သဘာဝဘေး

စစ်ကိုင်းမြို့မှာ သောက်ရေနဲ့ကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေဆဲ  ◼ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ဖို့လည်း လိုအပ်နေ

"လက်ထဲ ပိုက်ဆံရှိနေကြပေမယ့် သောက်ရေအတွက် ဝယ်ဖို့ခက်ခဲနေပါတယ်။ ရေသန့်စက်ရုံတွေကလည်း မလည်ပတ်နိုင်သေးတော့။ မန္တလေးဘက်ကနေ ရှားရှားပါးပါးဝယ်ရတာကလည်း ၁ လီတာ ၁ ဗူးကို ၇ ထောင်ကနေ ၈ ထောင်အထိရှိတယ်။"

စစ်ကိုင်းမှာ လူပေါင်း ၆၀၀ သေဆုံးပြီး အရေးပေါ်အကူညီလိုအပ်နေ (ရုပ်/သံ)

"ထိခိုက်သေဆုံးမှုက တော်တော်များတယ်။ အိမ်တိုင်းလိုပျက်စီးတာ။ ကရိန်းကားတွေကလည်း မနေ့ကမှ ရောက်ပြီးဆွဲထုတ်နေတာ။ ဖြစ်တာလည်း ၂ ရက်လောက်ရှိနေပြီဆိုတော့ အနံ့တွေလည်း တော်တော်ထွက်နေပြီ။ ဆေးရုံမှာဆိုလည်း လူနာတွေများလာတယ်။ ဗော်လန်တီယာ ကူညီမယ့်သူတွေ အများကြီးလိုအပ်နေတယ်။"

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့်ပြည်သူတွေကို PDF တွေကူညီကယ်ဆယ်ပေးနေ (ရုပ်/သံ)

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့်ကျေးရွာတွေမှာ တောင်ငူခရိုင် အမှတ် ၃၅၀၂ တပ်ရင်း၊ စစ်တောင်းစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပူးပေါင်းတပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းမှာ ငလျင်ကြောင့် လူပေါင်း ၆၀၀ သေဆုံးထားပြီး စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေ

"ထိခိုက်သေဆုံးမှုက တော်တော်များတယ်။ အိမ်တိုင်းလိုပျက်စီးတာ။ ကရိန်းကားတွေကလည်း မနေ့ကမှ ရောက်ပြီးဆွဲထုတ်နေတာ။ ဖြစ်တာလည်း ၂ ရက်လောက်ရှိနေပြီဆိုတော့ အနံ့တွေလည်း တော်တော်ထွက်နေပြီ။ ဆေးရုံမှာဆိုလည်း လူနာတွေများလာတယ်။ ဗော်လန်တီယာ ကူညီမယ့်သူတွေ အများကြီးလိုအပ်နေတယ်။"

ဟိုတယ်အဆောက်အဦပျက်ထဲက မိခင်နဲ့ကလေးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄x၂၉ လမ်းထောင့်ရှိ ဘီကျင်းဟိုတယ် ငလျင်ကြောင့် အဆောက်အအုံပြိုကျပျက်စီးမှုအတွင်း ရှာဖွေကယ်ဆယ်ရေးပြုလုပ်စဉ် မိခင်နဲ့ကလေးငယ် ၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ကျောက်ဆည်ငလျင် မူကြိုကျောင်းပြိုကျသေဆုံးသူ ၂၀ ကျော်အပါ ၅၀ ကျော် သေဆုံးထားပြီး ၁၀၀ ကျော်ဒဏ်ရာရ

"၁၃ ဦးလောက်က အရင်လွတ်တယ်။ အောက်ခြေကနေ ပြိုကျတာ။ ပြန်ကယ်ထုတ်တဲ့အခါမှာ ခြေလက်တွေမပါတာတွေလည်း ရှိတယ်။ ကလေး ၁၈ ဦးနဲ့ဆရာမ ၃ ဦးသေတယ်။ ဒဏ်ရာရသူတွေလည်း များတယ်။ ရှာဖွေရေးက တရက်နဲ့တမနက် ရှာလိုက်ကြရတယ်။"

အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဒေါ်လာ ၁ သန်းသုံးစွဲဖို့လျာထားပြီး ခုခံစစ်ကလွဲရင် ထိုးစစ်ရပ်ထားမယ်လို့ NUG ဆို

ငလျင်ဘေးဒဏ်သင့်နေရာတွေမှာ အရေးပေါ်ကယ်ဆယ်ရေးနဲ့လုပ်ငန်းတွေအတွက် ဒေါ်လာ ၁ သန်းသုံးစွဲဖို့လျာထားပြီး ခုခံကာကွယ်စစ်ကလွဲရင် ထိုးစစ်ရပ်ထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ -NUG က မတ် ၂၉ ရက်မှာ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကူညီရေးအစီအစဉ် ကြေညာချက်ထုတ်ပြန်ပါတယ်။

⁨ငလျင်ဒဏ်သင့်ဒေသတွေကို "အကယ်ဒမီရုပ် ကမ်ပိန်း" မှ ကျပ်သိန်း ၅၀၀ လှူဒါန်းမည်

မတ် ၂၈ ရက် မနေ့ နေ့လယ်မှာ စစ်ကိုင်းမြို့ အနောက်မြောက်ဖက်ကို ဗဟိုပြုပြီး အင်အား ၇.၇ ပမာဏရှိ အင်အားပြင်းထန်မြေငလျင် ဖြစ်ပေါ်ခဲ့ကာ အဆိုပါ ငလျင်ဘေးဒဏ်ကြောင့် အခက်အခဲဖြစ်ပေါ်နေတဲ့ ဒေသတွေကို ပေးပို့ကူညီသွားဖို့ စီစဉ်နေတယ်လို့ Artists' Shelter Facebook က ဖော်ပြပါတယ်။

မန္တလေး စင်္ကြာမြောက်ဗလီ ငလျင်ကြောင့်ပြိုကျရာတွင် သေဆုံးသူများအား သယ်ယူနေသည့်မြင်ကွင်း (ရုပ်/သံ)

မန္တလေး စင်္ကြာမြောက်ဗလီ ငလျင်ကြောင့်ပြိုကျရာတွင် သေဆုံးသူများအား သယ်ယူနေသည့်မြင်ကွင်း

စစ်ကိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ပသုံးလုံး တပ်ဖွဲ့ဝင်များ

စစ်ကိုင်းမြို့နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပအဖ၊ ပကဖ နဲ့ ပလဖတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတံတားတွေပျက်စီးပြီးနောက် ဒေသခံတွေရေလမ်းကနေဖြတ်ကူးနေ (ရုပ်/သံ)

"မန္တလေးနဲ့ စစ်ကိုင်းတံတား ၂ စင်းလုံးကူးမရတော့ ဟိုဘက်နဲ့ဒီဘက်နဲ့ အသွားအလာလုပ်ကြတော့ ဇက်နဲ့ပဲ ကူးကြတော့တာ၊ ကျနော်တို့စစ်ကိုင်းကအဓိကအားထားကြရတာက မန္တလေးသွားပြီး လုပ်စားကြတာများတယ်၊ မန္တလေးဘက်သွားပြီးအလုပ်လုပ်ကြတာတို့၊ စျေးသွားဝယ်ကြတာတို့ အဲ့လိုမျိုး"

နေပြည်တော် ခလရ ၈၅ တပ်၊ တိုင်းအောင်ခန်းမနဲ့ တပ်တွင်းအဆောက်အဦတချို့ ပြိုကျ (Photo News)

ငလျင်ဒဏ်ပြင်းထန်ခဲ့တဲ့ နေပြည်တော်ကောင်စီနယ်မြေမှာ စစ်ကောင်စီလက်အောက် စစ်ဘက်ဆိုင်ရာအဆောက်အဦနဲ့ ဝန်ကြီးဌာနရုံးအဆောက်အဦတွေပါ ပြိုကျပျက်စီးခဲ့ပြီး ပြိုကျမှုဖြစ်ပွားခဲ့တဲ့အထဲ ပျဥ်းမနားမြို့ အခြေစိုက် ခလရ ၈၅ တပ်ရင်းက အဆောက်အဦတချို့လည်း ပါဝင်ခဲ့ပါတယ်။

ဖြူးနဲ့တောင်ငူမှာ ငလျင်ဘေးကြောင့် အဆောက်အဦပြိုပိသေဆုံးသူ ၂၀ ကျော်အထိရှိလာပြီး ၅၀ ကျော်ဒဏ်ရာရ

" လောလောဆယ် သိထားရသလောက်က သေဆုံး ၁၁ ယောက်။ ဒဏ်ရာရ ၅၀ ကျော်ရှိတယ်ဆိုတာလောက်ဘဲ အတည်ပြုနိုင်သေးတယ်။ အပျက်အစီးကတော့ ဘုန်းကြီးကျောင်းနဲ့ ဗလီကတော့ ပျက်စီးများတယ်။ ကျန်တာကတော့ အပျက်အစီးနည်းပါတယ်"

⁨မယ်နုအုတ်ကျောင်းအပါ ရှေးဟောင်းသာသနိကအဆောက်အုံတချို့ ငလျင်ကြောင့်ပျက်စီး (ရုပ်/သံ)

ငလျင်ကြောင့် ပဲခူးတိုင်း၊ ပြည်မြို့၊ ပေါက်ခေါင်းမြို့၊ တောင်ငူမြို့နဲ့ မန္တလေးတိုင်း၊ အင်းဝမြို့ရှိ ရှေးဟောင်းသာသနိကအဆောက်အအုံတွေ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပင်လုံဆေးရုံ (ရုပ်/သံ)

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပင်လုံဆေးရုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10