သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပုလဲမြို့နယ်ပကဖ တိုက်နယ် ၁ ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက်က ပုလဲမြို့နယ်တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။
အခြေခံစစ်သင်တန်းကို ပုလဲမြို့နယ်ပကဖက ဦးဆောင်ပြီး ရပ်ကျေးပကဖတွေနဲ့အတူ သင်တန်းသား ကျား ၄၂ ယောက်ကို ကာကွယ်ရေး၊ အုပ်ချုပ်ရေးနဲ့ တိုက်ခိုက်ရေးတွေမှာ ပူးပေါင်းပါဝင်လုပ်ဆောင်ကြနိုင်ဖို့ သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
အခြေခံစစ်သင်တန်းကို အောက်တိုဘာ ၂၃ ရက်ကစတင်ခဲ့ကာ ဒီဇင်ဘာ ၄ ရက်မှာ သင်တန်းဆင်းခဲ့ပြီး သင်တန်းပြီးတဲ့ရက်မှာပဲ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တာလို့ ပုလဲမြို့နယ် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
သင်တန်းကာလအတွင်း စည်းကမ်းလိုက်နာမှု၊ ကာကွယ်ရေးပိုင်းနဲ့ စစ်ရေးပြပိုင်းတွေမှာ ထူးချွန်တဲ့ သင်တန်းသား ၇ ဦးကို ထူးချွန်ဆုချီးမြှင့်ခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
ပုလဲမြို့နယ် တိုက်နယ် ၁ ရဲ့ အခြေခံ စစ်သင်တန်း အပတ်စဥ် ၂ ကို အခြေခံစစ်သင်တန်း အပတ်စဥ် ၁ သင်တန်းပေးပြီး ၁ နှစ်အကြာမှာ အခုလိုသင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ပုလဲ #ပုလဲပကဖ #အခြေခံစစ်ပညာ #သင်တန်းဆင်းပွဲ
Share Share Share