြန်ဖို့၊ နေအိမ်မှာနေကြဖို့ အသည်းအသန်တိုက်တွန်းနေပေမယ့် ရေဘေးဒဏ်သင့် ပြည်သူတချို့ဟာ ပြန်စရာနေအိမ်မရှိတော့သလို အိမ်ပြန်လို့ရတဲ့အခြေအနေတွေလည်း မဟုတ်သေးပါဘူး။
" ခုက ဘာမှမလုပ်နိုင်ကြသေးဘူး။ လူတွေက ကျွဲနွားတွေဆုံးရှုံးသွားတာ၊ အိမ်တွေမှာပျက်စီးနေတာတွေရယ်၊ သန့်ရှင်းရေးလုပ်နေတာနဲ့ဒါတွေနဲ့ပဲ လုံးခြာလည်နေတာ။ လယ်ပေါ်က ဘာမှမလုပ်နိုင်ကြသေးတာ။ ဒီအတိုင်းပဲ ပျက်တဲ့သူရော မပျက်တဲ့သူရော ဒီအတိုင်းထိုင်ကြည့်နေရတာ ရေမှမရှိတာ။ တစိတ်တပိုင်းလောက်ပျက်တဲ့သူတောင် မြေဩဇာကျွေးမရဖြစ်နေတာ" လို့ ဝမ်းတွင်းမြို့နယ်၊ ဆူးပန်းကျေးရွာ တောင်သူတဦးက ပြောပါတယ်။
အဲ့ဒီစစ်ကောင်စီဂိတ်မှာ စစ်သားအင်အား ၃၅ ဦးခန့်အထိုင်ချတပ်စွဲထားပြီး စက်တင်ဘာ ၂၈ရက် နေ့လယ် ၁၂ နာရီခွဲမှာ Shar Htoo Waw နည်းပညာသုံး Fixed Wings ၅ စီးနဲ့ drop bomb ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ Peacock Drone Team တာ၀န်ခံရာစုက ပြောပါတယ်။
ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်ခဲ့တာကြောင့် တောင်ဇလပ်စစ်ရှောင်စခန်းက မိသားစုဝင် ၄ ဦးအနက် ဒေါ်နိန်ခေး အသက် ၃၈ နဲ့ သူရဲ့သားအငယ်မောင်နိုင်းနိန် အသက် ၃ နှစ်အရွယ်တို့ဟာ တောင်ကျရေစီးနဲ့ မျောပါသေဆုံးသွားခဲ့ပြီး သားအကြီးဖြစ်သူနဲ့ သားအလတ်ဖြစ်သူတို့ကတော့ လွတ်မြောက်ခဲ့တယ်လို့ CDF-MINDAT တပ်ဖွဲ့ဝင် တောခိုကြီး က ပြောပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်ကောင်စီနဲ့ပျူတပ်စွဲထားတဲ့ သရက်ကန်ကျေးရွာကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရွာခံပြည်သူ ၄၆ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ရှားလွင်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၃ ဦး သေဆုံးပြီး နေအိမ်နဲ့ တိရစ္ဆာန်တွေကိုလည်း ထိမှန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်းမှာ ရေတာရှည်နဲ့ ဆွာမြို့က စစ်ကောင်စီတပ်သားတွေ အင်အား ၅၀ ကျော်နဲ့ တပ်စွဲထားတဲ့စခန်းကို စက်တင်ဘာ ၂၃ ရက်က တိုက်ခိုက်ခဲ့တာလို့ နေပြည်တော် PDF ၉၀၁ တပ်ရင်း တာဝန်ခံတဦးက ပြောပါတယ်။
“ရွာကတော့ နွံဖုံးပြီး မြေပြန့်လိုဖြစ်သွားပြီ။ ရွာအတွက် ပြန်လည်တည်ဆောက်ဖို့ရာ မြေကွက်အနေအထားက အကြီးအကဲတွေ စီစဉ်ထားပါတယ်။ ပြီးတော့ အဲ့မြေနေရာမှာ ပျက်စီးဆုံးရှုံးအိမ်တွေကို ပြန်လည် တည်ဆောက်ပေးဖို့ စီစဉ်နေတာ။”