စလင်းကို ဗုံးဒါဇင်နဲ့ချီ ကြဲချတိုက်ခိုက်
“လေယာဉ် ၃ စီးနဲ့ မနက် ၈ နာရီခွဲ ၉ နာရီလောက်မှာ အသွားအပြန် ၆ ကြိမ် ဗုံးကြဲသွားတာ။ အဲ့ဒီနောက်ပိုင်း စက်တပ်လေထီး (Paramotar)နဲ့ တိုက်တယ်။ ပြီးတော့ လေယာဉ်နဲ့ဆက်တိုက်ကြဲတယ်၊ အကြိမ်ရေ ၂၀ ကျော်တယ်။”
“လေယာဉ် ၃ စီးနဲ့ မနက် ၈ နာရီခွဲ ၉ နာရီလောက်မှာ အသွားအပြန် ၆ ကြိမ် ဗုံးကြဲသွားတာ။ အဲ့ဒီနောက်ပိုင်း စက်တပ်လေထီး (Paramotar)နဲ့ တိုက်တယ်။ ပြီးတော့ လေယာဉ်နဲ့ဆက်တိုက်ကြဲတယ်၊ အကြိမ်ရေ ၂၀ ကျော်တယ်။”
“ ရေကတော့စီးနေပေမယ့် စီးတာက ရေစီးမသန်ဘူး။ တဖြည်းဖြည်းချင်းကျတဲ့ရေတွေမှာပဲ သုံးနေ၊ ချိုးနေရပြီး လူဦးရေကများတော့ အပေါ်ကချိုးတဲ့ရေကိုအောက်မှာပြန်ချိုး၊ ဒါမျိုးတွေပြန်သုံးရတဲ့အခါမျိုးမှာ အရေပြားပြဿနာတွေ ခံစားလာရတာပေါ့။”
“ ဂျက်ဖိုက်တာ ၂ စီး ၅ ခေါက်ပတ်ပြီး ပစ်သွားတာ၊ ဆရာတော်က ဒဏ်ရာများတယ်၊ အရပ်သား ၂ ဦးလည်းထိတယ်၊ အရပ်သား ၂ ဦးကတော့ ဒဏ်ရာရရုံပါ။ “
“ဘိစပ်ကုန်းရွာက အိမ်ခြေ ၁၀၀ ကျော်ရှိတယ်။ မီးထဲပါသွားတာကတော့ အသေးစိတ်တော့မသိရသေးဘူး၊ ရွာထဲကို ပြန်မဝင်နိုင်ကြသေးဘူး။ ငတရော်ရွာကိုလည်း နောက်နေ့ဆက်မီးရှို့ကြတာ။”
“ဘာကြောင့်မီးဝင်ရှို့တာတော့ မသိရဘူး၊ အိမ်ခြေ ၇၀၊ ၈၀ လောက် မီးလောင်သွားတယ်။ နည်းနည်းတော့ ကျန်သေးတယ်၊ စစ်ရှောင်တွေကတော့ တောထဲမှာနေရတာ၊ မနေ့ကအထိ ၁၇ ရွာ စစ်ရှောင်နေရပြီး အခုဆိုရင် အုတ်ရှစ်ကုန်းရွာ၊ ကန်တော်ရွာ၊ နွားတပ်ရွာတို့က ပြည်သူတွေလည်း စစ်ရှောင်နေရတယ်”
“ကျပင်းရွာကတ္တရာလမ်းရဲ့ အနောက်က နေအိမ်တွေကိုမီးရှို့တာပါ။ တခြားဆုံးရှူံးမှုတွေကတော့ ဘာမှမရှိသေးဘူး။ လတ်တလောအနေနဲ့ တောတိုက်တွေထဲမှာ ရှောင်နေကြရတယ်။ ကျပင်းရွာက အုပ်ကြီး(အုပ်ချုပ်ရေးမှူး)ကလည်း ရှောင်နေရတယ်။ သူ့အနားလည်း ပြည်သူ ၈၀ လောက်ရှိတယ်။ နောက်ထပ် ၃/၄ ရက်လောက်ဆိုရင်တော့ ရိက္ခာကမလောက်နိုင်တော့ဘူး။”
"တော်လှန်ရေးတပ်ဖွဲ့တွေကတော့ သပြေညွန့်ရွာကိုရသွားပြီ။ ထိခိုက်သေဆုံးတော့ တိတိကျကျ မသိရသေးဘူး။ စခန်းသိမ်းနိုင်တာက အတည်ပြုနိုင်တယ်။ အသေးစိတ်ကတော့ KNLA ဘက်က သတင်းထုတ်ပြန်လိမ့်မယ်။"
“ ၁၀ ဘီကား ၂ စီးနဲ့ ရွာထဲက နွားတွေ၊ဝက်တွေ၊ စားပွဲတန်းလျားတွေ အကုန်လုံးယူသွားတယ်။ ယူပြီးတော့ ရွာကနေအိမ်တွေကို မီးရှို့ခဲ့တာ ၇ လုံးတော့ ကုန်သွားတယ်။ သူတို့လည်း ပြန်သွားတော့ ရွာအနီးအနားက မီးလောင်တာမြင်တာနဲ့ မီးသွားသတ်ကြတာ။ ၃ ည အိပ်ပြီးမှ မနက်စောစောမှာ မီးရှို့သွားကြတာ။”
“အခုလောလောစယ်တော့ နေအိမ် ၈ လုံးလောက် ဆုံးရှံးသွားပြီ။ ထိခိုက်မှုတော့ ၁ ဦးရှိတယ်၊ အမျိုးသား ၁ ဦးပါ၊ အသက်ကတော့ ၄၇ နှစ်လောက်ရှိမယ်။ ရွာကပြည်သူတွေကတော့ ဘေးပတ်ဝန်းကျင်ရွာတွေကို သွားရှောင်နေရတယ်။ အခုလည်း စစ်တပ်က မီးရှို့နေတုန်းပါ၊ ဆုံရှုံးမှုတော့ တော်တော်လေးများတယ်။”
"လက်နက်ကြီးက ရမ်းထုတာပါ။ ငါးထပ်ကြီးထဲက ၈၁ တွေနဲ့ပစ်တာ။ ထိတာက ၃ ယောက်။ ရဲဘော် ၁ ယောက်ပါတယ်။ ပြည်သူ ၂ ဦးပါတယ်။ "
“အခုဘယ်လောက်ထိ မီးလောင်ကုန်တယ် ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ အဲ့ဒီအနားမှာ စစ်ကြောင်းကရှိသေးတော့ ကျနော်တို့ကပ်လို့မရသေးဘူး။ မြေစွန်းတော်ကျေးရွာက အိမ်ခြေ ၄၀၀ လောက်ရှိတယ်။”
"တမြန်နေ့ကတည်းက စစ်ကြောင်းထိုးနေတာ။ မနေ့ကစစ်ကြောင်းထိုးလာတဲ့အချိန်မှာတော့ မြင်းခြံဘက်ကလာတဲ့ အဖွဲ့ကိုတိုက်လိုက်တာရှိတယ်။ လမ်းကနေဖြတ်တိုက်တာမှာ သံချပ်ကာကား ၁ စီးကတော့ စုတ်ပြတ်သတ်သွားတယ်။ ထိခိုက်သူတွေကို ဒါဘယ်ကပ်နဲ့တင်သွားတယ်။ သူတို့အဆုတ် ကျနော်တို့ရဲဘော်တွေခဏနားတဲ့အချိန်မှာ သူတို့ကားတွေနဲ့ တရကြမ်းပြန်ဝင်လာချိန် တိုက်ပွဲထပ်ဖြစ်ပြီး လေယာဉ်နဲ့ပါဗုံးကြဲသွားတာ"
"ဂျက်ဖိုက်တာမချခင်ကို မြပုလဲကနေ လက်နက်ကြီး ၉ လုံးထုတယ်။ ဂျက်ဖိုက်တာချသွားပြီးတော့ ပါရာမိုတာ ၂ စီးနဲ့လာချတယ်။ ချောင်းမကို။ ပါရာမိုတာပြန်သွားပြီးတော့ နွယ်ခွေကိုလည်း မြပုလဲကနေ စစ်ကြောင်းထွက်လာပြီးတော့ ရွာနားမရောက်ခင် လက်နက်ကြီးနဲ့ထုတာ။ ပြီးမှ ရွာကိုဝင်မွှေပြီး ညပိုင်းပြန်ထွက်သွားတာ"
"ဗုံးက ၁ လုံးတည်း။ ကျနော်တို့သိရတာက ပေါင် ၅၀၀ လို့သိရတယ်။ ရွာလယ်ကောင်မှာ နတ်စင်ရှိတယ်။ နတ်စင်ရဲ့အရှေ့မြောက်ဘက် အိမ်တွေနားကိုကျတာ။"
"ဒရုန်း ၃ စီးနဲ့ ၆၀ မမဗုံးသီးတွေချပြီး တိုက်ခိုက်တယ်။ ၃ နာရီလောက်မှာမြေပြင်ကနေပြီးတော့ တချိန်တည်း လူအားနဲ့ထိုးစစ်ဆင်တယ်။ ကျောင်းထဲကို။ တိုက်ပွဲအချိန်ကတော့ ၂ နာရီလောက် ကြာတယ်။ အပြန်အလှန် ပစ်ခတ်မှုအပြင်းအထန် ဖြစ်တယ်။ သူတို့(စကစ)ဘက်ကလည်း ကျောင်း အုတ်ကာ ၂ ထပ်အဆောက်အဦကနေ သေချာနေရာယူပြီး ပြန်လည်ခုခံတယ်။ သူတို့မှာ စနိုက်ပါလည်း ပါတယ်။"