ပေါက်နယ်က စစ်ရှောင် ၃,၀၀၀ ခန့် ရေရှားပါးမှုကြုံနေရပြီး ကလေးငယ်ရာနဲ့ချီမှာ ယားနာတွေဖြစ်နေ
“ ရေကတော့စီးနေပေမယ့် စီးတာက ရေစီးမသန်ဘူး။ တဖြည်းဖြည်းချင်းကျတဲ့ရေတွေမှာပဲ သုံးနေ၊ ချိုးနေရပြီး လူဦးရေကများတော့ အပေါ်ကချိုးတဲ့ရေကိုအောက်မှာပြန်ချိုး၊ ဒါမျိုးတွေပြန်သုံးရတဲ့အခါမျိုးမှာ အရေပြားပြဿနာတွေ ခံစားလာရတာပေါ့။”