"စစ်ပွဲတွေကြားက စိုက်ပျိုးရေးလုပ်ငန်းများအကြောင်း"

မြေလတ်ဒေသအပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ တိုက်ပွဲတွေဖြစ်ပွါးနေတာကြောင့် အဲဒီဒေသကတောင်သူလယ်သမားအများစုဟာ စိုက်ပျိုးရေးထက် အသက်လုပြေးလွှားရှောင်တိမ်းနေရတဲ့ အခြေအနေကို ရင်ဆိုင်နေကြရတာပါ။ အချို့ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးလာတဲ့အချိန်တွေဆိုရင် တောင်သူလယ်သမားတွေဟာ စိုက်ရင်းပျိုးရင်း ဖြစ်နေကြပေမယ့် အားလုံးကိုပစ်ထားခဲ့ကြရပြီး နေရပ်တွေကို စွန့်ခွါပြေးနေကြရပါတယ်။ 

ဒီအခြေအနေတွေကြောင့် အချို့သီးနှံစိုက်ခင်းတွေဆိုရင် စိုက်ပျိုးချိန်ကာလ ကျော်လွန်မှု၊ သီးနှံမျိုးတွေမလုံလောက်မှု၊ လုပ်သားအလွန်ရှားပါးမှုစတာတွေကြောင့် လုံးဝ မစိုက်ပျိုးနိုင်တော့တဲ့ နေရာဒေသတွေ ပိုမိုများပြားလာတာတွေ့ရပါတယ်။

ဒီလို ပြည်တွင်းစစ်ပွဲတွေကြားမှာ ပြည်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ဘယ်လိုအသက်ရှင်လုပ်ကိုင်နေကြရလဲ၊ ဘယ်လောက်အထိလျော့ကျသွားလဲ၊ အခက်အခဲ ဘာတွေဖြစ်ပေါ်နေလဲ စာတာတွေကို ဒီတပါတ်မြေလတ်ဒေသ လူမှုစီးပွါးအစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ(မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။

#မြေလတ်အသံ #လူမှုစီးပွား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10