ခန့်အောင်

စစ်သားစုဆောင်းပေးနေတဲ့ အမျိုးသား ၁ ဦး အသတ်ခံရ

“သူက ရွာထိပ်အရက်ဆိုင်ကို အမြဲတမ်းလာနေကျ။ အပြင်ဆွဲထုတ်ပြီး လမ်းပေါ်မှာပဲရှင်းလင်း လိုက်တာပါ။ သူက အရင်တုန်းကတော့ ရှောင်နေတာ။ အခုက ပြန်ရောက်နေတယ်ဆိုတာ အတိအကျသတင်းရလို့ တွေ့တဲ့အချိန်မှာ ရှင်းလင်းလိုက်တာ။”

စစ်ကောင်စီက လသားအရွယ်ကလေးအပါ ကျေးရွာသား ၄၀ နီးပါးကို ဖမ်းဆီးသွား

“မနက်အစောကြီးတံခါးတွေကို ကန်ဖွင့်ပြီး အိမ်ထဲတွေ့တဲ့သူ ကလေးလူကြီးအားလုံးကို အကုန်ဖမ်းဆီးပြီး ကွင်းချောင်းရွာကို ခြေလျင်ခေါ်သွားတာ၊ ထွက်ပြေးလို့ လွတ်သွားသူတွေလည်းရှိတယ်၊ အကြောင်းမဲ့သက်သက် ပြည်သူတွေကိုအနိုင်ကျင့်ဗိုလ်ကျတယ်လို့ပဲမြင်တယ်"

စစ်မှုထမ်းလူစားလဲဖို့ ငွေသိန်း ၁၀၀ ကျော်ယူတဲ့ မြို့နယ်ရဲမှူးနဲ့ ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီဖမ်းထား

စစ်မှုထမ်းလူစားလဲဖို့ဆိုကာ ငွေသိန်း ၁၀၀ ကျော်ယူတဲ့ ရွှေဘိုမြို့နယ်ရဲမှူးနဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက စာရေး ၂ ဦးအပါ စုစုပေါင်း ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ဇန်နဝါရီ ၂၈ ရက် စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။

ပေါက်ခေါင်းမှာ ပြည်သူ့စစ်သင်တန်းဆင်းတဦး ပစ်သတ်ခံရ

“တောထဲမှာ ကျနော်တို့စခန်းနားထိလာပြီး သတင်းယူနေလို့ သေနတ်နဲ့ပစ်သတ်ခဲ့တာ။ ကိုယ့်စခန်းနား ဆိုတော့ ကိုယ်ပဲမြေမြှုပ်လိုက်ရတယ်။“

အဓမ္မဖမ်းဆီးစစ်မှုထမ်းပို့ခံရပြီး ရှေ့တန်းမှာသေဆုံးတဲ့ စစ်ကောင်စီတပ်သားကို လျော်ကြေး ၈ သိန်း သာပေး

" စစ်မှုထမ်းထောက်ပံ့ကြေး ၈ သိန်း ဆိုပြီးလာပေးတာ၊ နောက်ထပ် ၅ သိန်း ထပ်ပေးအုံးမယ်လို့လည်း ပြောသွားတယ်။ ကိုချစ်နန်းအမျိုးသမီး နောက်အိမ်ထောင်မပြုမချင်း ထောက်ပံ့ပေးမယ် ကလေးတွေကိုလည်း အသက် ၁၈ နှစ် မပြည့်မချင်းထောက်ပံ့ပေးမယ်ဆိုပြီး ပြောသွားတယ်"

BTZM GBK ရဲ့ အပတ်စဉ် ၄ စစ်အခြေခံသင်တန်းဆင်း (ရုပ်သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ BTZM GBK PDF ရဲ့ အပတ်စဉ် ၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၀ ရက် မနက် ၈ နာရီက ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူ ကိုတေဇမင်းက ပြောပါတယ်။

နတ်တလင်းမှာ LGBT တဦးပစ္စည်းလုအသတ်ခံရ  ■ ပစ္စည်းလုသတ်ခဲ့သူအပါ ၂ ဦးကို တာပွန်ရဲစခန်းမှာ ဖမ်းဆီးထား

“သူစီးသွားတဲ့ ClicK ဆိုင်ကယ်ရယ်၊ ဆွဲကြိုး၊ လက်စွပ်နဲ့ နားကပ်ရောပါသွားတယ်၊ သိန်း ၁၅၀ နဲ့ ၂၀၀ တန်ဖိုးရှိတယ်။ သူက နည်းနည်းပုန်းတယ်။ ဆိုင်ကယ်လုတာမပေးဘူးပြောတော့ ဗိုက်ကိုဓါးနဲ့ ၂ ချက် ထိုးသတ်ပြီး ပစ္စည်းယူပြီး ငှက်ပျောတောထဲမှာသတ်ပစ်တာလို့ တရားခံတွေက ဖြောင့်ချက်ပေးတယ်လို့ ပြောတယ်”

နတ်တလင်းမြို့နယ် ဆီဆုံကုန်းရွာကို စစ်ကောင်စီကစီးနင်းပြီး ရွာသားတချို့ကို သတ်ဖြတ်

စစ်ကောင်စီစစ်ကြောင်းဟာ နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ဆီဆုံကုန်းရွာကို ဇန်နဝါရီ ၁၆ ရက် မနက် ၆ နာရီခွဲလောက်မှာ ပျူစောထီးအပါအဝင် အင်အား ၇၀ ဦးကျော်နဲ့ သေနတ်ပစ်ဖောက် ဝင်‌ရောက်လာပြီး ကျေးရွာအတွင်းက ကိုကျော်ကျော်၊ ကိုမင်းထိုက်၊ ကိုသန်းဇော်ဝင်းနဲ့ ကိုချက်ဖောင်းတို့ကို ဖမ်းဆီးပြီး ၃ ဦးကို သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ညောင်ဦးမှာ မြစ်အတွင်းရေဆင်းချိုးရာက ဆယ်ကျော်သက်ကျောင်းသားတဦး ရေနစ်သေဆုံး

“ ကလေးက ‌သူ့သူငယ်ချင်းတွေကို ဟေ့ကောင်တွေ ငါရေငုတ်ပြမယ်ကြည့်နေဆိုပြီး ပြန်ပေါ်မလာတော့တာ။ ‌ရေကအရမ်းလည်းမနက်ဘူး ရေလည်းကူးတတ်တယ်၊ အတက်ရောဂါဆိုတာမျိုးလည်းမကြားမိဘူး ”

နိုင်ကျဉ်းတဦးသေဆုံးမှုကို ရုတ်တရက်နှလုံးဖောက်ခြင်းကြောင့်လို့ အကျဉ်းထောင်မှတ်တမ်းတွင်ဖော်ပြဟုဆို

"ထောင်အာဏာပိုင်တွေရဲ့ လက်ရှိမှတ်တမ်းမှာတော့ ရုတ်တရက်နှလုံးဖောက်ပြီး ဆုံးတယ်ဆိုတာပဲ မှတ်တမ်းမှာရှိတယ်ပေါ့။ လက်တွေ့မှာ ဘယ်လိုဆုံးတာတော့ ကျနော်တို့အဖွဲ့အနေနဲ့ သိရှိဖို့တောင် ခက်ခဲနေတဲ့ကာလဖြစ်တယ်။ ဒါကြောင့် စုံစမ်းဖို့ လိုအပ်တယ်လို့ ထောက်ပြချင်ပါတယ်။”

စစ်မှုထမ်းစုနေသူကို ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတွေက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံး

“မြင့်ထွေးတို့အဖွဲ့ ရွာကအိမ်တွေမှာရှိနေတယ်ဆိုတာ သတင်းရပြီး မြင့်ထွေးအိမ်ကို ပထမဆုံးဝင်ရှင်းလိုက်တာမှာ ကျန်တဲ့ အုပ်ချုပ်ရေးမှူး သိန်းအောင်နဲ့ အဖွဲ့ဝင် ကိုဦးက သတင်းရပြီးထွက်ပြေးသွားလို့ မလုပ်လိုက်ရဘူးဆိုပြီး ရဲဘော်တွေပြန်ပြောပြတယ်။”

ပေါင်းတလည်မှာ အနက်ရောင်သေမင်းတမန်စာတန်း ချိတ်ဆွဲထားတဲ့ လူငယ်အလောင်း ၂ လောင်းတွေ့

"ဘယ်ကမှန်းတော့မသိရဘူးလို့ပြောတယ်။ နှစ်ယောက်စလုံးကို လည်ပင်းတွေလှီးထားတယ်။ သူတို့ ဘယ်ကဆိုတာ၊ ဘယ်သူမှမသိကြဘူး၊ ရွာသားတွေပဲ မြင်တာ၊ ဘယ်သူမှ အနားမကပ်ကြဘူး ဘယ်အချိန်လာချသွားလဲဆိုတာလဲ မသိကြဘူးလို့ ပတ်ဝန်းကျင်ကလူတွေပြောကြတယ်"

ပြည်နဲ့ နတ်မောက်မှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ ရာအိမ်မှူးလင်မယား သေနတ်ပစ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ပေါင်းတလည်မြို့တွေမှာ ဇန်နဝါရီ ၇ ရက် မနေ့က ၁ ရက်တည်း စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ ရာအိမ်မှူးလင်မယား သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အုတ်ဖိုမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူ လင်မယား သေနတ်ပစ်ခံရပြီး အမျိုးသမီးသေ

“အိမ်ထဲဝင်ပစ်တော့ ဇော်ကြီးက အိမ်နောက်ဖေး ရောက်နေတော့ ထွက်ပြေးသွားတာ။ သူ့မိန်းမတော့ ပွဲချင်းပြီးသေသွားတယ်”

စစ်ကောင်စီတပ်ကဖမ်းသွားတဲ့ အုတ်ဖိုဒေသခံ ၄ ဦးအနက်  PDF ရဲ့ဖခင်ကို သေဆုံးလျက်ပြန်တွေ့

“အလောင်းမှာတော့ ခေါင်းတွေကိုရိုက်ထားလို့ ကြေမွနေတယ်လို့ပြောတယ်။ အနားကို ဘယ်သူမှမကပ်ရဲလို့ ဒဏ်ရာအခြေအနေက သေချာပြောမရဘူး။ ဘာကြောင့်ဖမ်းတာမှန်းလည်းမသိရဘူး၊ ကျန်တဲ့ ၃ ဦးကိုလည်း အုတ်ဖိုရဲစခန်းမှာပဲဆက်ချုပ်ထားတယ်။ တွေ့ခွင့်ရတယ်တော့မကြားမိဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10