လူမှုစီးပွား

အတိုးနှုန်းမြင့် ချေးငွေသံသရာထဲက ပြည်သူ့ဘဝ ဘယ်လိုကုစားကြမလဲ" (ရုပ်/သံ)

မြန်မာနိုင်ငံရဲ့မြင့်မားတဲ့ အတိုးနှုန်းတွေကြားက ချေးငွေခေါင်းစဉ်အမျိုးမျိုးအောက်မှာ ပြည်သူလူထုအားလုံးရဲ့ စီးပွါးရေးတွေဟာ နလံမထူကြတော့ပါဘူး

ဝင်ငွေ နဲ့ ကုန်ဈေးနှုန်း မမျှတမှု ပြည်သူတွေ အလူးအလဲခံနေရ

လုပ်ခ၊လစာဝင်ငွေ နည်းပါးမှုကြောင့် မြို့ပြနေ အခြေခံပြည်သူတွေနဲ့ ဝန်ထမ်းတွေဟာလဲ နေ့စဉ်မိသားစု စားသောက်စရိတ်ကို အလျဉ်မီအောင် မဖြေရှင်းနိုင်တဲ့အပြင် အခြားအိမ်မှုကိစ္စ၊‌ နေအိမ်ငှားရမ်းခ၊ သားသမီးပညာရေး၊ မိသားစုကျန်းမာရေး စတာတွေကို ဖြေရှင်းနိုင်ဖို့ အခက်အခဲများစွာရှိနေတာတွေ့ရပါတယ်။

ဝင်ငွေ နဲ့ ကုန်ဈေးနှုန်း မမျှတမှု ပြည်သူတွေ အလူးအလဲခံနေရ (ရုပ်/သံ)

ကျေးလက်ဒေသက လယ်၊ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို ကိုယ်ပိုင်လုပ်နေကြတဲ့ တောင်သူတွေမှာလဲ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ကောက်ပဲသီးနှံက ပြန်ရတဲ့ဝင်ငွေနဲ့ မရပ်တည်နိုင်ကြပဲ နှစ်စဉ်စိုက်ပျိုးစရိတ်အကြွေးတင်နေကြရသလို၊ လယ်ယာလုပ်ငန်းခွင်တွေဝင် လုပ်ကိုင်နေရတဲ့ လုပ်သားတွေဆိုရင်လဲ အလုပ်အကိုင်ကရှားပါးတော့ ရရာအလုပ်မှာ ရရာဝင်ငွေနဲ့လုပ်ကိုင်နေရတဲ့အခြေအနေမို့ နေစဉ်ထမင်းနပ်မှန်ဖို့အတွက် မနဲရုန်းကန်နေကြရပါတယ်

"ကျွဲနွား ရှားပါးပြီး တရုတ်ထုတ်စက်‌တွေ အစားထိုးသုံးစွဲနေမှု အကျိုးဆက်များ"

မြန်မာတနိုင်ငံလုံးက မြေလတ်ဒေသအပါအဝင် ကျေးလက်ဒေသတွေမှာ ယခင်က လယ်ယာ စိုက်ပျိုးရေးကဏ္ဍအတွက် အထူးအားထားရတဲ့ ကျွဲနွားတွေရှားပါးလာနေပါတယ်။ အဓိကကတော့ ပြည်တွင်းက လုပ်ငန်းရှင်အချို့ဟာ ကျွဲနွားတွေကို တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကိုတင်ပို့ဖို့ ဈေးကောင်းပေးဝယ်ယူမှုတွေပြုလုပ်ပြီး ဒီနေရာမှာ တရုတ်နိုင်ငံထုတ် လယ်ယာသုံးစက်ပစ္စည်းတွေကို တောင်သူလယ်သမားတွေ ဝယ်ယူနိုင်တဲ့နည်းလမ်းမျိုးစုံအသုံးပြုပြီး အစားထိုးတင်သွင်းရောင်းချမှုတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။

"ကျွဲနွား ရှားပါးပြီး တရုတ်ထုတ်စက်‌တွေ အစားထိုးသုံးစွဲနေမှု အကျိုးဆက်များ"

မြန်မာတနိုင်ငံလုံးက မြေလတ်ဒေသအပါအဝင် ကျေးလက်ဒေသတွေမှာ ယခင်က လယ်ယာ စိုက်ပျိုးရေးကဏ္ဍအတွက် အထူးအားထားရတဲ့ ကျွဲနွားတွေ ရှားပါးလာနေပါတယ်။

အလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်သားရှားပါးမှုကြောင့် နိုင်ငံစီးပွါးရေးကျဆင်းမှုကို ကြီးမားစွာကြုံတွေ့

တနိုင်ငံလုံးမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းကစလို့ ယနေ့အထိ လုပ်ငန်းခွင် အသီးသီးမှာ လုပ်သားရှားပါးမှုပြဿနာတွေ ကြီးမားစွာကြုံတွေ့နေရသလို အလုပ်အကိုင်ရှားပါးမှုဟာလဲ ပိုမိုဆိုးရွားလာပြီး ပြည်သူလူထုကြားမှာ ခိုးမှု၊လုယက်မှု စတာတွေအပြင် ဓါးပြတိုက်မှု ဖြစ်စဉ်တွေ မကြာခဏဖြစ်ပေါ်နေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာတဲ့အခြေအနေကို ပြည်သူတွေရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

အလုပ်အကိုင်နဲ့ လုပ်သားရှားပါးမှုကြောင့် နိုင်ငံစီးပွါးရေးကျဆင်းမှုကို ကြီးမားစွာကြုံတွေ့

တနိုင်ငံလုံးမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းကစလို့ ယနေ့အထိ လုပ်ငန်းခွင် အသီးသီးမှာ လုပ်သားရှားပါးမှုပြဿနာတွေ ကြီးမားစွာကြုံတွေ့နေရသလို အလုပ်အကိုင်ရှားပါးမှုဟာလဲ ပိုမိုဆိုးရွားလာပြီး ပြည်သူလူထုကြားမှာ ခိုးမှု၊လုယက်မှု စတာတွေအပြင် ဓါးပြတိုက်မှု ဖြစ်စဉ်တွေ မကြာခဏဖြစ်ပေါ်နေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာတဲ့အခြေအနေကို ပြည်သူတွေရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

၂၀၂၃ မှာ မြေလတ်ဒေသအပါအဝင် တနိုင်ငံလုံး စပါးစိုက်ဧကကျဆင်းပြီး ဆန်ဈေးနှုန်းကြီးမြင့်နိုင်

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာတနိုင်ငံလုံး စစ်အာဏာသိမ်းမှုကိုခံခဲ့ကြရပြီးနောက်ပိုင်းမှာ တနိုင်ငံလုံးက ကျေးလက်နေတောင်သူလယ်သမားအားလုံးရဲ့ သီးနှံစိုက်ပျိုးရေးနဲ့ လယ်ယာလုပ်ငန်းတွေအပေါ် များစွာထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10