ဟယ်ရီ

မင်းကင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေ၊ ပျူစောထီး ၁ ဦးအဖမ်းခံရ(ရုပ်/သံ)

ဖေဖော်ဝါရီ ၂၂ ရက်က မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းက သင်တောရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ဦးသေပြီး ပျူစောထီး ၁ ဦးကို ဖမ်းမိတယ်လို့ မင်းကင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ Upper Chindwin Liberation Army-UCLA ရဲ့ ပြန်ကြားရေးက ပြောပါတယ်။

မင်းကင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေ၊ ပျူစောထီး ၁ ဦးအဖမ်းခံရ

ဖေဖော်ဝါရီ ၂၂ ရက်က မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းက သင်တောရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ဦးသေပြီး ပျူစောထီး ၁ ဦးကို ဖမ်းမိတယ်လို့ မင်းကင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ Upper Chindwin Liberation Army-UCLA ရဲ့ ပြန်ကြားရေးက ပြောပါတယ်။

ကလေးမှာ ဆေးရုံနဲ့ကျန်းမာရေးစင်တာ ၃ ခု လေကြောင်းတိုက်ခံရပြီး ၃ ဦးသေ

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ကလေးမြို့နယ်တောင်ပိုင်းက People's Healthcare Network (Kalay) - PHN (Kalay) ဆေးရုံ ၂ ခုနဲ့ ကျန်းမာရေးစင်တာ ၁ ခု ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရရာ အရပ်သား ၃ ဦး သေဆုံးတယ်လို့ PHN (Kalay) က သတင်းထုတ်ပြန်ပါတယ်။

ကလေးတောင်ပိုင်းက တော်လှန်ရေးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ

Golden Valley Revolution Hospital - ရွှေတောင်ကြားတော်လှန်ရေးဆေးရုံကို နံနက် ၁၀ နာရီခွဲမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး People's Healthcare Network (Kalay) ရဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာ နိုင်ငံအလယ်ပိုင်းက ၁၀ မြို့ ကို စစ်ကောင်စီ ဆုံးရှုံးထား

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ၂၀၂၁ စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာမှာ စစ်ကိုင်းတိုင်းက ၅ မြို့၊ မန္တလေးတိုင်းက ၄ မြို့နဲ့ ပဲခူးတိုင်းအရှေ့ခြမ်းက ၁ မြို့ စတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက စုစုပေါင်း ၁၀ မြို့ကို အာဏာသိမ်းစစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရပါတယ်။

စစ်ကိုင်းက စက်သုံးဆီသိုလှောင်ခြံ ၁ ခုကို စစ်ကောင်စီဝင်ဖမ်းပြီး ဂါလံ ၆ သောင်းကျော်သိမ်း

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ရာ သယံဇာတလုပ်ကွက်တွေဆီ တင်ပို့ရောင်းချနေတဲ့ စစ်ကိုင်းမြို့နယ်က ဆီသိုလှောင်ခြံ ၁ ခုကို ဝင်ဖမ်းရာ ဆီဂါလံ ၆ သောင်းကျော်၊ လူ ၁၇ ဦးနဲ့ မော်တော်ယာဉ် ၂၂ စီး ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ရေရှည်ပဋိပက္ခအထိ ဦးတည်နေတဲ့ ခေတ်သစ်ပျူစောထီး (ဆောင်းပါး)

“အစပိုင်းမှာ ပျူစောထီးတွေက တရားဝင်လက်နက်မကိုင်ဘူး။ စစ်တပ်သတင်းပေးလုပ်တယ်။ စစ်တပ်ကို ဆန့်ကျင်တဲ့သူတွေကို စစ်တပ်အားကိုးနဲ့ ခြိမ်းခြောက်မှုတွေလုပ်ပြီး စစ်တပ်ရဲ့ ရပ်ကျေးအုပ်ချုပ်ရေးကို မပျက်သွားအောင်ထိန်းပေးခဲ့တယ်။ ခုနောက်ပိုင်းမှာတော့ ပြည်သူ့စစ်အသွင်ပြောင်းပြီး တရားဝင်လက်နက်ကိုင်ဆောင်လာတာရှိပါတယ်။”

တရက်တသောင်းနဲ့ စားမလောက်တော့တဲ့ ကုန်ဈေးနှုန်း (ရုပ်သံဆောင်းပါး)

၂၀၂၄ စက်တင်ဘာမှာ မြေလတ်အသံရဲ့ စာရင်းကောက်ယူမှုအရ ပဲခူးတိုင်းထဲက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ နဲ့ ယှဉ်ရင် သုံးဆအထိ မြင့်တက်လာတာကို တွေ့ရပါတယ်

မင်းအောင်လှိုင်ကို အမှုဖွင့်တရားစွဲပြီး ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေ အဆိုတင်သွင်း

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ရဲ့ ရှေ့နေ ကာရင်မ်အေအေခန်းက စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ကို ရခိုင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေမှာ အဓိကတာဝန်ရှိသူအဖြစ် အမှုဖွင့်တရားစွဲပြီး ဖမ်းဝရမ်းထုတ်ဖို့ ICC တရားသူကြီးတွေထံ အဆိုတင်သွင်းလိုက်ပါတယ်။

စစ်အာဏာရှင်ဟောင်း သန်းရွှေရဲ့သားမက် ဒေါက်တာနေစိုးမောင်ကို မင်းအောင်လှိုင်ဖမ်း  ■ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးရက်လည်လာပြီးနောက်မှာ အဖမ်းခံရတာလို့ဆို

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဒေါက်တာနေစိုးမောင်ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေအောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်တာကြောင့် ၂၀၂၄ အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီခွဲမှာ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုထားပါတယ်။

ရှင်သန်ရပ်တည်ရေးကို ခြိမ်းခြောက်လာတဲ့ မြေဆီလွှာပျက်စီးမှု (ဆောင်းပါး)

၂၀၂၁ စစ်အာဏာသိမ်းလိုက်တဲ့အခါ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းတွေ ရပ်တန့်သွားပြီး သယံဇာတအလွန်အကျွံထုတ်ယူမှု မြင့်တက်လာတာတွေဟာ အခြေအနေတွေကို ပိုဆိုးသွားစေပါတယ်။ ဒါဟာ အရှေ့တောင်အာရှက အဆင်းရဲဆုံးသော မြန်မာနိုင်ငံရဲ့ ရေရှည် စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် - WFP ရဲ့အဆိုအရ အခုကတည်းက မြန်မာနိုင်ငံရဲ့ လူဦးရေ ၂၆ ရာခိုင်နှုန်းဟာ မငြိမ်သက်မှုတွေကြားမှာ စားနပ်ရိက္ခာလိုအပ်မှုရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကွယ်လွန်ခဲ့တဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်လေးဦး (ရုပ်ပုံလွှာ)

စစ်တပ်က ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ယနေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် လေးဦးကွယ်လွန်ခဲ့ပြီး သုံးဦးမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ရသူတွေဖြစ်ပါတယ်။

အကျဉ်းစံ လူထုသပိတ်ခေါင်းဆောင် ပန်ဒါ (ရုပ်သံဆောင်းပါး)

ငယ်စဉ်ကလေးဘဝကတည်းက စာပေဝါသနာပါသူ၊ တက္ကသိုလ်ကျောင်းသားဖြစ်တော့လည်း ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ကြိုးစားခဲ့သူ၊ ဒီမိုကရေစီရေး အစဉ်တစိုက် လှုပ်ရှားလာခဲ့သူ၊ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မုံရွာက နေ့စဉ်ရက်ဆက်ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ရင်း တိုင်းသိပြည်သိ ထင်ရှားလာသူကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း ပန်ဒါလို့ ချစ်စနိုးအခေါ်ခံရတဲ့ ကိုဝေမိုးနိုင်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက် ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်ထဲမှာ ၃ နှစ်ကြာဖြတ်သန်းရင်း အသက် ၂၉ နှစ် ပြည့်သွားခဲ့ပါပြီ။

တရက် တသောင်းနဲ့ စားမလောက်တော့တဲ့ ကုန်ဈေးနှုန်း (သုံးသပ်ချက်ဆောင်းပါး)

စစ်တပ်အာဏာစသိမ်းကတည်းက ကုန်ဈေးနှုန်းတရိပ်ရိပ်မြင့်တက်လာမှုကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေရဲ့ လက်တလောအခြေအနေဟာ အိမ်ထောင်စုတစု တရက်စာ စားစရိတ်အတွက် ၁၀,၀၀၀ ကျပ်နဲ့ မလောက်တော့တဲ့ အခြေအနေဆိုက်နေပါပြီ။

အကျဉ်းစံ လူထုသပိတ်ခေါင်းဆောင် ပန်ဒါ (ရုပ်ပုံလွှာ)

“သူ့ရဲ့ လူထုကို စည်းရုံးနိုင်တဲ့အစွမ်း၊ ရှင်းပြပေးနိုင်တဲ့အစွမ်းတွေကြောင့် လူထုဟာ သူနဲ့ အတူလိုက်ပါပြီးတော့ တော်လှန်ရေးလှုပ်ရှားမှုတွေကို ပူးပေါင်းဆောင်ရွက်နိုင်လောက်အောင် သူက သက်ရောက်မှုတွေကြီးစေတဲ့အခါကျတော့ ဒီလို အငြှိုးတကြီးနဲ့ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခဲ့တယ် လို့ပဲ ယူဆပါတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10