စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ စစ်ရေးလေ့ကျင့်နေတဲ့ အမိမြေတော်လှန်ရေးတပ် (ရုပ်/သံ)

စစ်ကိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၇၊ တပ်ခွဲ ၁၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့ဟာ မြေပြင်မှာ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နိုင်ဖို့အတွက် စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အမိမြေတော်လှန်ရေးတပ်ဖွဲ့ဟာ ယင်းမာပင်ခရိုင်အတွင်းမှာ မေလအစပိုင်းကစတင်ပြီး ဇွန်လအထိ ၁ လကျော်ကြာအချိန်ယူကာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ရေးလေ့ကျင့်ရာမှာ အမိမြေတော်လှန်ရေးတပ်ဖွဲ့ရဲ့ ရဲဘော် ၅၀ ဦး က စစ်ချီတက်ပုံ၊ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ပုံ စတာတွေကိုသင်ကြားခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၇ ရဲ့ တပ်ရေးဗိုလ် ရဲဘော် မင်းကို က ပြောပါတယ်။

အမိမြေတော်လှန်ရေးတပ်ဖွဲ့အနေနဲ့  စနစ်တကျလေ့ကျင်မှုတွေနဲ့အတူ မြေပြင်တိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ တပ်ဖွဲ့မှာရှိတဲ့ရဲဘော်တွေအတွက် စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ ကျည်ကာ၊ Equipment တွေလိုအပ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။

အမိမြေတော်လှန်ရေးတပ်ဖွဲ့ ကို တည်ထောင်ခဲ့တာ ၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲပေါင်း ၁၀၀ ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ ၅  ခုကို မဟာမိတ်တပ်တွေနဲ့အတူ ပါ၀င်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #အမိမြေတော်လှန်ရေးတပ်ဖွဲ့ #စခန်းသိမ်းတိုက်ပွဲ #စစ်ရေးလေ့ကျင့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10