လူထုအကြိုက်နှင့်လူထုအကျိုး
သတင်းမီဒီယာ၏မူလအလုပ်မှာ မတရားမှုတို့ကိုဖော်ထုတ်တိုက်ဖျက်ရခြင်းဖြစ်ပြီး လူတစုကောင်းကျိုးအတွက် လူအများကိုအမှောင်ချထားခြင်း၊ ဖုံးကွယ်ထားခြင်းများကို ဖော်ထုတ်ရေးသား တင်ဆက်ရခြင်းဖြစ်သည်။ စစ်အာဏာသိမ်းမှုသည် မတရားမှုဖြစ်သည်ဆိုတာပေါ်လွင်နေပေသည်။ ထိုအရာကိုစိုက်လိုက်မတ်တပ်ရေးသားဖော်ထုတ်ရန် လိုပေသည်။