တရက်တသောင်းနဲ့ စားမလောက်တော့တဲ့ ကုန်ဈေးနှုန်း (ရုပ်သံဆောင်းပါး)

(မြေလတ်အသံသတင်းဌာနမှ စက်တင်ဘာ ၂၅ ရက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးအား ရုပ်သံဆောင်းပါးအဖြစ် ပြန်လည်တင်ဆက်ခြင်းဖြစ်သည်။)

စစ်တပ်အာဏာစသိမ်းကတည်းက ကုန်ဈေးနှုန်းတရိပ်ရိပ်မြင့်တက်လာမှုကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေရဲ့ လက်တလောအခြေအနေဟာ အိမ်ထောင်စုတစု တရက်စာ စားစရိတ်အတွက် ၁၀,၀၀၀ ကျပ်နဲ့ မလောက်တော့တဲ့ အခြေအနေဆိုက်နေပါပြီ။ 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က မိသားစုဝင်ငါးယောက်ရှိတဲ့ အိမ်ရှင်မတဦးက “ ၂၀၂၁ မှာ တနေ့တာ စားစရိတ် ၅,၀၀၀ လောက်ကျတယ်။ အခု ၂၀၂၄ မှာ ၁၅,၀၀၀ လောက်ကျတယ်။” လို့ ဆိုပါတယ်။ 

၂၀၂၄ စက်တင်ဘာမှာ မြေလတ်အသံရဲ့ စာရင်းကောက်ယူမှုအရ ပဲခူးတိုင်းထဲက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ နဲ့ ယှဉ်ရင် သုံးဆအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ 

တည်းဖြတ် -‌ HP

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်သံဆောင်းပါး #ကုန်ဈေးနှုန်း #စားဝတ်နေရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10