သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်တဲ့ လက်နက်ကြီးကျည်ထိပြီး အမျိုးသား ၃ ဦးဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
မတ် ၃ ရက်မနက် ၆ နာရီကျော်မှာ တဲကြီးကျေးရွာ၊ ငါးထပ်ကြီးဘုရားထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညောင်ကုန်းကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ ၁ လုံးက ဒေသခံနေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
"လက်နက်ကြီးက ရမ်းထုတာပါ။ ငါးထပ်ကြီးထဲက ၈၁ တွေနဲ့ပစ်တာ။ ထိတာက ၃ ယောက်။ ရဲဘော် ၁ ယောက်ပါတယ်။ ပြည်သူ ၂ ဦးပါတယ်။ "လို့ ဒေသကာကွယ်ရေးရဲဘော်တဦးကပြောပါတယ်။
လက်နက်ကြီးထိမှန်လို့ အသက် ၇၄ နှစ်အရွယ် အမျိုးသားရဲ့မျက်နှာနဲ့ ၃၉ နှစ် အရွယ်အမျိုးသားရဲ့ပေါင်မှာ အစထိမှန်ဒဏ်ရာရပြီး အသက် ၂၀ ကျော်ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးလည်းထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ် ၁ လုံးလည်းပျက်စီးခဲ့ပါတယ်။
ဒဏ်ရာရသူတွေကတော့ သက်သာတဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်။
ညောင်ကုန်းကျေးရွာမှာအိမ်ခြေ ၄၀၀ ကျော် ဒေသခံ ၂၀၀၀ ခန့်ရှိပြီး လက်ရှိမှာ ဒေသခံထက်ဝက်နီးပါးဟာဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန် ၈ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ကျေးရွာအုပ်စု၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်းမှာ တော်လှန်ရေးအဖွဲ့တွေအစည်းဝေးလုပ်နေချိန် ဗုံးကြဲခံရလို့ သံဃာ ၂ ပါး အပါအဝင် သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရသူ ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #စစ်ကောင်စီ #လက်နက်ကြီးပစ်
Share Share Share