ပေးစာ

မြေလတ်ပေးစာ (Podcast)

- ဝေါမြို့နယ်၊ ရွာတွေမှာ စစ်မှုထမ်းမယ့်သူမရှိရင် ကျပ်သိန်း ၆၀ ကျော်ပေးရမယ်လို့တောင်းနေ။ - မှော်ဇာအုပ်စုမှာ ဂျင်ဝိုင်း၊​ ဖဲဝိုင်းတွေလုပ်ကိုင်တာအပြင် လူငယ်တွေကို အနိုင်ကျင့်သူတွေရှိနေ။ - မကွေးတိုင်း၊ ဆင်လူးရွာက စစ်သားနဲ့ပျူတွေ ပြည်သူတွေအထိတ်တလန့်ဖြစ်အောင်လုပ်နေ။

မြေလတ်ပေးစာ (Podcast)

- ပြည်သူတယောက်အနေနဲ့ တော်လှန်ရေးအဖွဲ့တွေကို ဒီလောက်ပဲအကြံပေးရဲပါတယ်ဆိုတဲ့စာ။ - အုတ်ဖိုမြို့၊ ငါးရှဉ့်ရိုးအုပ်စုအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပြည်သူတွေကိုဘယ်လို လုပ်နေသလဲ။ - သဲကုန်းမြို့ပေါ်က ပြည်သူတွေရဲ့ ဒုက္ခ။

အလိမ်မခံရအောင် Call ခေါ်ပါ (ပြည်သူမှ ပြည်သူသို့ ပေးစာ)

ထောက်ပို့ငွေ ကျပ်သိန်းပေါင်း ‌ရာထောင်ချီ အလိမ်ခံရပုံကို လတ်တလော ဖြစ်ရပ်တချို့က သက်သေပြနေပါတယ်။ လေ့လာကြည့်စေလိုပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း အလုပ်အမှုဆောင်အဖွဲ့သို့ အိပ်ဖွင့်ပေးစာ

အမှုဆောင်များအတွက် တလလျင် အသင်းမှ ပေရသည့်ငွေသည် ကျပ် ၆၇ သိန်းရှိသည်။ တလလျှင် ဥက္ကဌက ကျပ် ၁၅သိန်း ၅ သောင်း၊ ဒုဥက္ကဌက ကျပ် ၁၄ သိန်း ၅ သောင်း၊ ဘဏ္ဍာရေးမှူးက ကျပ် ၁၃သိန်း ၅ သောင်း၊အတွင်းရေးမှူးက ကျပ် ၁၃သိန်း ၅ သောင်း၊ကျန် အမှုဆောင် ၁၅ ဦးအတွက် တယောက် ကျပ် ၂ သိန်းဖြစ်ရာ စုစုပေါင်း ကျပ်သိန်း ၃၀။

လက်နက်ကိုင် တော်လှန်ရေးဟာ ဘယ်သူ့အတွက်လဲ၊ ဘာကြောင့် လက်နက်ကိုင်တာလဲ (ပေးစာကဏ္ဍ)

“ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်ဦးထုပ်ကိုချွတ်ပြီး နိုင်ငံရေးခေါင်းပေါင်း ပေါင်းခဲ့ပါတယ်။ ယခုခေတ် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဗိုလ်ချုပ်လမ်းစဉ်နဲ့ အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်ပမာ ဆန့်ကျင်နေပါတယ်။ လွှတ်တော်ကိုယ်စာလှယ်တွေဟာ နိုင်ငံရေးအရလုပ်ဆောင်ရမယ့်အရာတွေ မလုပ်ဆောင်ဘဲ စစ်ယူနီဖောင်းဝတ် ခါးပိုက်ဆောင်တပ်တွေထောင်ပြီး ထင်ရာဆိုင်းနေတာဟာ ကြီးမားတဲ့ အခက်အခဲ တစ်ခုပါပဲ”

NUG အစိုးရ မြင်စေ ကြားစေ၊ လက်တွေ့လုပ်နိုင်ကြပါစေ၊

ဒီနေရာမှာ ဦးလေး ထပ်မေးချင်တာက ချောင်းဦးမြို့က ပကဖတွေ၊ ပအဖတွေရဲ့ ကျူးလွန်ခဲ့တဲ့ မတရားမှုတွေ ကို NUG အနေနဲ့ တားဆီးတာ၊ ဟန့်တားတာ၊ လူသိရှင်ကြား သတိပေးတာတွေ မလုပ်တော့ဘူးလား။ ဒီလိုလုပ်ရပ်တွေကို ဆက်ဖြစ်အောင် ခွင့်ပြုပေးနေတာလား။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10