မင်းခန့်

ဒိန်းဒေါင်ဦးဆောင်တဲ့ လူရွှင်တော်အဖွဲ့က MNDAA ကို အလိုမရှိကြောင်း နေပြည်တော်မှာဆန္ဒပြ (ရုပ်/သံ)

ဒိန်းဒေါင်အပါအဝင် ၎င်းဦးဆောင်တဲ့ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးအဖွဲ့ဝင်တွေဟာ MNDAA အပါအဝင်မဟာမိတ်တွေဖြစ်တဲ့ AA နဲ့TNLAကိုလည်း အလိုမရှိကြောင်း၊ ဆန့်ကျင်ရှုတ်ချကြောင်း ရေးသားထားတဲ့ ဘန်နာတွေကိုကိုင်ဆောင်ကာ ဆန္ဒပြခဲ့တာကို စစ်တပ်ထောက်ခံမီဒီယာတွေကတဆင့် ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

မုံရွာခရိုင်အတွင်းက PDF တပ်ရင်းတွေကျင်းပတဲ့ ၇၇ နှစ်ပြည့် အာဇာနည်နေ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းက မုံရွာခရိုင်တပ်ရင်း ၅ Aung San Force-ASF၊ မုံရွာခရိုင်တပ်ရင်း ၉ Farmers Revolution Force နဲ့ မုံရွာခရိုင်တပ်ရင်း ၁၂ တို့က ၇၇ နှစ်ပြည့်အာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ အဲဒီတပ်ရင်းတွေဆီက သိရပါတယ်။

ရွှေဘိုတပ်ရင်း ၁၅ က အာဇာနည်နေ့အခမ်းအနားနဲ့ ရေလှောင်ကန်အပ်နှံပွဲကျင်းပပြီး မုန့်ဟင်းခါးကျွေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ က ဦးဆောင်ပြီး ၇၇ နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားနဲ့ တပ်ရင်းကဦးဆောင်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို ရေလှောင်ကန်အပ်နှံပွဲ ကျင်းပခဲ့တယ်လို့ အဲဒီတပ်ရင်းက သိရပါတယ်။

၁၀ ရက်ကျော်ကြာရေမကျလို့ မြောင်နယ်ထဲကပြည်သူတွေ နေရပ်မပြန်နိုင်သေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အနောက်တောင်ခြမ်းမှာ ၁၀ ရက်ကျော်တဲ့အထိ ရေမကျသေးလို့ ကျေးရွာ ၂၀ ကျော်ခန့် ရေနစ်မြုပ်နေပြီး ပြည်သူတွေဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်ထဲက ကိုယ်ထူကိုယ်ထစာသင်ကျောင်းမှာ ပုံနှိပ်စာအုပ်၊ သင်ထောက်ကူနဲ့ သောက်သုံးရေ လိုအပ်နေ (ရုပ်/သံ)

စာသင်ကြားရေးမှာတော့ ပုံနှိပ်စာအုပ်၊ သင်ထောက်ကူပစ္စည်းတွေ ၀ယ်ယူရတာခက်ခဲပြီး သောက်သုံးရေရှားပါးတဲ့ အခက်အခက်နဲ့လည်း ကြုံတွေ့နေရတယ်လို့လည်း ဆရာမ ဒေါ်ဆန်းမွန်အေးကပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေကို Monywa Nightking အဖွဲ့က ထမင်းကျွေးနေ (ရုပ်/သံ)

မုံရွာမြို့နယ်မှာ ဇူလိုင် ၇ ရက်ကစပြီး ချင်းတွင်းမြစ်ရေတက်ရာကနေတဆင့် ရွာပေါင်း ၂၀ ကျော် ရေဘေးသင့်ခဲ့ရတာဖြစ်ပြီး Monywa Nightking အဖွဲ့နဲ့ နီးစပ်တဲ့ ရွာကရေဘေးသင့် ပြည်သူ ၃၀၀ အတွက် ညစာ ကြက်ဥကြော်၊ ပဲတီချဥ်၊ ပဲငပိငရုပ်သီးကြော်နဲ့ ထမင်းတနပ်လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

စစ်ရှောင်တွေကို ရွေ့လျားစနစ်နဲ့ဆေးကုပေးနေတဲ့ ပခုက္ကူခရိုင် တပ်ရင်း ၁၁ (ရုပ်/သံ)

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်က လသားမိခင်တွေ၊ လေဖြန်းလူနာတွေ အပါအဝင် စစ်ရှောင်ပြည်သူ ၃၀ ကျော်ကို အခမဲ့ဆေးကုသပေးပြီး ယင်လုံအိမ်သာ ၂ လုံးနဲ့ စစ်ရှောင်တွေနေထိုင်ဖို့ အဆောက်အဦတွေကိုပါ တပ်ရင်းရဲ့ရဲဘော်တွေက ဆောက်လုပ်ပေးခဲ့တာလို့ ပခုက္ကူခရိုင် တပ်ရင်း ၁၁ (PPC) ရဲ့ I.O (Intelligence Officer) ကိုတေဇ က ပြောပါတယ်။

ရခိုင်မှာ အလင်းဝင်လာတဲ့ နယ်ခြားစောင့်ရဲ ၂ ဦး အညာဒေသမှာ စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

"သူတို့က စကစက အလင်းဝင်ရင် PDF တွေက သတ်တယ်လို့ဝါဒဖြန့်နေတယ်တဲ့ တပ်ထဲမှာ။ အဲ့ဒါကြောင့်တွေးပြီး ကြောက်နေတာ။ အခုတော့ ကျနော်တို့ရဲဘော်တွေက တကယ့် ရဲဘော်ရဲဘက်တွေလိုဆက်ဆံတော့ သူတို့ဝမ်းသာနေကြတယ်"

စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ စစ်ရေးလေ့ကျင့်နေတဲ့ အမိမြေတော်လှန်ရေးတပ် (ရုပ်/သံ)

စစ်ကိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၇၊ တပ်ခွဲ ၁၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့ဟာ မြေပြင်မှာ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နိုင်ဖို့အတွက် စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ပကဖ စစ်သင်တန်းဆင်းပွဲမှာ သံချပ်နဲ့ဖျော်ဖြေခဲ့တဲ့ ရဲဘော်တွေ (ရုပ်/သံ)

သင်တန်းဆင်းပွဲကိုတော့ တောတွင်းတနေရာမှာကျင်းပခဲ့ပြီး သင်တန်းဆင်း ရဲဘော်တွေရဲ့ဆန္ဒအရ သံချပ်သီဆိုတာတွေ ပြုလုပ်စေခဲ့တယ်လို့လည်း မတ္တရာပကဖရဲ့ တာ၀န်ရှိသူက​ပြောပါတယ်။

ပြည်သူလှူတန်းတဲ့ ထန်းလက်နဲ့ ဘားတိုက်ဆောက်နေတဲ့ PDA ရဲဘော်တွေ (ရုပ်/သံ)

"ထန်းလက်ရောင်းတဲ့သူတွေတော့ ရှိတယ်။ တလက်ကို ၃၀၀ ကျပ်ပေါ့။ ကျွန်တော်တို့ကတော့ မရောင်းဘဲဒီတိုင်းပစ်ထားတဲ့ပိုင်ရှင်တွေဆီက အလှူခံရတာပေါ့။ ဝါးတို့ မျောတိုင်တို့ကလည်း တောလိုက်ပိုင်တဲ့ပြည်သူတွေက လိုသလောက်ခုတ်ယူဆိုပြီး လှူထားတော့ ရဲဘော်တွေကိုယ်တိုင်ပဲ ခုတ်ပီးအသုံးပြုတာပေါ့။ ငွေကြေးကတော့ ခက်ခဲတာပေါ့။ အဲ့ဒါကြောင့် အဓိကလိုအပ်တဲ့ လက်နက်ခဲယမ်းဖြည့်ဆည်းနိုင်ဖို့ တချို့နေရာတွေ အပိုမကုန်အောင်လုပ်ရတာပေါ့။"

မုံရွာခရိုင်တပ်ရင်း ၂ က ရဲဘော်တွေကို ကွန်မန်ဒိုသင်တန်းပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ထဲမှာအခြေစိုက်တဲ့ မုံရွာခရိုင်တပ်ရင်း ၂ Chindwin Attack Force 2 ရဲ့ ရဲဘော်အချို့ဟာ အထူးကွန်မန်ဒိုသင်တန်းကို တက်ရောက်နေတယ်လို့ မုံရွာခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။

ကဝမြို့နယ် PDF ရဲ့ အပတ်စဥ် (၅) အခြေခံစစ်သင်တန်းစတင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kawa People Defense Force - Kawa PDF ရဲ့ အပတ်စဥ် (၅) အခြေခံစစ်သင်တန်းဖွင့်ပွဲ ကို မေ ၅ ရက်က တောတွင်းတနေရာမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10