သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ပေါင်းတလည်-ပေါက်ခေါင်းကားလမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ အမျိုးသားလူငယ်အလောင်း ၂ လောင်းကို ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပေါင်းတလည်မြို့၊ မြောင်းဆုံအုပ်စု၊ ပိုရွာအနီးကမြောင်းပေါ်မှာ အနက်ရောင်သေမင်းတမန်စာတန်းပါ လည်ဆွဲကဒ်ကိုဆွဲထားတဲ့ အဆိုပါအလောင်း ၂ လောင်းကိုတွေ့ခဲ့ရတာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်ဆေးရုံကြီးကိုသယ်သွားတယ်လို့ ဆိုပါတယ်။
"ဘယ်ကမှန်းတော့မသိရဘူးလို့ပြောတယ်။ နှစ်ယောက်စလုံးကို လည်ပင်းတွေလှီးထားတယ်။ သူတို့ ဘယ်ကဆိုတာ၊ ဘယ်သူမှမသိကြဘူး၊ ရွာသားတွေပဲ မြင်တာ၊ ဘယ်သူမှ အနားမကပ်ကြဘူး ဘယ်အချိန်လာချသွားလဲဆိုတာလဲ မသိကြဘူးလို့ ပတ်ဝန်းကျင်ကလူတွေပြောကြတယ်" လို့ ပြည်မြို့ခံတဦးက ပြောပါတယ်။
ဇန်နဝါရီ ၉ ရက်မှာ စစ်ကောင်စီထောက်ခံ ပြည်သတင်းမှန် တယ်လီဂရမ်ချန်နယ်ကနေ “အနက်ရောင် သေမင်းတမန်အဖွဲ့ကို ထောက်ခံသူများရှိပါက လက်ခုတ်သံကြားပါရစေ”၊ “ ၂၀၂၅ မှာ လုပ်ဆောင်ချက် မရှိလို့ပြောနေသည့်အတွက်များမကြာမီကာလ လုပ်ဆောင်ပြမည်ဖြစ်ကြောင်း သတင်းရရှိ၍ မကြာမီလာမည်မျှော်” ဆိုတဲ့ စာတင်ထားခဲ့ပြီးနောက်မှာ ခုလိုအလောင်းတွေကိုတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
အဲ့ဒီနောက် ဇန်နဝါရီ ၁၀ ရက်မှာတော့ အဆိုပါတယ်လီဂရမ်ချန်နယ်ကနေပဲ “အနက်ရောင်သေမင်း တမန်အဖွဲ့မှ ၂၀၂၅ တွင် ပထမဆုံးအပြစ်ပေးခြင်း” ဆိုတဲ့ခေါင်းစဥ်နဲ့အတူ အခုတွေ့ရှိခဲ့တဲ့ လူငယ်နှစ်ဦး အလောင်းပုံကိုပါ တွဲလျှက်ဖော်ပြထားခဲ့ပါတယ်။
အလောင်းတွေ့ရှိတာနဲ့ပတ်သက်ပြီး ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းပြန်ကြားရေးတာဝန်ခံကတော့ “ကျနော်တို့တပ်ဖွဲ့ဝင်တွေမဟုတ်ဘူး။ ဘယ်သူဘယ်ဝါမှန်းလည်းမသိဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် မေ ၁၃ ရက်ကလည်း ပေါင်းတလည်မြို့အဝင် ဆိုင်းဘုတ်အနီးမှာ အမျိုးသားအလောင်း ၁ လောင်း၊ မေ ၆ ရက်မှာ ပေါင်းတည်မြို့နယ်၊ ကုန်းသာရွာထဲမှာ အမျိုးသားလူငယ်အလောင်း ၃ လောင်းနဲ့ ဧပြီ ၂၂ ရက်မှာ လက်ပံတန်းမြို့၊ အုတ်ဖိုစုရွာအနီးမှာ အသတ်ခံထားရတဲ့ အမျိုးသားဦးအလောင်းတို့ကို အနက်ရောင်သေမင်းတမန်စာတန်း ချိတ်ဆွဲထားလျှက် ဒေသခံတွေကတွေ့ရှိခဲ့သေးတယ်လို့ သိရပါတယ်။
ပုံစာ - သေမင်းတမန်စာတန်းချိတ်ထားတဲ့အလောင်းနှစ်လောင်း။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပေါင်းတည် #အသတ်ခံရ #အနက်ရောင်သေမင်းတမန်
Share Share Share