ရုပ်ပုံလွှာ

စစ်အာဏာသိမ်းပြီးနောက် ကွယ်လွန်ခဲ့တဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်လေးဦး (ရုပ်ပုံလွှာ)

စစ်တပ်က ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ယနေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် လေးဦးကွယ်လွန်ခဲ့ပြီး သုံးဦးမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ရသူတွေဖြစ်ပါတယ်။

ပြည်သူတွေကို အကျိုးပြုပေးချင်တဲ့ ကယ်တင်ရှင် "မောင်ပေါများ" (ရုပ်ပုံလွှာ)

သူ့အမည်က "မောင်ပေါများ" လိုခေါ်သတဲ့။ အသက် ၁၂ နှစ်အရွယ် ဒုတိယတန်းကျောင်းသားလေး ၁ ဦးပါ။ သူက အင်္ကျီဖြူနီရောင်လက်ရှည်အကွက်ကို ကပိုကရိုဝတ်ရင်း ပုဆိုးခပ်နွမ်းနွမ်းကိုလည်း တိုတို ဝတ်ထားတာ၊ ခါးပုံစက ဒူးအောက်နားရောက်အောင် ဝတ်နေကျဖြစ်နေတာက "ပေါများ"ရဲ့ စတိုင်လ်တခုလို ဖြစ်နေပါတယ်။

CDM လုပ်ခဲ့တာကိုနောင်တမရဘဲ ဂုဏ်ယူနေဆဲ ရန်ကုန်တက္ကသိုလ် ကထိကတဦး (ရုပ်/သံ)

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရင်း နယ်စပ်ဖြတ်ကျော်တိမ်းရှောင်လာသူတွေထဲမှာ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဋ္ဌာနရဲ့ ကထိကဆရာမ နန့်ဝေမာမြင့်လည်း အပါအဝင်ပါ။ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်စပြီး သူရဲ့ကထိကရာထူးကိုစွန့်လွှတ်ကာ ရန်ကုန်မြို့ပေါ်က ဆန္ဒပြပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

အကျဉ်းစံ လူထုသပိတ်ခေါင်းဆောင် ပန်ဒါ (ရုပ်ပုံလွှာ)

“သူ့ရဲ့ လူထုကို စည်းရုံးနိုင်တဲ့အစွမ်း၊ ရှင်းပြပေးနိုင်တဲ့အစွမ်းတွေကြောင့် လူထုဟာ သူနဲ့ အတူလိုက်ပါပြီးတော့ တော်လှန်ရေးလှုပ်ရှားမှုတွေကို ပူးပေါင်းဆောင်ရွက်နိုင်လောက်အောင် သူက သက်ရောက်မှုတွေကြီးစေတဲ့အခါကျတော့ ဒီလို အငြှိုးတကြီးနဲ့ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခဲ့တယ် လို့ပဲ ယူဆပါတယ်။”

“ပြည်သူအချင်းချင်း ပြန်မသတ်ချင်လို့ CDM လုပ်တာ”  - အသက် ၁၆ နှစ်နဲ့ စစ်သားဖြစ်ခဲ့သူ

၁၆ နှစ်သားအရွယ်ကတည်းက ကလေးစစ်သားအဖြစ်စုစောင်းခံခဲ့ရတဲ့ ကိုဟိန်းဇော်ဦးဟာ ကျိုက်ထီးရိုးဘုရားကနေ သူ့ဇာတိရန်ကုန်မြို့ကို ရထားနဲ့ပြန်လာစဥ် ကျိုက်ထိုဘူတာအရောက်မှာ စစ်သားစုစောင်းရေးတပ်ရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကတည်းက စစ်သား တယောက်အဖြစ် နေထိုင်နေခဲ့ကာ သူ CDM ဝင်ရောက်လာချိန်မှာတော့ စစ်မှုထမ်းသက်က ၄ နှစ်ကျော် ရှိနေပါပြီ။

ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူ ရေတော်မောင်နိုင် (ရုပ်ပုံလွှာ)

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း စဉ့်ကူးမြို့နယ်တောင်ပိုင်း၌ အသက် ၇၀ ကျော်အရွယ် ပျူစောထီးခေါင်းဆောင် ရေတော်မောင်နိုင်သည် လူသတ်အလောင်းဖျောက်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲ ခြိမ်းခြောက်မှု၊ နေအိမ်မီးရှို့မှုများအပါအဝင် လူသတ်မုဒိမ်းမှုပေါင်းများစွာကို ကျူးလွန်ခဲ့သည်ဟု ဒေသခံများက ပြောကြသလို ၎င်းကိုယ်တိုင်လည်း ဝန်ခံထားသည်။

မဟာလူမျိုးကြီးဝါဒစစ်တပ်အောက် နေပြည်တော်အကျယ်ချုပ်နဲ့အဆုံးသတ်သွားတဲ့ ကရင်စစ်ဗိုလ်ချုပ် (ရုပ်ပုံလွှာ)

“ အရံအင်အားဆိုတာ စစ်ဗိုလ်ချုပ်တွေရဲ့ သင်္ချိုင်းပဲပေါ့။ ဘာလုပ်ပိုင်ခွင့်မှမပေး၊ ဘာရာထူးမှ မရှိတော့ဘဲ ဒီတိုင်းထားထားတာ။ နေပြည်တော်အကျယ်ချုပ်လို့ ပြောရမှာပေါ့ “

ရေစည်လှည်းတွန်း၊ အဝတ်လျှော်နေရတဲ့ တော်လှန်ရေးလက်တစုံ (ရုပ်ပုံလွှာ)

ရန်ကုန်မြို့ပြင်က ကျူးကျော်ရပ်ကွက်လေးတခုမှာ အိမ်ငှားနေတဲ့ မမိုးသက်လွင်*ဆီကို သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေတယောက်ဆီက အရေးတကြီး ဖုန်းဝင်လာပါတယ်။ “နင်မြန်မြန်ရွှေ့တော့၊ နင်နေတဲ့နေရာကို သူတို့ သိသွားပြီ” လို့ ခပ်သွက်သွက်ပြောပြီး ဖုန်းချသွားတယ်။ ကလေးမီးဖွားထားတာ ၆ လကျော်သာရှိသေးတဲ့ မမိုးသက်လွင်ဟာ အသက် ၁၂ နှစ်အရွယ် သမီးအကြီး၊ အသက် ၆ နှစ်အရွယ် သမီးအလတ်၊ အသက် ၇ လမပြည့်သေးတဲ့ သမီးအငယ်ဆုံးလေးနဲ့အတူ အမြန်ဆုံး ထွက်ပြေးသွားဖို့ ပြင်ဆင်ရပါတော့တယ်။

“အာဏာမသိမ်းခင်က ကျမက ရေ‌ပေါ်ဆီ” - 96 Soldiers တပ်ဖွဲ့ဝင် ‘ဖူး’ (ရုပ်ပုံလွှာ)

“ရှေ့နေသာလုပ်တာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာဆိုဘာမျှ လေ့လာလိုက်စားရမှန်းမသိဘူး။ တိုင်းပြည် ဘာဖြစ်နေတာလဲ။ စစ်တပ်က တိုင်းပြည်ကို ဘယ်လိုဖိနှိပ်နေတာလဲဆိုတာတွေလည်း နားမလည်ခဲ့ဘူး။”

နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ အမေရိကန်နိုင်ငံသား မိုက်ကယ်စလန်းဒစ် (ရုပ်ပုံလွှာ)

၂၀၂၁ ကတည်းကစတင်ခဲ့တဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ အမျိုးသမီးနဲ့ လူငယ်တွေအများစု ဒီနေ့အထိ ပါဝင်လှုပ်ရှားနေတာကြောင့် လွယ်လင့်တကူရှုံးနိမ့်သွားမယ့် တော်လှန်ရေး မဟုတ်ဘူးလို့ မိုက်ကယ်က ယုံကြည်နေပါတယ်။

နွေဦးတော်လှန်ရေး မကျည်းတန် သို့မဟုတ် နှလုံးလှ အကျည်းတန် (ရုပ်ပုံလွှာ)

မကျည်းတန်ဟာ အညာသားတယောက်။ အမျိုးသားတဦးအဖြစ် မွေးဖွားခဲ့ပေမယ့် အမျိုးသမီးဖြစ်ချင်ခဲ့သူ။ အမျိုသမီးတယောက်လို နေထိုင်ပြောဆိုတယ်၊ ဝတ်စားဆင်ယင်တယ်။ သူ့နာမည်ကိုလည်း မကျည်းတန်လို့ မှည့်ခေါ်စေတယ်။ သူဟာ မြန်မာပြည်အထက်ပိုင်း ထနောင်းပင်၊ တမာပင်၊ ထန်းပင်၊ မကျည်းပင်တွေ အစီအရီပေါများလှတဲ့ အညာဒေသမှာ ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့သက်မွေးဝမ်းကျောင်းနေရင်း စီးပွားရေး အတော်အသင့် အဆင်ပြေနေတဲ့ မိသားစုလေးတစုကပါ။

မြဝတီတိုက်ပွဲခေါင်းဆောင် ၄၄ တပ်မမှူး စစ်ဗိုလ်ချုပ်ရဲ့ ဇာတ်သိမ်း (ဆောင်းပါး)

၂၀၂၁ မှ ၂၀၂၄ နှစ်ဆန်းပိုင်းအထိ စကခ ၁၃ တွင် ဒုတိယတပ်မမှူးအဖြစ် ၃ နှစ်ကျော်ကြာပြီးနောက် တပ်မ ၄၄ တပ်မမှူး ဖြစ်လာတဲ့အခါ ၎င်း၏ စစ်တပ်အရာရှိဘဝ အဆုံးသတ်ရမည့်အခြေအနေကို ဆိုက်ရောက်လာခဲ့သည်။

စစ်ကား ၃ စီးကို RPG နဲ့ ဖျက်ဆီးနိုင်ခဲ့သူ ရဲဘော်ပြားကြီး (ရုပ်ပုံလွှာ)

ရဲဘော်ပြားကြီး ပထမဆုံးပစ်လိုက်တဲ့စစ်ကားဟာ ဆီတိုင်ကီကို ထိမှန်ပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်ကာ ထိုးရပ်သွားပါတယ်။ ဒုတိယအစီးကို ပစ်ခတ်ရာမှာ ကားနောက်ဘီးကို ထိမှန်ခဲ့သလို တတိယစစ်ကား တစီးကိုလည်း တည့်တည့်မတ်မတ်ထိအောင်ပစ်နိုင်လို့ အဲဒီနေ့မှာ ရဲဘော်ပြားကြီးဟာ စစ်ကားသုံးစီးကို RPG လက်နက်နဲ့ ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

CDM ၂ ကြိမ်လုပ်ခဲ့သည့် လသားမိခင်ရဲမေ (ရုပ်ပုံလွှာ)

“သူတို့(စစ်ကောင်စီ)ဘက်ကပြောသလို ဒီဘက်မှာရိုက်နှက်တာတွေဘာတွေ မရှိဘူး။ အေးအေးချမ်းချမ်းပါပဲ၊ ကျမထက် အရင်ဝင်တဲ့သူငယ်ချင်းတွေကိုလည်း အေးအေးချမ်းချမ်းပဲတွေ့ရပါတယ်”

မိုင်ဂျူလီယာဆွီးနိကိမ် (ရုပ်ပုံလွှာ)

ရဲဘော်ဆွီးနိကိမ်ဟာ အသားဖြူဖြူ မျက်နှာသွယ်သွယ်နဲ့ တိုင်းရင်းသူပီပီ ချစ်စရာကောင်းပြီး သန့်သန့်ပြန့်ပြန့်လေး နေတတ်တာကြောင့် တပ်ရင်းရှိ လူအကုန် သူ့ကိုချစ်ကြသလို မိန်းကလေးပေမယ့် ကျားကျားလျားလျားနဲ့ ယောက်ျားလေးလိုမျိုး နေတတ်သူဖြစ်ပြီး တပ်သား၊ အရာရှိ မခွဲခြားဘဲ တန်းတူဆက်ဆံတတ်သူလို့ ရဲဘော်ရဲဘက်တွေက မှတ်ချက်ပြုကြပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10