တပတ်အတွင်း မြေလတ်သတင်း

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှု မအောင်မြင်ဟုဆို - အမိန့်နာခံမှု ပိုကောင်းလာစေဖို့ တပ်ခွဲ ၃ ခုကို မွမ်းမံသင်တန်းပေးခဲ့ - မန္တလေးထဲက ရွှေလုပ်ကွက်တွေသိမ်းယူခံရပြီးနောက် စစ်ကောင်စီက ရွှေရောင်းချသူတွေကို စောင့်ကြည့်မယ့်သင်တန်းတွေ ဆက်တိုက်ပေးနေ - ကနီပညာရေးတာဝန်ခံ တမိသားစုလုံးသတ်ဖြတ်ခံရမှု ရက်လည်တဲ့အထိ တရားခံမပေါ်သေးဘဲ သံသယရှိသူတဦးကို ပလဖ စစ်ဆေးလျှက်ရှိ - ဘုတလင်မြို့နယ်အတွင်း တကျော့ပြန်ဝင်လာတဲ့စစ်ကြောင်းက သဖန်းရွာက နေအိမ် ၃၂ လုံးကိုမီးရှို့ပြီး အမျိုးသား ၁ ဦးပစ်သတ် - တင့်ကားတပ်ထဲကို ဖမ်းခေါ်ခံထားရတဲ့ ကန့်ဘလူဒေသခံ ၂၀၀ နီးပါး အဆက်အသွယ်ပြတ်နေ - ပျူစောထီး ၁၀၀ ခန့်ကို လက်နက်ချအောင်စည်းရုံးနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်းမှူး စစ်ရေးဗျူဟာထူးချွန်ဆုရရှိ - ကန့်ဘလူမြို့နယ်မှာ နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က ၁ ရက်တည်းမီးရှို့ခဲ့တာကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံထောင်ကျော် နေရပ် မပြန်နိုင်သေး - ချောက်ဒေသမှာ လုပ်သားရှားပါးလာလို့ စိုက်ပျိူးဧကတွေ လျှော့ချလုပ်ကိုင်လာကြ

တပတ်အတွင်း မြေလတ်သတင်း

- တကျော့ပြန် အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်ကျဆုံးမှုရှိ - စစ်အုပ်စုစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး စစ်သား ၃ ဦးသေဆုံးကာ ကျန်သူတွေ စခန်းစွန့်ထွက်ပြေး - ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းက ၆ ရက်အတွင်း ဒေသခံ ၂၀၀ နီးပါးကိုဖမ်းဆီးထား - MDY PDF သိမ်းယူထားတဲ့ နယ်မြေတွေကို စစ်တပ်က ပြန်လည်သိမ်းယူဖို့ လေကြောင်းတိုက်ခိုက်မှုတွေပါပြုလုပ် - ဆားတောင်စာသင်ကျောင်းနဲ့ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ - ချီပါရွာအနီး တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်ရှိ - ပေါက်နယ်စစ်ရှောင်စခန်းက အရပ်သား ၂၀ ဦးနီးပါးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၃ ဦးကို ပစ်သတ်ခဲ့ - တနေ့တည်း စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုကို လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၅ ဦးသေဆုံး - တန့်ဆည်မြို့နယ်၊ ဇီးပေါက်ရွာမှာ ၁ ညတည်း ဗုံးအလုံး ၂၀ နီးပါးကြဲခံရ

တပတ်အတွင်း မြေလတ်သတင်း

- အညာမှာအခြေချပြီး စစ်ရေးဖော်ဆောင်နိုင်တော့မယ်လို့ BPLA အသိပေး။ - ပခုက္ကူက တင်းဂတ်စစ်‌ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး စစ်သား ၂ ဦးသေဆုံးဟုဆို။ - မန္တလေး PDF ရဲ့အချုပ်ဆောင်နေရာ လေကြောင်းဗုံးကြဲခံရပြီး စစ်သုံ့ပန်း ၈ ဦးအပါ ၁၂ ဦးသေဆုံး။ - ထီးလင်းမှာ စစ်ကောင်စီစစ်ကြောင်းက ပြည်သူ ၄ ဦးကို မီးရှို့သတ်ပြီး ကာကွယ်ရေးရဲဘော် ၁ ဦးလည်းကျဆုံး။ - စစ်အုပ်စုက နေအိမ်တွေဖျက်ဆီးတဲ့အပြင် မီးပါရှို့ပြီး အမျိုးသား ၁၅ ဦးကိုဖမ်းသွား။ - ပြည်နဲ့ သရက်က ကလေး ၁ ဦးအပါ ၁၁ ဦးအဖမ်းခံထားရပြီး နေအိမ်အချို့ပါ ချိပ်ပိတ်ခံရ။ - ဆည်ဘောင်ပေါ်မှာ စစ်ရှောင်နေသူတွေရဲ့ အိမ်တွေကို စစ်တပ်က မီးရှို့ခဲ့။ - ချောက်တိုက်ပွဲအတွင်း PDF ၃ ဦးကျဆုံးပြီး စစ်ရှောင်သံဃာ ၃ ပါးအပါအဝင် ၆ ဦးဒဏ်ရာရကာ အိမ်ခြေ ၄၀ ခန့် မီးရှို့ခံရတာကြောင့် ဒေသခံ ၆,၀၀၀ ကျော်စစ်ရှောင်နေရ။ - မန္တလေးမှာ ကာလဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမြင့်တက်နေ။

တပတ်အတွင်း မြေလတ်သတင်း

- ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်တွေ ဝန်းရံပိတ်ဆို့ထားပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်းရှိ - ဖမ်းဆီးမှုနဲ့ အစစ်ဆေးများတာကြောင့် အုတ်တွင်းကပရဟိတအသင်းအများစု ညဘက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားထား - ကပစ ၁၇ ကစစ်သားတွေ မိုင်းဆွဲခံရပြီး ၈ ဦး သေဆုံး ၄ ဦးဒဏ်ရာရဟုဆို - ကျည်ဆန်မလုံလောက်တဲ့အတွက် ၁ လကျော်ကြာသိမ်းထားတဲ့ ငါန်းမြာကြီးကို စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရ - ၅နှစ်အရွယ် မိန်းကလေးကို အဓမ္မကျင့် နှိပ်စက်ခဲ့တဲ့ အမှုကို သက်သေလိုက်ပေးမယ့်သူတွေခြိမ်းခြောက်ခံနေရ - စစ်အုပ်စု အထိုင်ချထားတဲ့ ရဲစခန်းနဲ့ စာသင်ကျောင်းကို PDF တွေ တပြိုင်တည်းတိုက်ခိုက် - စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက မြို့နယ်တွေကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိ - တမူးခရိုင်တပ်ရင်း ၄ ကင်းစခန်းကို စစ်အုပ်စုဝင်တိုက်လို့ နှစ်ဖက်ထိခိုကသေဆုံးမှုတွေရှိ - ရှမ်း-မန်း စစ်ဆင်းရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၉ ဦးရဲ့မိဘတွေကို ဒေါင်းနီ PDF က ထောက်ပံငွေပေးအပ်ကန်တော့

တပတ်အတွင်း မြေလတ်သတင်း

- သိမ်းပိုက်ထားတဲ့ပင်လည်ဘူးမြို့သို့ ဝန်ကြီး ဦးရည်မွန် သွားရောက်စစ်ဆေးပြီး အောင်ပွဲရရဲဘော်တွေကို အားပေး - မန္တလေးပျူစောထီးတပ်ဖွဲ့ဝင်အသစ် စစ်သင်တန်းတွေမှာ အမျိုးသမီးတွေပါဝင်မှု များလာ - စစ်ကူလာတဲ့ တပ်မ ၁၀၁ စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၃ ဦးသေပြီး သေနတ် ၂ လက် ဆုံးရှုံး - ထောင်တွင်းဆေးကုသခွင့်ပိတ်ပင်တာနဲ့ပတ်သက်ပြီး ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ နိုင်ကျဉ်းတွေက ပြည်သူတွေဆီ စာပေးပို့ - ရေစကြိုတိုက်ပွဲမှာ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်အုပ်စုဆီက လက်နက်ခဲယမ်းတွေသိမ်းဆည်းခံရ - ကွင်းဆင်းမှုမရှိသလို အိမ်ထောင်စုဝင်လည်းမပါဘဲ သန်းခေါင်စာရင်းအချက်အလက်တွေဖြည့်နေ - စစ်တပ်ရှိတဲ့ စစ်တောင်းမြစ်ဘေးရွာ ၂ ရွာကို PDF တွေဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့် မြစ်ကြောင်းတလျှောက် စစ်ဆေးမှုတင်းကျပ် စစ်တပ်ရှောင်ခိုင်းလို့ ဒေသခံ ၁,၀၀၀ ကျော်လည်း နေရပ်စွန့်ခွာပြေးနေရ - ၄ လအတွင်း ၄ ကြိမ်မြောက်ရေတက်လာလို့ ကျွန်းပေါ်က စစ်ရှောင်တွေအခက်တွေ့ - ဘုတလင်မြောက်ခြမ်းက စစ်ရှောင် ၅၀၀ နီးပါး အရေးပေါ်အကူညီ လိုအပ်နေ

တပတ်အတွင်း မြေလတ်သတင်း

- ဒေါက်တာဇော်မြင့်မောင် နာရေးကို ပြည်သူသောင်းနဲ့ချီလိုက်ပါပို့ဆောင်ခဲ့ပြီး လမ်းတလျှောက်မှာလည်း ပြည်သူအများအပြား အလေးထွက်ပြု - ကျောက်ကန်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီရဲ့လေကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး - တပခကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း BWM ပြော - ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းတွေနဲ့ လက်နက် ၄၀၀ ကျော်ရရှိ - စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိ - အပတ်စဥ် ၃ စုဖွဲ့လေ့ကျင့်မှုသင်တန်းမှာ ပါဝင်ခဲ့တဲ့ ရဲဘော် ၆၅ ဦးကို လက်နက်တပ်ဆင်ပေး - ဦးဝါသဝခေါင်းဆောင်တဲ့ပျူစောထီးအဖွဲ့ကို စစ်ကောင်စီက သေနတ် ၁၃၀ ကျော်နဲ့ စစ်ဝတ်စုံတွေထပ်မံထောက်ပံ့ - ကြားကာလပြည်သူ့အခြေပြုကျောင်း ၂၀ ကျော်ပါဝင်တဲ့ စကားရည်လုပွဲကျင်းပ - ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ရဲဘော် ၃၀ ကျော်ကို စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ ကျပ် ၅ သိန်းစီ ထောက်ပံ့

တပတ်အတွင်း မြေလတ်သတင်း

- မန္တလေးမြို့နဲ့ မတ္တရာကိုကာကွယ်ဖို့ စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေ - စစ်သား၃၀ကျော်သေဆုံးကာ ၄၀ကျော်အညံ့ခံပြီး လက်နက်၅၀ကျော်ရခဲ့တဲ့ ကူတော်ရွာတိုက်ပွဲ - သင်တန်းဆင်း NLA ရဲဘော် ၇၇ ဦးကို EROsတွေ အကူအညီနဲ့ လက်နက်တပ်ဆင်ပေးနိုင်ခဲ့ - ၅ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်နှိပ်စက်ခဲ့သူလင်မယား ပုဒ်မ ၃ ခုနဲ့အမှုဖွင့်ခံထားရ - ကောလင်း၊ ခင်ဦးနဲ့ ပေါက်နယ်တို့မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ - စစ်ကိုင်းတိုင်းထဲက မြို့နယ် ၅ ခုမှာ မြို့လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိ - မြင်းခြံနယ်ထဲမှာ စစ်အုပ်စုနဲ့ PDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၁၈ ဦး သေဆုံးဟုဆို - လုံလောက်တဲ့ဆေးကုသခွင့်မရလို့ မြေလတ်ဒေသက အကျဥ်းသား ၇ ဦးအပါ ၁၂ ဦး သေဆုံး - တိုက်ပွဲအတွင်း ပျူရွာမှာ မနေချင်တော့တဲ့သူတွေအပါအဝင် ပိတ်မိနေတဲ့ ပြည်သူ ၄၆ ဦးကို ကယ်ထုတ်နိုင်ခဲ့

တပတ်အတွင်း မြေလတ်သတင်း

- ပဲခူးရှေ့ခြမ်း KNU ထိန်းချုပ်နယ်မြေထဲက လူ ၁ သိန်းကျော်ရေဘေးသင့်ခဲ့ပြီး ရေဘေးအကူအညီပေးအပ်မှုတွေ မရောက်ရှိအောင် စစ်ကောင်စီကပိတ်ဆို့ထား - မြေလတ်ဒေသကမြို့နယ်တွေမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ဖို့ သင်တန်းပေးနေ - ကံဇီးရွာကို ကာကွယ်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီး သုံ့ပန်းတချို့ကိုဖမ်းမိကာ လက်နက်ခဲယမ်းတွေပါရရှိခဲ့ - စုဖွဲ့မှုအားကောင်းလာစေဖို့ ဂန့်ဂေါက PDF ၅ ရင်း ပူးပေါင်းလေ့ကျင့် - စစ်ကောင်စီကန့်သတ်ထားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရေဘေးသင့်ပြည်သူတွေကို တော်လှန်ရေးအင်အားစုတွေက ကယ်ဆယ်နေရာချထားပေး - ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၁၅ စီး တိုက်ခိုက်ခံရ - မြေလတ်ဒေသမှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိ - မန္တလေးမြို့မှာ တပတ်အတွင်းလူငယ် ၇ ဦး ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်နေ - မြိုင် စက်မှု ၂ က စစ်အုပ်စုတိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး ဒုအရာခံဗိုလ် ၁ ဦးအပါ ၄ ဦးအရှင်ဖမ်းမိ

တပတ်အတွင်း မြေလတ်သတင်း

- တပ်ကုန်းနဲ့ အုတ်တွင်းမြို့နယ်တို့က ရေဘေးသင့်ပြည်သူအချို့ အစာအဆိပ်သင့်ခဲ့ - PDF အယောင်ဆောင်ပြီး မန္တလေးကလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ငွေတောင်းမှုတွေ ရှိနေ - စစ်တပ်ကသွားလာရေးကန့်သတ်ထားလို့ ရေဘေးသင့်ကျေးရွာ ၁၀၀ ကျော်မှာ လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေမရ - ရေဘေးအလှူကရတဲ့ ခေတ်မီအဝတ်အထည်တချို့ ဒေသခံအမျိုးသမီးများမဝတ်ရဲကြ၊ ဒေသနဲ့ကိုက်ညီတဲ့ အဝတ်များလိုအပ် - အင်းတော်မှာ စစ်တပ်ပိတ်ဆို့ထားတဲ့ ပြည်သူ ၁၀၀၀ ဝန်းကျင်အနက် ၃၀၀ ကျော်လွတ်မြောက်လာပြီး သေဆုံးသူ ၄ ဦးအထိရှိ - မီးကြိုးပြင်ဖို့ လုံခြုံရေးလာပေးတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုရှိဟုဆို - ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နဲ့ဖြူးမြို့နယ်က ရေဘေးသင့်ပြည်သူတွေ အကူအညီလိုအပ်နေ - အရက်ဆိုင်ဖောက်ပြီး အရက်သောက်နေတဲ့ ရဲနဲ့ ပျူစောထီး တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသူတွေရှိ - ၃ ထပ်တိုက်ပေါ် တပ်စွဲနေတဲ့စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခံရပြီး ၂ ဦးဒဏ်ရာပြင်းထန်

တပတ်အတွင်း မြေလတ်သတင်း

- စစ်မှုထမ်းကို ဆန့်ကျင်သူတွေနဲ့ တပ်သားသစ်တွေကို PRF က အခြေခံစစ်သင်တန်းဆင်းပေးနိုင်ခဲ့ - ဗျူဟာ ၄၂ အတွက် စုဖွဲ့မှုအားကောင်းဖို့ လက်နက်ခဲယမ်းများ MOD တပ်ဆင်ပေး - ဆားလင်းကြီးရဲစခန်းနဲ့ ထွေအုပ်ရုံးကို အလင်းဝင်ဖို့စာတွေကြဲချပြီးနောက် တိုက်ပွဲဖြစ် - လက်ယက်မရွာ လေယာဥ်နဲ့ဗုံးကြဲခံရလို့ ၆ နှစ်အရွယ်ကလေး ၁ ဦးအပါ ၆ ဦးသေဆုံး - သေဆုံးသူတွေထဲ မိသားစုဝင် ၄ ဦးပါဝင် - ထန်းတပင်မှာ နေရပ်ပြန်သူတွေကို စစ်အုပ်စုက စစ်ဆေးမေးမြန်းမှုမရှိ ပစ်ခတ်နေလို့ ဒေသခံတွေနေရပ်မပြန်ရဲသေး - မြိုင်နယ်ထဲက စစ်အုပ်စုဂိတ်နဲ့ ဌာနဆိုင်ရာရုံးတွေကို မဟာမိတ်အင်အားစုတွေ သွားရောက်တိုက်ခိုက် - ဘုန်းကြီးဝါသဝရဲ့ ပျူစောထီးစစ်ကြောင်းက ခင်ဦးနယ်က ရွာ ၁၂ ရွာကို ဆက်တိုက်မီးရှို့ - မြောင်နယ်က စစ်ရှောင်စခန်းတခုမှာ အရေပြားနဲ့ ဂေါက်ရောဂါအဖြစ်များနေ - ရှေ့တန်းရောက် PDF ရဲဘော်တွေရဲ့ မိသားစုတွေကို အခမဲ့ဆေးကုသမယ့်အစီအစဥ် ပြုလုပ်ထား

တပတ်အတွင်း မြေလတ်သတင်း

- မြိုင်မှာ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့ဗုံးကြဲခံရပြီး ပျူစောထီး ၁ ဦးသေဆုံး - ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူးအပါ ရဲအရာရှိ ၃ ဦးလိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ၃ ဦးလုံး သေဆုံး - တောင်ငူ ဒုတိယအကြိမ်ရေကြီးမှုမှာ ရေဘေးသင့်သူ ၁၀,၀၀၀ ကျော်ရှိခဲ့ - ပျူစောထီးရွာကို လေယာဥ်နဲ့လာပို့တဲ့ ရိက္ခာတွေကို PDF သိမ်းဆည်း - ကမ္မမြို့ ဓါတ်အားပေးစက်ရုံအဟောင်းက ရဲကင်းစခန်း ၄ ရက်ဆက် ဒရုန်းနဲ့ကြဲခံရပြီး ရဲတွေစခန်းစွန့်ခွာသွား - အောင်လံမှာ ခရီးသွားနဲ့ ဒေသခံ ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီဖမ်းဆီး - စစ်ရှောင် ဆင်ထိန်းမိသားစုနဲ့ ဆင်များကို PLA တပ်ရင်းက စောင့်ရှောက်ထား - အင်းတော်မှာ စစ်တပ်ကလူသားဒိုင်းအဖြစ်ပိတ်ဆို့ထားတဲ့ ပြည်သူ ၁၀၀၀ကျော်ထဲက ၂ဦးသေဆုံး - စစ်တပ်ကပျက်ကျခဲ့တဲ့ တရုတ်ထုတ် ထောက်လှမ်းရေးဒရုန်းတစင်း တော်လှန်ရေးတပ်ဖွဲ့တွေရရှိ

တပတ်အတွင်း မြေလတ်သတင်း

- ပဲခူးအနောက်ခြမ်းမှာ စစ်တပ်က ပေါ်တာအဆွဲကြမ်းနေ - စစ်ကိုင်းတိုင်းမှာ ၇ လအတွင်း အရပ်သား ၅၀၀ ဦးဝန်းကျင်သေဆုံး - တောင်ငူမှာ စစ်တောင်းမြစ်ရေပြန်တက်လို့ လူဦးရေ ၄၀၀၀ ကျော် ပြန်လည်ပြောင်းရွှေ့နေရ - မုံရွာမှာ တရက်တည်း လူငယ် ၁၀၀ နီးပါး အဓမ္မဖမ်းဆီးခံရ - ပဲခူးမြို့နယ်က NLD ပါတီဝင်နဲ့ တက်ကြွလှုပ်ရှားသူ ၅ ဦးရဲ့နေအိမ်တွေ ချိပ်ပိတ်ခံရ - ပုလဲမြို့နယ်၊ အင်မထီးရွာမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ ၅,၀၀၀ ခန့် စစ်ရှောင်နေ - အညာမှာ စစ်ကောင်စီကိုဆန့်ကျင်ကြောင်း တောင်သူတွေ ကောက်စိုက်ရင်းဆန္ဒပြ - လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းများ ရှောင်ရှားနည်း ပညာပေး‌ဟောပြောပွဲ မြိုင်မှာ ပြုလုပ်နေ

တပတ်အတွင်း မြေလတ်သတင်း

- ပဲခူးနဲ့ မကွေးတိုင်းက မြို့နယ်တွေမှာ စစ်တပ်က တပ်သားသစ်စုဆောင်းမှုနဲ့ ငွေကြေးကောက်ခံတာတွေလုပ်နေ - ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း နိုင်ငံရေးအမှု ၁၇ ဦးအပါ အချုပ်သား ၂၀ ဦးကိုကယ်ထုတ်နိုင် - ခင်ဦးမြို့နဲ့ ထန်းတပင်မြို့တို့မှာ စစ်တပ်ကလေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေထိခိုက်သေဆုံးပြီး ထွက်ပြေးတိမ်းရှောင်နေ - ပေါင်းတည်က နေအိမ် ၂၁ လုံးကို စစ်တပ်ကမီးရှို့၊ ကား ဆိုင်ကယ်တွေလည်း ပျက်စီး - ဒိုက်ဦးထောင် နိုင်/ကျဥ်းအမျိုးသမီး ၇ ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ရိုက်နှက်ခံထားရ - မုံရွာ-ခန္တီးရေကြောင်းတလျှောက် စက်လှေ ၁ စီးကို ကောက်ခံငွေကျပ်သိန်း ၁၀၀ ကျော်ပေးရလို့ စက်လှေ ပြေးဆွဲမှုတချို့ ရပ်နား - စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းထဲကကျေးရွာတချို့နဲ့ မုန်းမြို့က စစ်ဘေးရှောင်တွေမှာ တုပ်ကွေးနဲ့အရေပြားရောဂါအတွက် ဆေးဝါးတွေလိုအပ်နေ - ဒီပဲယင်းက စစ်ဘေးရှောင် ၂ သောင်းကျော် စားနပ်ရိက္ခာအရေးပေါ်လိုနေ

တပတ်အတွင်း မြေလတ်သတင်း

- ရခိုင်ရိုးမ တောင်ကုတ်ကားလမ်းပေါ်က ဒေသခံတွေရဲ့ စားသောက်ကုန်ဝယ်ယူမှုကို စစ်ကောင်စီက ကန့်သတ် - ကန့်ဘလူနယ်က ရွာ ၁၆ ရွာကို စစ်သားနဲ့ပျူတွေမီးရှို့လို့ နေအိမ် ၆၀၀ ကျော်ပျက်စီး - ထန်းတပင်မြို့နယ်ထဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ - ဇီးကုန်းမှာ စစ်မှုထမ်းကြေးဆိုကာ စစ်ကောင်စီက အဓမ္မပိုက်ဆံတောင်းနေ - မအူဂိတ်ကနေ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၈ ဦး၊ အမျိုးသား ၃ ဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရ - ရေနံချောင်းမှာ တိုက်ပွဲကြောင့် လူထောင်ချီ ထွက်ပြေးနေရပြီး စားသောက်ရေးအခက်ကြုံနေ - စက်သုံးဆီရရှိဖို့ အခက်အခဲကြောင့် လူမှုကူညီရေးအသင်းတချို့ ရပ်နားဖို့အထိဖြစ်လာ - ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ မိသားစုကိုထောက်ပံ့ဖို့ PDF တွေ စပါးစိုက် - ဆားလင်းကြီးက ဒေသခံ ၁၅၀ ကျော်ကို BLDF က ကျန်းမာရေးစောင့်ရှောက်မှုပေး

တပတ်အတွင်း မြေလတ်သတင်း

- ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့အခမ်းအနားကို ABSDF စစ်ကြောင်း ၃ က ပြုလုပ် - စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကပစ်ခတ်လို့ မြိုင်နယ်ကဒေသခံ ၅၀၀၀ ကျော် အရေးပေါ်ထွက်ပြေးရ - ရေစကြိုနယ်က နေအိမ် ၂၃ လုံးကို စစ်အုပ်စုက မီးရှို့လို့ ပြာကျပျက်စီး - ဗကသရဲဘော်သတ်ဖြတ်ခံရမှု ကျူးလွန်ကြောင်းဝန်ခံထားသူတဦးကို တရားစွဲဆိုနိုင်ရေးလုပ်ဆောင်နေ - မင်းတုန်းဒေသခံတွေကို သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး - ခန္တီးမြို့ရေကြီးပြီးနောက် ကုန်စျေးနှုန်း ၂ ဆ မြင့်တက်နေ - ပသုံးလုံးထိန်းချုပ်နယ်မြေ ဝက်လက်မှာ ဆည်ရေမရတာနဲ့ မိုးမရွာတာကြောင့် မိုးစပါးဧက ၇၀၀၀ ကျော် စိုက်ဖို့အခက်တွေ့ - တောင်ငူက ရေဘေးသင့်ပြည်သူ ၁ သောင်းကျော်အတွက် အကူညီလိုအပ်နေဆဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10