ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ မန္တလေးလေဆိပ်မြင်ကွင်း (ရုပ်/သံ)
ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ မန္တလေးလေဆိပ်မြင်ကွင်း
ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ မန္တလေးလေဆိပ်မြင်ကွင်း
"ငလျင်လှုပ်တာ မန္တလေးတော်တော်ဆိုးတယ်၊ ကျနော်တို့တောင် ကွင်းပြင်ထဲရောက်နေလို့၊ ရဲမြန်မာဟိုတယ်ဆို လုံးဝစောင်းသွားတာ ပြိုကျဖို့နည်းနည်းပဲ လိုတော့တယ်၊ ကယ်ဆယ်ရေးတွေတော့ လုပ်နေကြတယ်"
ငလျင်ဒဏ်ကြောင့် မန္တလေးမြို့တွင်းတနေရာ တိုက်ပြိုကျနေမှုမြင်ကွင်း
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာအုပ်စု၊ သုံးပန်လှဘုန်းကြီးကျောင်းဝန်းရှိ ရှေးဟောင်းကျောင်းတိုက် ငလျင် ကြောင့်ပြိုကျပျက်စီးခဲ့တယ်လို့ ပြည်မြို့ခံတွေဆီကသိရပါတယ်။
ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ တောင်ငူမြို့တွင်းတနေရာ
“ နေပြည်တော် ကားလမ်းတွေပိတ်နေတယ်။ အစိုးရရုံးခန်းတွေ ထိတယ်။ (ငလျင်လှုပ်တဲ့အချိန်) ကားလမ်းပေါ်မှာ ကားတွေလူးပြီးမောင်းမရဖြစ်တယ်။ ဆိုင်ကယ်တွေမောင်းနေရင်း လဲ ကျကြတယ်”
"ကျောင်းပြိုကျတော့ ကျောင်းအတွင်းရှိနေသူတွေပိမိပြီး ထိခိုက်သေဆုံးကြတာ။ လောလောဆယ် DB (deadbody) ၅ လောင်းရထားတယ်။"
" ပထမ ရုတ်တရက်ဆိုတော့ ကားဘီးကွဲတာထင်တာ။ နောက်မှ ငလျင်လှုပ်တာသိရပြီး ကားပါရပ်လိုက်ရတာ။ လမ်းပိုင်းမှာ အပျက်အစီးအများကြီးတွေ့ရတယ်"
"ပက်ကြားအက်ပြီး မြေက နိမ့်ကျသွားတာ။ ၄ အိမ် ၅ အိမ်လောက်က မီးဖိုချောင်လေးတွေ ပါသွားတယ်။ အိမ်မ နည်းနည်းထိသွားတာ။ ကျန်အိမ်တွေက ပက်ကြားအက်သွားတယ်။ ဘာဖြစ်တာလဲတော့ မသိဘူး။ ကမ်းပါးဘက်ကို လန်ကျသွားတာ၊ ထွက်ကျသွားတာလည်းမရှိဘူး။ နိမ့်ဆင်းသွားတာ။"
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အနောက်တောင်ဘက် ၁၄ မိုင်အကွာ မြေအောက်အနက် ၂၄ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကနဲရွာအနီး ချင်းတွင်းမြစ်ကမ်းဘေးကလမ်းတွေဟာ မြစ်ရေစီးသန်တာ၊ ရေတိုက်စားတာနဲ့ လှိုင်းပုတ်တဲ့ ဒဏ်တွေကြောင့် နိုဝင်ဘာလလယ်ပိုင်းလောက်ကစပြီး အက်ကွဲလာကာ အခုလို ပြိုကျခဲ့တာပါ။
" အမှိုက်တွေ ဒိုက်တွေတအားများနေတာ။ နုန်းထိုးတာကျတော့လည်း ပေနဲ့တွက်မယ်ဆိုရင် ၅ ပေလောက်တက်နေတော့ နုန်းတွေကို ထယ်မထိုးရဲဘူး။ အမှိုက်တွေ ဒိုက်တွေက တချို့နေရာ ၆ ပေ၊ အနည်း ဆုံး ၃ ပေ ၄ ပေ။ ကျပ်သိပ်နေတော့ လက်နဲ့ဖယ်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ စက်ယန္တယားမသုံးရင် လူနဲ့ ဖယ်မရဘူး"
“ ပုံမှန်ရာသီဥတုဆိုရင် အခုလ(နိုဝင်ဘာ)က လယ်မြေတွေ ခြောက်သွေ့စပြုလာပြီး ပဲစိုက်ဖို့ထွန်ယက်ဖို့ အချိန်ကောင်းဖြစ်နေပြီ။ အခုက လယ်ကွက်တွေထဲမှာ ရေတွေရှိနေတော့ အလုပ်ကမဖြစ်ဘူး။ ကျနော်တို့အရပ်မှာ နိုဝင်ဘာဆိုတာ မတ်ပဲစိုက်ဖို့ အကောင်းဆုံးလပဲ"
“မရှိတဲ့သူနဲ့ ရှိတဲ့သူနဲ့ မျှတပြီးတော့မှ စားနေရတယ်။ အခြားရွာတွေပေါ်ကို သွားဝယ်မယ်ဆိုတော့လည်း မိုးမိပြီးတော့ ဖျားနာတွေက တအားဖြစ်မှာစိုးလို့ ဘယ်သူမှမသွားရဲတော့ ရှိတာလေးနဲ့ပဲ ငပိဖုတ်စားနေရတယ်။ တချို့တဲတွေဆို အောက်ကနေမီးထည့်ပြီး လုပ်ပေးရတယ်။ တာလပတ်က တာရှည်မခံဘူး ခါတိုင်းနှစ်က မိုးတွင်းဆိုရင် ဒီနေရာကတဲဆောက်ထားလို့မလုံခြုံဘူးလား ဟိုဘက်ကိုရွှေ့။ တခါတာလပတ်ကဖြုတ်ရတော့ ပေါက်ပြဲ။ အဲ့လိုမျိုး တာလပတ်ကလေးတွေကို သူတို့ကပြန်ပြီးတော့ မိုးနေရတော့ မိုးကမလုံဘူး။”
လက်ရှိ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတွေနဲ့ ကချင်နဲ့ မွန်ပြည်နယ်တွေမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဲ့ဒီ မိုးတိမ်တောင်ရွေ့လျားသွားရာ ဒေသတလျှောက်မှာ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေနဲ့ မိုးသီးကြွေတာတွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။