သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ချင်းတွင်းမြစ်ကမ်းဘေးက ကွန်ကရစ်လမ်းနဲ့ မြေသားလမ်းတွေ အလျားပေ ၃၀၀၀ ကျော် ပြိုကျပျက်စီးလို့ ဒေသခံတွေ သွားလာရခက်ခဲနေပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကနဲရွာအနီး ချင်းတွင်းမြစ်ကမ်းဘေးကလမ်းတွေဟာ မြစ်ရေစီးသန်တာ၊ ရေတိုက်စားတာနဲ့ လှိုင်းပုတ်တဲ့ ဒဏ်တွေကြောင့် နိုဝင်ဘာလလယ်ပိုင်းလောက်ကစပြီး အက်ကွဲလာကာ အခုလို ပြိုကျခဲ့တာပါ။
အဲ့ဒီလမ်းဟာ ကနီမြို့နယ်မြောက်ပိုင်းက ကနဲရွာ၊ ညောင်ဝန်းရွာ၊ ကျောမကြားရွာ၊ အင်းလည်ချောင်ရွာ၊ ဝရာရွာ အစရှိတဲ့ ကျေးရွာပေါင်း ၁၅ ရွာက ပြည်သူတွေ အဓိကအားထားသွားလာနေကြတဲ့ လမ်းလည်းဖြစ်ပါတယ်။
အခုလို အများပြည်သူသွားလာနေတဲ့လမ်း ပြိုကျခဲ့တဲ့အတွက် အခုဆိုရင် လယ်ကွင်းကိုဖြတ်ကာ ဆိုင်ကယ်တွေသွားလာနေရသလို ကားကြီးကားငယ်တွေကတော့ သွားလာလို့မရဘဲ ခက်ခဲနေတယ်လို့ ဒေသခံ ကိုပြည့်အောင်နိုင်က ပြောပါတယ်။
အဲ့ဒီလမ်းကို အဓိကထားသွားလာနေတဲ့ ရွာပေါင်း ၁၅ ရွာလောက်က ဒေသခံတွေဟာ စပါး၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်းသာမက ဟင်းသီးဟင်းရွက်တွေပါ စိုက်ပျိုးလုပ်ကိုင်နေကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
လမ်းပျက်စီးနေတာ တပတ်ကျော်ကြာပြီဖြစ်တဲ့အတွက် ကုန်စည်ရောင်းဝယ်ရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေမှာ နှောင့်နှေးကြန့်ကြာပြီး ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ လလယ်လောက်ကတည်းက ပြိုကျခဲ့တဲ့ အဲ့ဒီ ကွန်ကရစ်လမ်းပိုင်းကို လက်ရှိအချိန်အထိ ပြုပြင်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
အခုပြိုကျခဲ့တဲ့ ကွန်ကရစ်လမ်းကို ၂၀၁၆-၁၇ အရပ်သာအစိုးရ အုပ်ချုပ်နေတဲ့ကာလမှာ တည်ဆောက်ပေးခဲ့တဲ့လမ်းဖြစ်တယ်လို့ သိရပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ကနီ #မြစ်ကမ်းနားလမ်း #ပြိုကျ #လမ်းပန်းဆက်သွယ်ရေး
Share Share Share