တပတ်အတွင်း မြေလတ်သတင်း

တပတ်အတွင်း မြေလတ်သတင်း

- စစ်မှုထမ်းကို ဆန့်ကျင်သူတွေနဲ့ တပ်သားသစ်တွေကို PRF က အခြေခံစစ်သင်တန်းဆင်းပေးနိုင်ခဲ့ - ဗျူဟာ ၄၂ အတွက် စုဖွဲ့မှုအားကောင်းဖို့ လက်နက်ခဲယမ်းများ MOD တပ်ဆင်ပေး - ဆားလင်းကြီးရဲစခန်းနဲ့ ထွေအုပ်ရုံးကို အလင်းဝင်ဖို့စာတွေကြဲချပြီးနောက် တိုက်ပွဲဖြစ် - လက်ယက်မရွာ လေယာဥ်နဲ့ဗုံးကြဲခံရလို့ ၆ နှစ်အရွယ်ကလေး ၁ ဦးအပါ ၆ ဦးသေဆုံး - သေဆုံးသူတွေထဲ မိသားစုဝင် ၄ ဦးပါဝင် - ထန်းတပင်မှာ နေရပ်ပြန်သူတွေကို စစ်အုပ်စုက စစ်ဆေးမေးမြန်းမှုမရှိ ပစ်ခတ်နေလို့ ဒေသခံတွေနေရပ်မပြန်ရဲသေး - မြိုင်နယ်ထဲက စစ်အုပ်စုဂိတ်နဲ့ ဌာနဆိုင်ရာရုံးတွေကို မဟာမိတ်အင်အားစုတွေ သွားရောက်တိုက်ခိုက် - ဘုန်းကြီးဝါသဝရဲ့ ပျူစောထီးစစ်ကြောင်းက ခင်ဦးနယ်က ရွာ ၁၂ ရွာကို ဆက်တိုက်မီးရှို့ - မြောင်နယ်က စစ်ရှောင်စခန်းတခုမှာ အရေပြားနဲ့ ဂေါက်ရောဂါအဖြစ်များနေ - ရှေ့တန်းရောက် PDF ရဲဘော်တွေရဲ့ မိသားစုတွေကို အခမဲ့ဆေးကုသမယ့်အစီအစဥ် ပြုလုပ်ထား

တပတ်အတွင်း မြေလတ်သတင်း

- မြိုင်မှာ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့ဗုံးကြဲခံရပြီး ပျူစောထီး ၁ ဦးသေဆုံး - ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူးအပါ ရဲအရာရှိ ၃ ဦးလိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ၃ ဦးလုံး သေဆုံး - တောင်ငူ ဒုတိယအကြိမ်ရေကြီးမှုမှာ ရေဘေးသင့်သူ ၁၀,၀၀၀ ကျော်ရှိခဲ့ - ပျူစောထီးရွာကို လေယာဥ်နဲ့လာပို့တဲ့ ရိက္ခာတွေကို PDF သိမ်းဆည်း - ကမ္မမြို့ ဓါတ်အားပေးစက်ရုံအဟောင်းက ရဲကင်းစခန်း ၄ ရက်ဆက် ဒရုန်းနဲ့ကြဲခံရပြီး ရဲတွေစခန်းစွန့်ခွာသွား - အောင်လံမှာ ခရီးသွားနဲ့ ဒေသခံ ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီဖမ်းဆီး - စစ်ရှောင် ဆင်ထိန်းမိသားစုနဲ့ ဆင်များကို PLA တပ်ရင်းက စောင့်ရှောက်ထား - အင်းတော်မှာ စစ်တပ်ကလူသားဒိုင်းအဖြစ်ပိတ်ဆို့ထားတဲ့ ပြည်သူ ၁၀၀၀ကျော်ထဲက ၂ဦးသေဆုံး - စစ်တပ်ကပျက်ကျခဲ့တဲ့ တရုတ်ထုတ် ထောက်လှမ်းရေးဒရုန်းတစင်း တော်လှန်ရေးတပ်ဖွဲ့တွေရရှိ

တပတ်အတွင်း မြေလတ်သတင်း

- ပဲခူးအနောက်ခြမ်းမှာ စစ်တပ်က ပေါ်တာအဆွဲကြမ်းနေ - စစ်ကိုင်းတိုင်းမှာ ၇ လအတွင်း အရပ်သား ၅၀၀ ဦးဝန်းကျင်သေဆုံး - တောင်ငူမှာ စစ်တောင်းမြစ်ရေပြန်တက်လို့ လူဦးရေ ၄၀၀၀ ကျော် ပြန်လည်ပြောင်းရွှေ့နေရ - မုံရွာမှာ တရက်တည်း လူငယ် ၁၀၀ နီးပါး အဓမ္မဖမ်းဆီးခံရ - ပဲခူးမြို့နယ်က NLD ပါတီဝင်နဲ့ တက်ကြွလှုပ်ရှားသူ ၅ ဦးရဲ့နေအိမ်တွေ ချိပ်ပိတ်ခံရ - ပုလဲမြို့နယ်၊ အင်မထီးရွာမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ ၅,၀၀၀ ခန့် စစ်ရှောင်နေ - အညာမှာ စစ်ကောင်စီကိုဆန့်ကျင်ကြောင်း တောင်သူတွေ ကောက်စိုက်ရင်းဆန္ဒပြ - လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းများ ရှောင်ရှားနည်း ပညာပေး‌ဟောပြောပွဲ မြိုင်မှာ ပြုလုပ်နေ

တပတ်အတွင်း မြေလတ်သတင်း

- ပဲခူးနဲ့ မကွေးတိုင်းက မြို့နယ်တွေမှာ စစ်တပ်က တပ်သားသစ်စုဆောင်းမှုနဲ့ ငွေကြေးကောက်ခံတာတွေလုပ်နေ - ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း နိုင်ငံရေးအမှု ၁၇ ဦးအပါ အချုပ်သား ၂၀ ဦးကိုကယ်ထုတ်နိုင် - ခင်ဦးမြို့နဲ့ ထန်းတပင်မြို့တို့မှာ စစ်တပ်ကလေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေထိခိုက်သေဆုံးပြီး ထွက်ပြေးတိမ်းရှောင်နေ - ပေါင်းတည်က နေအိမ် ၂၁ လုံးကို စစ်တပ်ကမီးရှို့၊ ကား ဆိုင်ကယ်တွေလည်း ပျက်စီး - ဒိုက်ဦးထောင် နိုင်/ကျဥ်းအမျိုးသမီး ၇ ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ရိုက်နှက်ခံထားရ - မုံရွာ-ခန္တီးရေကြောင်းတလျှောက် စက်လှေ ၁ စီးကို ကောက်ခံငွေကျပ်သိန်း ၁၀၀ ကျော်ပေးရလို့ စက်လှေ ပြေးဆွဲမှုတချို့ ရပ်နား - စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းထဲကကျေးရွာတချို့နဲ့ မုန်းမြို့က စစ်ဘေးရှောင်တွေမှာ တုပ်ကွေးနဲ့အရေပြားရောဂါအတွက် ဆေးဝါးတွေလိုအပ်နေ - ဒီပဲယင်းက စစ်ဘေးရှောင် ၂ သောင်းကျော် စားနပ်ရိက္ခာအရေးပေါ်လိုနေ

တပတ်အတွင်း မြေလတ်သတင်း

- ရခိုင်ရိုးမ တောင်ကုတ်ကားလမ်းပေါ်က ဒေသခံတွေရဲ့ စားသောက်ကုန်ဝယ်ယူမှုကို စစ်ကောင်စီက ကန့်သတ် - ကန့်ဘလူနယ်က ရွာ ၁၆ ရွာကို စစ်သားနဲ့ပျူတွေမီးရှို့လို့ နေအိမ် ၆၀၀ ကျော်ပျက်စီး - ထန်းတပင်မြို့နယ်ထဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ - ဇီးကုန်းမှာ စစ်မှုထမ်းကြေးဆိုကာ စစ်ကောင်စီက အဓမ္မပိုက်ဆံတောင်းနေ - မအူဂိတ်ကနေ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၈ ဦး၊ အမျိုးသား ၃ ဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရ - ရေနံချောင်းမှာ တိုက်ပွဲကြောင့် လူထောင်ချီ ထွက်ပြေးနေရပြီး စားသောက်ရေးအခက်ကြုံနေ - စက်သုံးဆီရရှိဖို့ အခက်အခဲကြောင့် လူမှုကူညီရေးအသင်းတချို့ ရပ်နားဖို့အထိဖြစ်လာ - ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ မိသားစုကိုထောက်ပံ့ဖို့ PDF တွေ စပါးစိုက် - ဆားလင်းကြီးက ဒေသခံ ၁၅၀ ကျော်ကို BLDF က ကျန်းမာရေးစောင့်ရှောက်မှုပေး

တပတ်အတွင်း မြေလတ်သတင်း

- ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့အခမ်းအနားကို ABSDF စစ်ကြောင်း ၃ က ပြုလုပ် - စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကပစ်ခတ်လို့ မြိုင်နယ်ကဒေသခံ ၅၀၀၀ ကျော် အရေးပေါ်ထွက်ပြေးရ - ရေစကြိုနယ်က နေအိမ် ၂၃ လုံးကို စစ်အုပ်စုက မီးရှို့လို့ ပြာကျပျက်စီး - ဗကသရဲဘော်သတ်ဖြတ်ခံရမှု ကျူးလွန်ကြောင်းဝန်ခံထားသူတဦးကို တရားစွဲဆိုနိုင်ရေးလုပ်ဆောင်နေ - မင်းတုန်းဒေသခံတွေကို သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး - ခန္တီးမြို့ရေကြီးပြီးနောက် ကုန်စျေးနှုန်း ၂ ဆ မြင့်တက်နေ - ပသုံးလုံးထိန်းချုပ်နယ်မြေ ဝက်လက်မှာ ဆည်ရေမရတာနဲ့ မိုးမရွာတာကြောင့် မိုးစပါးဧက ၇၀၀၀ ကျော် စိုက်ဖို့အခက်တွေ့ - တောင်ငူက ရေဘေးသင့်ပြည်သူ ၁ သောင်းကျော်အတွက် အကူညီလိုအပ်နေဆဲ

တပတ်အတွင်း မြေလတ်သတင်း

- ထီးလင်းမြို့နယ်က သံဃာတော်တွေစုပေါင်းပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက် - မင်းကင်းနယ်က NUG စာသင်ကျောင်း လေယာဉ်ဗုံးကြဲခံရပြီး အရပ်သား ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ - မြစ်မခမြစ်ရေတက်ပြီး တံတားတံစင်းပျက်စီးသွားလို့ ရေဘေးသင့်သူတွေကိုကယ်ဆယ်ရေး အခက်တွေ့ - ကိုဗစ်ကာလနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မကျင်းပနိုင်တဲ့ ရိုးရာနတ်ပွဲ ပြန်လည်ကျင်းပ - နေရာအနှံ့ ရေကြီးရေလျှံဖြစ်နေချိန် ကောလင်းအနောက်ခြမ်းမှာ မိုးခေါင်ရေရှားနေလို့ လွန်ဆွဲပွဲ ပြုလုပ် - စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ချင်းတွင်းမြစ်ကမ်းဘေးက ဒေသခံ ၁ သောင်းကျော် ထွက်ပြေးရ - ကျောင်းပြန်ကလေးတွေကို စစ်တပ်က ရဟတ်ယာဉ်နဲ့လိုက်ပစ် - ပဲခူးမှာ အိမ်ခေါင်မိုးနစ်မြုပ်တဲ့အထိရေကြီးနေပြီး ရေဘေးသင့်ပြည်သူ သောင်းချီအထိမြင့်တက်

တစ်ပတ်အတွင်း မြေလတ်သတင်း

- ပဲခူးတိုင်းအရှေ့ခြမ်းက မြို့နယ် ၁၁ မြို့နယ်မှာ မိုးကြီးရေလျှံမှုဖြစ်နိုင် - စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့အရာတော်တို့မှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ကြိုးပေးအသတ်ခံရသူ ၄ ဦးအတွက် ၂ နှစ်ပြည့် ဝမ်းနည်းခြင်းသပိတ်များကျင်းပ - မင်းကွန်းဆရာတော်ဘုရားကြီး ကျောင်းနံဘေးနေအိမ်တွေအပါ လူနေအိမ် ၃၀ ကျော်ကို စစ်အုပ်စုမီးရှို့ - တိုက်ပွဲအကြီးအကျယ်ဖြစ်လာမယ်ဆိုတဲ့သတင်းကြောင့် ပဲခူး-ကရင်ပြည်နယ်အစပ်က ဒေသခံထောင်ချီ ပြောင်းရွှေ့နေ - မြေပဲအောင်ကာနီး ရက်ပိုင်းအလိုမှရေကြီးလို့ ရွာ ၅ ရွာက ပဲဧက ၂၅၀ ကျော် ပျက်စီးဆုံးရှုံး - ဂန့်ဂေါနဲ့ချင်းပြည်နယ်ဆက်သွယ်ထားတဲ့ တံတား ၂ စင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီး - ကလေးနယ်က စစ်ရှောင်ပြည်သူတွေအတွက် ဆေးခန်းအသစ် ၁ ခု ဖွင့်လှစ်ကုသပေး - မိုးတွင်းကာလ တပ်ဖွဲ့ရိက္ခာအတွက်အသုံးဝင်တဲ့ တောင်ယာစိုက်ခင်းတွေ ကိုယ်ထူကိုယ်ထစိုက်ပျိုး

တပတ်အတွင်း မြေလတ်သတင်း

- ယင်းမာပင်နဲ့ ကလေးမြို့တို့မှာ အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှုနဲ့ စာစီစာကုံးပြိုင်ပွဲကျင်းပ - ပဲခူးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်နိုင် - ပျူစောထီးတွေ ဓားစာခံလုပ်ဖမ်းဆီးသွားတဲ့ အိုရင်းရွာဒေသခံ ၂၀ ကျော် ၁၀ ရက်ကြာအထိမလွတ်သေး - ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် နှမ်းခင်းနဲ့ကွမ်းခြံတွေ ပျက်စီးဆုံးရှုံးရ - ပန်းတောင်းနယ်မှာ စစ်တပ်က လိုင်းကြေးယူပြီး ကျွန်းနဲ့သစ်မာတွေ ခိုးထုတ်ခွင့်ပြုထား - မင်းလှမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အုပ်စုက ဒေသခံနေအိမ် ၃၀ ကျော်ကို မီးရှို့ခဲ့ - ၂ နှစ်ကျော်စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော် သောက်သုံးရေခက်ခဲနေ

တပတ်အတွင်း မြေလတ်သတင်း

- ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပခဲ့ကြ - မကွေးထောင်အာဏာပိုင်တွေက နိုင်/ကျဥ်းတွေကို ရိုက်နှက်၊ တိုက်ပိတ်တာတွေလုပ်နေ - စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ပြည်သူတွေထိခိုက်သေဆုံးခဲ့ရ - ခန္တီးမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးဆုံးရေကြီးမှုပြန်ကြုံနေရပြီး လူဦးရေသောင်းချီ ရေဘေးသင့် - ၅ နှစ်ကျော်အကြာ ရေမကြီးတဲ့ မုံရွာမြို့တောင်ပိုင်းမှာ ရေကြီးရေလျှံဖြစ်နေ - ဝါသဝပျူစောထီးစစ်ကြောင်းက အမျိုးသမီး ၁၀ ဦးကို ဖမ်းဆီးပြီး ရိက္ခာနဲ့လဲခိုင်း - ဝက်လက်မှာ ဆယ်ကျော်သက်အရွယ် ဗကသရဲဘော်တဦး သတ်ဖြတ်ခံရ - ပန်းတောင်းမှာ မိုးစပါးစတင်စိုက်ပျိုးကာလ မိုးမရွာလို့ တောင်သူတွေ အခက်တွေ့နေ - တောင်ငူက တိုင်းရင်းသားမိဘမဲ့ကျောင်းမှာ နှစ်ရှည်ပင် ၂၀၀၀ စတင်စိုက်ပျိုး

တပတ်အတွင်း မြေလတ်သတင်း

- ပဲခူးနဲ့မွန်ပြည်နယ်အစပ်မှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတွေကို လုံခြုံရေးချလာ - မြစ်ရေမြင့်တက်လာပြီး စစ်ကိုင်းတိုင်း ကမ်းနားမြို့အချို့ ရပ်ကွက်တွေထဲ မြစ်ရေဝင်ရောက် - ကနီနယ်ကသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံ‌ဆောင် သပိတ်မှောက် - ချောင်းဦး-မုံရွာလမ်းပိုင်းမှာ ခရီးသည်တင်Expressကား ၈ စီး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ၂၄ ဦး ဒဏ်ရာရ - ဘန့်ပြင်ရွာမှာ စစ်တပ်က အင်အားရာကျော်နဲ့တပ်စွဲနေလို့ ဒေသခံ ၃၀၀ ကျော်ထွက်ပြေးနေရ - ယခုနှစ် မိုးစပါးသွင်းအားစုစျေးနှုန်း ၂ ဆမြင့်တက်ပြီး တောင်သူတွေ အကြွေးဝန်ပိ - စစ်ခေါင်းဆောင်ဇနီး ကြူကြူလှ ဦးဆောင်ပြီး စစ်တပ်ဝါဒဖြန့်သရုပ်ဆောင်အများအပြားနဲ့ မြန်မာအမျိုးသမီးနေ့အကြိုပွဲကျင်းပ - ပခုက္ကူပကဖ က တပ်တွင်းအထောက်အကူဖြစ်စေမယ့် မြေပဲစိုက်ပျိုးမှု စတင်

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၅ ဦး ၈ လအကြာမှာ ထွက်ပြေးလွတ်မြောက်လာ - ဆင်အင်းရွာပအဖအဖွဲ့ ပြန်လည်ဖွဲ့စည်းပေးဖို့ ဒေသခံနဲ့စစ်ဘေးရှောင်တွေ ဆန္ဒပြ - ကျောက်တံခါးမြို့ပေါ်ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ - အင်းတော်မှာ လေယာဉ်နဲ့ဗုံးကြဲလို့ ဘုန်းကြီး ၁ ပါးနဲ့ ကလေးငယ် ၁ ဦး အပါ ပြည်သူ ၁၇ ဦး သေဆုံး - မြောင်နယ်မှာ လိင်စိတ်ခံယူချက်ကွဲပြားသူတွေအကြောင်း အသိပညာပေးလှုပ်ရှားမှုပြုလုပ် - ဂန့်ဂေါနယ်က စစ်ရှောင်နဲ့ PDF ရဲဘော်တွေအတွက် ဆေးဝါးရရှိဖို့ခက်ခဲနေ - မြိုင်မှာ သံဃာ ၁၀၀ ကျော်က စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက် - ၁ နှစ်စာ စားနပ်ရိက္ခာဖူလုံစေရန် အညာမြေပြောက်ကျားတပ်ဖွဲ့က သီးနှံများစိုက်ပျိုး - စားဝတ်နေရေးခက်ခဲတဲ့ မီးဘေးသင့်စစ်ရှောင်တွေကို ကျပ်သိန်းပေါင်း ၁,၆၀၀ ကျော်ထောက်ပံ့

တပတ်အတွင်း မြေလတ်သတင်း

- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို စစ်ကိုင်း၊ ပဲခူးနဲ့မကွေးတိုင်းတို့ကကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေက ကျင်းပ - မဟနအဖွဲ့ဝင် ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လိုက်ပါလာတဲ့ကားကို စစ်တပ်ကပစ်လို့ ဆရာတော် ပျံလွန်တော်မူ - မင်းတုန်းနယ်က အများပြည်သူသုံးတဲ့လမ်းတွေမှာ စစ်ကောင်စီက မိုင်းတွေထောင် - စစ်ကိုင်းတိုင်း၊ ကျွန်းလှနဲ့ ဘုတလင်မြို့တွေမှာ စစ်တပ်ကလေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်၊ ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိ - အခုနှစ်အတွင်း စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃၇၀ ခန့်သေဆုံး - ဒိုက်ဦးထောင်မှာ နိုင်ကျဥ်းအမျိုးသမီး ၈၀ ကျော်ရိုက်နှက်ခံရပြီး ၅ ဦးဒဏ်ရာပြင်းထန်ရ - နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင် ၇၀၀၀ ကျော်အတွက် မြေနေရာအရေးပေါ်လိုအပ်နေ - ဗုံးထိမှန်ပျက်စီးခဲ့တဲ့ ကြားကာလစာသင်ကျောင်း ပြန်လည်ပြုပြင်ဖို့ အကူညီလိုအပ်နေ

တပတ်တွင်းမြေလတ်သတင်း

- အလုပ်ရုံက ဝန်ထမ်း ၉ ဦးကို စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မဝင်ဖမ်း - ၂ လအတွင်း မော်လိုက်က ပြည်သူ ၂၀၀ ကျော် စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံရ - လက်ပံတန်းက ကျေးရွာချင်းဆက်လမ်းကို စစ်တပ်က ဖျက်ဆီး - နတ်တလင်းမှာ စစ်မှုထမ်းရမယ့်စာရင်းမှာ အမျိုးသမီးတွေစတင်ပါဝင်လာပြီး လူစားထိုးဖို့ ကျပ်သိန်းချီ ငွေတောင်း - ပြည်မြို့မှာ လမ်းသွားလမ်းလာတွေကို VPN ရှိမရှိ စစ်ဆေးပြီး ဒဏ်ငွေပေးဆောင်ခိုင်း - တောင်သူတွေ စိုက်စရိတ်သက်သာဖို့ PDF တွေ လုပ်အားပေး - မီးရှို့ခံရတဲ့ အိမ်ထောင်စု ၁၉၉ စုအတွက် သိန်း ၇၀၀ ကျော်လှူဒါန်းပေးခဲ့တဲ့ 96 DoNation

တပတ်အတွင်းမြေလတ်သတင်း

- မင်းကင်းမှာ မင်္ဂလာပွဲလေကြောင်းဗုံးကျဲခံရမှု ကလေးငယ် ၈ ဦးအပါ သေဆုံးသူ ၃၀ ကျော်အထိ မြင့်တက် - ရွှေကျင်မှာ စစ်ကောင်စီပစ်တဲ့လက်နက်ကြီးထိလို့ ဒေသခံ ၃ ဦးဒဏ်ရာရ - မင်းတုန်းမှာ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၃၀ ကျော် ပေါ်တာဆွဲခံရ - ပျူစောထီး စစ်ကြောင်းက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွား - မြိုင်နဲ့ ပခုက္ကူအစပ်က ကျေးရွာကို လေယာဉ်ဗုံးကြဲလို့ ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၃ ဦးသေဆုံး - ဝေါနယ်က ရွာတွေမှာ စစ်မှုထမ်းလူငှားထည့်ဖို့ တအိမ်ထောင် ကျပ်သုံးသောင်း တောင်းယူနေ - စစ်ခေါင်းဆောင်နဲ့ဇနီး ထီးလိုမင်းလိုဘုရားကိုသွားပြီးနောက် ပုဂံမှာစိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဖယ်ရှား - ကျောက်ကြီးမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ သေဆုံးဒဏ်ရာရသူတွေရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10