တပတ်အတွင်း မြေလတ်သတင်း

တပတ်အတွင်း မြေလတ်သတင်း

- ၅ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေခဲ့တဲ့ကနီမှာ စစ်ကောင်စီက လေကြောင်းပစ်ကူဆက်တိုက်ပြုလုပ် - ကောလင်းမြို့နယ် ခံသာရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သားအလောင်း ၃ လောင်းနဲ့ သေနတ် ၁ လက်ရ - PDF တွေ မြို့ကိုတက်သိမ်းမယ်လို့ သတင်းတွေထွက်ပြီးနောက် စစ်တပ်က ကျေးလက်လမ်းပိုင်းတွေကို ဖျက်ဆီး - ပခုက္ကူ တပ်မ ၁၀၁ စစ်ကြောင်း မိုင်း ၄ ကြိမ်ဆွဲခံရပြီး စစ်သား ၇ ဦးသေဆုံး - တန့်ဆည်မှာ ရပ်ကျေး ပကဖ၊ ပအဖ ၂ ဦးအပါ ပြည်သူ ၁၁ ဦးကို စစ်တပ်က အပိုင်းပိုင်းခုတ်ပြီးသတ်ဖြတ် - ရေစကြိုနဲ့ဘုတလင်မှာ အလင်းဝင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ - စစ်ကောင်စီထံ စစ်မှုမထမ်းလိုသူ ၅၀ ကျော် ဝေါပကဖဆီရောက်ရှိ စစ်သင်တန်းတက်နေ - ဆားလင်းကြီးမြို့ပေါ် ရဲစခန်းနဲ့ဆေးရုံကစစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး - မြိုင်စီမံကိန်းရုံးနဲ့ တရားရုံးမှာ တိုက်ပွဲဖြစ် ဒုရဲအုပ်နဲ့ ရဲတဦးသေဆုံး - ဂန့်ဂေါနယ်မှာ PDF တပ်ရင်း ၂၁ ရင်းကို Global Yaw Funding က ချပ်ဝတ်တန်ဆာ အစုံ ၁၆၀ ထောက်ပံ့ - လူထုသပိတ်တိုက်ပွဲတွေ ပြန်အားကောင်းလာဖို့ လူငယ် ၂၀၀ နီးပါးကို သင်တန်းပို့ချ

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး လိုက်ပါလာတဲ့ယာဥ်တန်း မိုင်းဆွဲခံရလို့ ဗိုလ်ကြီး ၁ ဦးသေဆုံး - တိုက်ပွဲအရှိန်မြှင့်မှာဖြစ်လို့ ကလေးမြို့ကပြည်သူတွေ အမြန်ဆုံးရှောင်ကြဖို့ ခရိုင်ပကဖ သတိပေး - ဆက်ကြေးကောက်နေတဲ့ စစ်သားတွေ စနိုက်ပါနဲ့ ပစ်ခံရလို့ ၁ ဦးသေဆုံး - စလင်းမှာ စစ်ကောင်စီ MiG-29 တိုက်လေယာဥ် ပျက်ကျ - ကလေးမြို့တိုက်ပွဲ စခန်း ၃ ခုသိမ်းနိုင် စစ်တပ်ဘက်က ဗိုလ်ကြီးအပါ အများအပြားသေဆုံး - ယင်းမာပင်မြို့နယ်ရဲစခန်းနဲ့ ခရိုင်ရုံး လက်နက်ကြီး ပစ်ခံရလို့ ၅ ဦးသေ - စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး CNDF တပ်ရင်းက ဒုစစ်ဦးစီးချုပ်အပါအဝင် ၃ ဦးဖမ်းဆီးသတ်ခံရ - လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆေးကုပေးနေတဲ့ ဆေးရုံပျက်စီး - မုံရွာရဲစခန်းမှာ အဖမ်းခံရထားသူ ၂၀၀ ဝန်းကျင် ၁ နှစ်ကျော်ကြာတဲ့အထိ တရားရင်ဆိုင်ခွင့်မရသေး - ထောင်ချခံထားရတဲ့ NLD တိုင်းဒေသကြီးအမတ်ကို စစ်ကောင်စီက အမှုထပ်ဖွင့် - ဝက်လက်မြို့နယ် PDF တပ်ရင်း ၂ မှ ရဲဘော်တဦးက သူ့ကိုမကြိုက်တဲ့မိန်းကလေးကို သေနတ်နဲ့ပစ်သတ်

တပတ်အတွင်း မြေလတ်သတင်း

- PDF တွေ သိမ်းယူထားတဲ့ ရွှေပြည်အေးမြို့မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွား - ရေစကြိုနယ် ဂွေးချိုပျူစောထီးစခန်းကို လက်နက်ကြီးနဲ့ ဝိုင်းဝန်းတိုက်ခိုက် - ၂လကျော်အတွင်း မြောက်ခင်ရန်းရွာက ဒေသခံ ၁၀၀ ကျော်ကို YPDF ရဲဘော်တွေ ကယ်ထုတ်ပေးခဲ့ - ဆောနဲ့ကလေးမြို့တို့မှာ အလင်းဝင်လာကြတဲ့ စစ်ကောင်စီတပ်သားတွေရဲ့သတင်း - ဘန်ကာဆောက်နေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ၉ ဦးဒဏ်ရာရ - ပဲခူးအရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်တပ်က လေကြောင်းရော လက်နက်ကြီးပါပစ်ခတ်လို့ ဒေသခံ ၅ ဦးသေပြီး ထိခိုက်ပျက်စီးမှုတွေရှိ - နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးပါ ၂ ဦးကို စစ်တပ်က ပစ်သတ် - ကျောက်ကြီးမှာ လူ ၆ ဦး အသတ်ခံရ - စစ်ကိုင်းက ပျူရွာစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက် - ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ဝေါနယ်အတွင်း လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးမှု ပြဿနာ ရင်ဆိုင်နေရ - ပဲခူးတိုင်းထဲကပြည်သူတွေကို ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံပွဲတက်ရောက်ဖို့ ဖိအားပေးခြိမ်းခြောက်

တပတ်အတွင်း မြေလတ်သတင်း

- အရာရှိငယ်သင်တန်းကို အမျိုးသမီး ရဲဘော် ၁၀ ဦးကျော်အပါအဝင် ရဲဘော် ၁၄၀ ပြီး‌မြောက်အောင်မြင် - ကား၊ ဆိုင်ကယ်တွေနဲ့လာတဲ့ စစ်အုပ်စုပစ်ခတ်ခံရလို့ ၂ ဦးသေ၊ သေနတ် ၂ လက်ရ - အုတ်ဖိုမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဘက်သေဆုံးမှုရှိ - ရွာသာရွာပျူစခန်းကို တိုက်ခိုက်သိမ်းပိုက် ပျူစောထီး ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရ - မြောက်ခင်ရန်းရွာ ပျူစောထီးနဲ့စစ်ကောင်စီတပ်တွေက လူစုလိုက်အပြုံလိုက်သတ်ပြီး နေအိမ်တွေကိုပါမီးရှို့ခဲ့ - တော်လှန်ဘက်ပြောင်းဖို့တရားဟောတဲ့ ဘုန်းကြီးကို မြောက်ခင်ရန်းပျူစောထီး တွေခုတ်သတ် - မြိုင်နယ်တိုက်ပွဲမှာ ပျူစောထီး ၇ ဦးသေဆုံးပြီး ၅ ဦးဖမ်းဆီးခံရ - ရွှေဘို မြို့လှရွာကို စစ်တပ်က ၂ ကြိမ်မီးရှို့ခဲ့လို့ အိမ်ခြေ ၂၆၀ ကျော်မီးလောင်ပျက်စီး - ကြိုးကြာကန်ရွာက နေအိမ် ၁၃ လုံးကို စစ်ကောင်စီမီးရှို့ - ဇီးဖြူကုန်းရွာက ထွက်ပြေးလာသူ ၆ ဦး ပုလဲပအဖထံခိုလှုံလာ

တပတ်အတွင်း မြေလတ်သတင်း

- ဆင်မရဲရွာ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး အရာရှိတဦးအပါ ၁၄ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ - ထန်းတပင်ခလရ ၇၃ အပါအဝင် နေရာ ၄ ခုထက်မနည်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် - ဝေါက NLD ပါတီဝင်တွေနဲ့ ဝန်းရံသူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီဖမ်းဆီး - နဂါးတွင်းရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အမျိုးသမီး ၁ ဦးကို မီးရှို့သတ် - မင်းတုန်းမှာ တိုက်ပွဲတွေဖြစ် စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး PDF စခန်းမီးရှို့ခံရလို့ သိန်း ၄၀၀ ဖိုးခန့်ဆုံးရှုံး - ဘူးလက်လှဆွေရွာက ပျူစောထီးတွေဟာ YDF ရဲဘော်နှစ်ဦးကို ကြိုးတုပ်ပြီး အရှင်မီးရှို့သတ်အောင်ပွဲခံနေတဲ့ ရုပ်သံထွက်ပေါ်လာ - ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ဗုံးသီးချလို့ ၇ ဦးဒဏ်ရာရဟုဆို - ဒီပဲယင်းမှာ စစ်တပ်ရန်ကြောက်လို့ တောင်သူတွေ စပါးကိုရသမျှစျေးနဲ့ ရောင်းချနေရ

တပတ်အတွင်း မြေလတ်သတင်း

- စစ်အာဏာသိမ်းခြင်းကိုဆန့်ကျင်တော်လှန်တဲ့ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် အသံတိတ်သပိတ်များ - တောင်ငူနယ်မှာ စစ်ကောင်စီဘက်က တပ်စခန်း ၃ ခု စွန့်ခွာထွက်ပြေး - စက်သုံးဆီတင်စစ်ကား ၂ စီး မိုင်းဆွဲခံရလို့ ဒုအရာခံဗိုလ်အပါ ၃ ဦးသေပြီး လက်နက်တွေရ - ကြို့ပင်ကောက်မြို့ပေါ်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ - စစ်ကိုင်းစစ်ကောင်စီဝန်ကြီးချုပ်ဇာတိ ကာဘိုးရွာပျူစောထီးစခန်းတိုက်ပွဲ စစ်အုပ်စုသေဆုံးမှုများပြီး သေနတ် ၈ လက်ရ - ကန့်ဘလူမြို့ပေါ် ကို စစ်ကောင်စီနဲ့ ပျူစောထီး အင်အားရာကျော်ရောက်ရှိ တိုက်ပွဲပြင်းလာနိုင် - ဆိပ်ဖြူဘာမထီတပ်စခန်း မီးရှို့ခံရပြီး ရဲဘော် ၂ ဦးကိုလည်း စစ်တပ်က မီးရှို့သတ်သွား - အများသုံးလယ်မြေကို လုပ်ခွင့်မပေးတဲ့ ပကဖနဲ့ ပအဖကို တောင်သူ ၃၀၀ ကျော်က ဆန္ဒပြ - ကျွန်းလှဘက်ကို စစ်တပ်အင်အား ၃၀၀ ကျော် ဝင်ရောက်၊ ဒေသခံ ၅,၀၀၀ ကျော် ဘေးကင်းရာကို ကြိုတင်ရွှေ့ပြောင်းနေရ - ရေတာရှည်က ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံး

တပတ်အတွင်း မြေလတ်သတင်း

- သီးလုံးကျေးရွာ ပြည်သူ့စစ်စခန်းကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် - စစ်ကိုင်းတိုင်း၊ တမူးနဲ့မင်းကင်းမြို့နယ်တို့မှာ အလင်းဝင်လာကြတဲ့ စစ်သားနဲ့ပျူစောထီးများ - စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တဲ့ ထီးချိုင့်တိုက်ပွဲမှာ စစ်သား ၁၀ ဦးကျော်နဲ့ PDF ၂ ဦးသေဆုံး - ဒုရဲအုပ်ပစ်သတ်ခံရလို့ လိုက်လာတဲ့ ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦးထပ်မံသေဆုံး - စစ်အုပ်စုဖမ်းသွားတဲ့ ပြည်သူ ၁၅ ဦးထဲက ၅ ဦးကို သေဆုံးလျက်တွေ့ပြီး ၁၀ ဦးပျောက်ဆုံးနေ - မြိုင်မြို့အထွက် တိုက်ပွဲမှာ စစ်သား ၄ ဦးနဲ့ တော်လှန်ရေးရဲဘော် ၁ ဦး သေဆုံး - ဝေါဒေသခံ ၈၀ ကျော်ကို စစ်တပ်ဖမ်းဆီးပြီး တံတား ၁ စင်းကိုပါ မီးရှို့ဖျက်ဆီး - မကွေးထောင်တွင် ဆေးကုခွင့်မပေးဘဲ ပစ်ထားလို့ ဂုဏ်ထူးတန်းကျောင်းသူတဦး သေဆုံး - ဆန်ရှားပြီး ဈေးကြီးတာကြောင့် နတ်တလင်းကစစ်ရှောင်တွေ စပါးထောင်းပြီး စားနေရ

တပတ်အတွင်း မြေလတ်သတင်း

- ပဲခူးတိုင်းအတွင်းကမြို့နယ်တွေမှာ စစ်တပ်က ရပ်ရွာကာကွယ်ရေးအကြောင်းပြပြီး ပြည်သူ့စစ်နဲ့ပျူစောထီးဖွဲ့ဖို့လုပ်ဆောင်နေ - ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပါဝင်လုပ်နေသူတွေကို ပြင်းထန်စွာအရေးယူမယ်လို့ တောင်ပိုင်းစစ်ဒေသ သတိပေး - ၂ ရက်ဆက် တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေ အထိအခိုက်များ - စစ်ကောင်စီတင့်ကား ၂ စီးနဲ့ သံချပ်ကာ ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ဟု KNU ထုတ်ပြန် - ပခုက္ကူပကဖ တပ်ခွဲ ၂ မှ တပ်ဖွဲ့ ၈ ဖွဲ့ရဲ့ ရဲဘော်တွေကို မွမ်းမံသင်တန်းပေး - ထီးချိုင့်တွင် စစ်တပ်က အင်အားတိုးမြှင့်ထားပြီး တိုက်ပွဲပြင်းထန်နေ - PDF နဲ့တိုက်ပွဲဖြစ်တဲ့ စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ - စစ်ကိုင်းတိုင်း၊ တမူး၊ ဖောင်းပြင်နဲ့ ပုလဲမြို့နယ်တွေမှာ စစ်သားနဲ့ပျူစောထီးတွေ အလင်းဝင် - တပ်မ ၃၃ နဲ့ မန္တလေးနန်းတွင်းခြေလျင်စစ်ကြောင်း ၂ ကြောင်း တိုက်ခိုက်ခံရ - PDF သင်တန်းဆင်း ရဲဘော်တွေကို မြိုင်ပကဖ က လက်နက်တပ်ဆင်ပေး - အာဏာသိမ်း ၃ နှစ်ပြည့်မှာ စစ်ကောင်စီဆန့်ကျင်ရေး နည်းပေါင်းစုံနဲ့လူထုပါဝင်ဖို့ နှိုးဆော်

တပတ်အတွင်း မြေလတ်သတင်း

- အမြန်လမ်းသစ်၊ လမ်းဟောင်း နှစ်ခုစလုံးကို ထိန်းချုပ်နိုင်ရန် စစ်ရေးအရှိန်မြှင့်မည် - လွတ်ငြိမ်းစာရင်းဝင် ပြည်သူ့လွှတ်တော်အမတ်ကို အမှုထပ်ဖွင့်ပြီး ထောင်ပြန်ချ  - ဖဲဝိုင်းတိုက်ခိုက်ခံရလို့ ပျူစောထီးနဲ့ လုံခြုံရေးစစ်သားအပါ ၅ ဦးသေဆုံး - ထန်းတပင်မှာ စစ်ကောင်စီဘက်က တပ်စခန်း ၁ ခု ထပ်မံစွန့်ခွာ၊ KNLA ဘက်က မီးရှို့ရှင်းလင်း - စစ်ကောင်စီကို တရုတ်အစိုးရ ကာကွယ်မပေးဖို့ မုံရွာမှာ သရုပ်ပြ - ကနီနဲ့ ကလေးဝမြို့တို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ရဲတွေ အလင်းဝင်လာ - ထီးချိုင့်မြို့နယ် စစ်ရှောင်တွေထဲ သတင်းပေးရှိနေတာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်နေ - မုံရွာနယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ၃ ‌ဦးနဲ့ တော်လှန်ရေးရဲဘော် ၁ ဦးသေဆုံး - ဝန်းသိုနယ်က ဒေသခံပြည်သူ ၁၉ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ် - ခမ်းပါတ် လေကြောင်းတိုက်ခိုက်ခံရမှု  ကလေး ၄ ဦးအပါ ၁၆ လောင်းကို တွေ့ရှိထား  - PHN-Kalay က ၁ နှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင် ၂၃၀ ကျော်ကို အောင်မြင်စွာမွေးဖွားပေးခဲ့

တပတ်အတွင်း မြေလတ်သတင်း

- ရေတာရှည်သကြားစက်ကိုဝင်ရောက်ပြီး စစ်ကောင်စီဝန်ထမ်းတွေကို တော်လှန်ရေးလုပ်ငန်းစဉ်တွေ ချပြစည်းရုံး - မဲဇာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကို စွန့်ခွာထွက်ပြေး - ယင်းမာပင် ရဲစခန်းနဲ့ ဌာနရုံးတွေကို လက်နက်ကြီးအများအပြားနဲ့ ပစ်ခတ် - ပုလဲနဲ့မကွေးတို့မှ တပတ်အတွင်းအလင်းဝင်ရောက်လာကြတဲ့ စစ်သားနဲ့ပျူစောထီးတွေရဲ့ သတင်း - ဒိုက်ဦးထောင်က နိုင်/ကျဥ်းအမျိုးသမီးတွေကို ထောင်မှူးက သေနတ်နဲ့ချိန်ကာ အကြိမ်ကြိမ်ခြိမ်းခြောက် - ဝက်လက်မှာ ဆက်ကြေးကောက်နေတဲ့ ဂိတ်ကင်းစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ - မုံရွာပလဖစခန်းခွဲ စီးနင်းခံရမှု ရဲဘော် ၁ ဦးသေဆုံး၊ အချုပ်သား ၆ ဦးလွတ်မြောက်ကာ ကျပ်သိန်း ၄,၀၀၀ နီးပါးဆုံးရှုံးခဲ့ဟုဆို - ပဲခူးရိုးမအစပ်မှာ စစ်တပ်က စစ်ကြောင်းထိုးကာ ပြည်သူတွေကိုသတ်ပြီး ရွာတွေကိုမီးရှို့နေ - ထန်းတပင်က တပ်စခန်း ၂ ခုကို စစ်တပ်က စွန့်ခွာထွက်ပြေးသွားလို့ KNLA က မီးရှို့ရှင်းလင်း - စစ်ရေးအရ အရေးပါတဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းက ကင်းစခန်း ၅ ခုကို တိုက်ခိုက်ခဲ့ - မြိုင်မှာ စစ်တပ်မီးရှို့တဲ့ရွာ ၂ ရွာကို ဆန်နဲ့ဆီ ထောက်ပံ့

တပတ်အတွင်း မြေလတ်သတင်း

- စစ်မြေပြင်က PDF တွေကို လာတွေ့တဲ့ NUG ပြည်ထဲရေးဝန်ကြီး - နတ်သံကွင်းမြို့ကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထား - ခလရ ၂၅၁ ရိက္ခာတင်ကား ၁၅ စီးနဲ့ လုံခြုံရေးအဖွဲ့ ဒရုန်းနဲ့ဗုံးကြဲချခံရလို့ ၃ ဦးထိခိုက်ဒဏ်ရာရ - ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌဟောင်း ကိုကျော်ရဲသူ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ - နောင်ကြီးအိုင်ရဲစခန်းက စစ်အုပ်စု ၁ လကျော်ကြာ တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ထွက်ပြေး - ရွှေဘိုက ပျူစခန်းသိမ်းတိုက်ပွဲမှာ ပျူ ၃ ဦးသေပြီး ၆၀ ဦးဖမ်းမိ - စစ်ကိုင်းနဲ့မကွေးတိုင်းတို့မှာ တပတ်အတွင်း အလင်းဝင်ရောက်လာကြတဲ့ စစ်သားနဲ့ပျူစောထီးများ - ထီးချိုင့်မြို့ကို စစ်တပ်က ဒရုန်းနဲ့ တရက်တည်း ဗုံး ၅၀ ကျော်ကြဲချ - နတ်တလင်းမှာ နေအိမ်၊ စစ်ရှောင်တဲအပါအဝင် လူ ၇ ဦးကိုပါ စစ်တပ်က မီးရှို့သွား - ရွာထဲပိတ်မိနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ဗုံးကြဲ - ပဲခူးအရှေ့က ဗျူဟာမြောက်စစ်ကြောင်းတွေကို စစ်ဘက်သုံးပစ္စည်းတွေထောက်ပံ့

တပတ်အတွင်း မြေလတ်သတင်း

- ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီဘက်ကနေ သုံ့ပန်းနဲ့ ဘက်ပြောင်းခိုလှုံလာသူ ၅၀၀ ကျော်ရှိ - ထီးချိုင့်မြို့နယ်မှာ Non-CDMတွေ အလုံးအရင်းနဲ့အလင်းဝင်ရောက် - ခလရ ၂၅၁ အရာရှိတဦးအပါ ၂၀ ဝန်းကျင်သေဆုံးခဲ့တဲ့ မြိုင်မြို့နယ်က တိုက်ပွဲ - ခမ်းပါတ်တိုက်ပွဲမှာ တပ်ပျက်ထွက်ပြေးသွားတဲ့ စစ်ကြောင်းက စစ်သုံ့ပန်းတချို့ ထပ်မံဖမ်းဆီးရမိ - နေအိမ်တွေ မီးရှို့နေတဲ့ စစ်အုပ်စုကို PDF တိုက်ခိုက် - တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မုန်းမြို့မှာ စျေးမီးလောင်လို့ ဆိုင်ခန်း ၂၀၀ ကျော် ပျက်စီးခဲ့ပြီး ရှို့မီးဟုဆို - ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စု တပ်စွဲတဲ့နေရာ ၄ ခုတိုက်ခိုက်ခံရပြီး သေဆုံးမှုများ - ကသာမှာ PDF ၅ ဦးနဲ့ ပြည်သူ ၁ ဦး အသတ်ခံရ - နေကြာစိုက်ပျိုးရန် စစ်တပ်က ဖိအားပေးသော်လည်း တောင်သူတွေ မစိုက်ပျိုးကြ - စစ်ကောင်စီအဖွဲ့ ကျည်ပြတ်တောက်အောင် ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးနဲ့သွားပစ် - ညောင်လေးပင်ဒေသက ကျေးရွာအချို့မှာ စပါးရိတ်သူတွေက စစ်ကောင်စီကို ငွေ ၅ သိန်းပေးနေရ

တပတ်အတွင်း မြေလတ်သတင်း

- လေယာဥ်နဲ့ပစ်လို့ သေဆုံးခဲ့တဲ့ တပ်မိသားစုဝင်ရဲ့ လသားကလေးကို PDF ကယ်ထုတ် - စစ်တောင်းမြစ်ဝှမ်းတခုလုံးကို စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်သွားမည် - စစ်အုပ်စုရဲ့ ဦးအောင်ဇေယျရွာတပ်စခန်းကို PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက် - ဖြူးနယ် ညောင်ပင်သာရဲစခန်းကို မဟာမိတ်တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက် - တော်လှန်ရေးအဖွဲ့တွေ သိမ်းထားတဲ့ မော်လူးမြို့ရဲ့အခြေအနေ - လေယာဥ်ဗုံးကြဲခံရလို့ ပုလဲမြို့နယ် NUG တရားရေးတာဝန်ခံလင်မယားနဲ့ ၁နှစ်သားအပါ ၅ဦးသေဆုံး - ပြည်မြို့ ဆီပြတ်လပ်မှုပိုဆိုးလာ ၂ မိုင်နီးပါးတန်းစီစောင့်ဆိုင်းရ - ကျွန်းလှနယ်မှာ တနေကုန်လေကြောင်းနဲ့ ပစ်ခဲ့လို့ ဒေသခံ ၈ ထောင်ကျော်ထွက်ပြေးနေရ - ပခုက္ကူမှာ စစ်ကား ၃ စီးနဲ့ လုံခြုံရေးအဖွဲ့ မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး - ဆားလင်းကြီးတွင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ပပျောက်စေရေး ပညာပေးဟောပြော - အုတ်ဖိုPDF စိုးမိုးနယ်မြေထဲက ရွာတွေကို ကွင်းဆင်းအသိပညာပေး

တပတ်အတွင်း မြေလတ်သတင်း

- ခွင့်မဲ့/စစ်ပြေးတွေ စစ်မှုပြန်ထမ်းပါက ပြစ်ဒဏ်မပေးဘဲ လက်ခံမယ်လို့ စစ်ကောင်စီထုတ်ပြန် - မုန်းတိုက်ပွဲမှာ ခလရ ၈၄ ဗိုလ်မှူး ကျော်လတ်ခိုင် အပါ ၂၀ ကျော် လက်နက်ချ - တောင်ငူလေတပ် ဒရုန်းနဲ့ဗုံးကြဲခံရမှု လေယာဉ်ဂိုဒေါင်ရှေ့ပေါက်ကွဲ - ကသာမြို့ဌာနဆိုင်ရာမှ CDMနဲ့ အလင်းဝင်လာသူ ၁၃၀ ကျော်အထိရှိလာ၊ အင်းတော်မှာ Non-CDM ၁၀၀ ကျော် CDM ပြုလုပ် - ချောက်မှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး PDF ၁ ဦးသေ၊ စစ်အုပ်စုဘက်က သေဆုံးသူများဟုဆို - PDFသိမ်းယူထားတဲ့ကောလင်းမြို့အနီးကို စစ်တပ်ကအင်အားတိုးမြှင့်ပို့ဆောင်မှုတွေ ဆက်တိုက်ပြုလုပ် - ရွှေဘိုမြို့နယ်မှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၅ဦးသေဆုံး - ကစွန်းမရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၇ ဦးသေ ၁၅ဦး ဒဏ်ရာရ - ပဲခူးအနောက်ခြမ်းမှာ NLD ရပ်ကျေးအမှုဆောင်နဲ့ ပါတီဝင်အချို့ ဆက်တိုက်ဖမ်းခံနေရ - မြိုင်မြို့ နေရာ ၃ နေရာကို PDF အဖွဲ့တွေ ဝင်ရောက်ပစ်ခတ်

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကိုင်းက ချေမှုန်းအောင်မြင်ခဲ့တဲ့ စစ်ကောင်စီစခန်းစာရင်းကို NUG ဆက်တိုက်ထုတ်ပြန် - ပြည်မြို့ဒကစဝန်းအတွင်း အရာရှိကြီးတွေ ပုန်းအောင်းဖို့ ဗုံးခိုကျင်းတွေ အခိုင်အမာတည်ဆောက်နေ - အောင်ပွဲရ တိုက်ပွဲပြန်ရဲဘော်တွေကို အောင်သပြေနဲ့ကြိုဆို - စစ်တောင်းမြစ်ဘေးရွာတွေကို ပျူစောထီးအင်အားတောင်းပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင် ၄၀ ကျော် ထွက်ပြေးနေ - ဆားလင်းကြီးမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး - အုပ်ချုပ်ရေးမှူး ၆ ဦး အသတ်ခံရပြီးနောက် အထက်မင်းလှနဲ့မင်းတုန်းနယ်က အုပ်ချုပ်ရေးမှူးတွေ မိသားစုလိုက်ထွက်ပြေး - စစ်တပ်ထောက်ခံပွဲလုပ်သူတွေ ကားပေါ်က မဆင်းရဲ - တန့်ဆည်နယ်မှာ စာသင်ကျောင်းနဲ့ဆေးရုံကို စစ်တပ်က လေကြောင်းသုံးပစ်ခတ် - စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထီးချိုင့်မြို့တွင်းပိတ်မိနေတဲ့ ပြည်သူ ၁၀၀ ကျော်သေဆုံး - မြောင်မြို့မရဲစခန်းကို Drone ဗုံးနဲ့တိုက်ခိုက်သလို သတိပေးစာတွေလည်း ကြဲချ - PDF ကို မြေပဲထောက်ပံ့ရင်း စစ်ကောင်စီကို ဆန္ဒဖော်ထုတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10