တန်းတူညီမျှရေး

စစ်ကောင်စီက ဖျက်ဆီးဖို့ကြိုးစားနေတဲ့ ရခိုင်ပြည်က လူမျိုး/ဘာသာ ငြိမ်းချမ်းရေး (ဆောင်းပါး)

ရခိုင်ပြည်နယ်မှာ နယ်မြေအများအပြား လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ ရခိုင်နဲ့ ဘင်္ဂါလီ/ရိုဟင်ဂျာတွေကြားက တိုးတက်ကောင်းမွန်လာတဲ့ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် တမင်ဖန်တီးတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေ၊ ရခိုင်အရေးစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

မှီခိုအမည်တပ်ခံထားရသော အိမ်ထောင်ဦးစီးများ (အက်ဆေး)

“ကျမ နာမည်ထည့်လိုက် ဦးလေး၊ အိမ်မှာ ကျမ အိမ်ထောင်ဦးစီးပါ” ဆိုတော့ သူက ရယ်ကျဲကျဲနဲ့ ကျမကို ပြန်ကြည့်တယ်။ မြန်မာပြည်မှာ အိမ်ထောင်ဦးစီးဆိုတာ ယောက်ျားတွေဖြစ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်က သူ့အပြုံးထဲမှာ အပြည့်အဝရောနှောပါဝင်နေတာကို သူ့မျက်နှာအမူအယာပေါ်မှာ ကျမကောင်းကောင်း ဖတ်မိပါတယ်။

စစ်ရှောင်စခန်းမှာ အမျိုးသမီးအတွင်းခံမလုံလောက်လို့ မဝတ်ရတဲ့အပေါ်မှာ အမျိုးသမီးငယ်တွေ စနောက်ပြောဆို ခံနေရ

"အမျိုးသမီးအသုံးပစ္စည်းတွေလည်း တအားလိုတယ်၊ အဲ့လိုမျိုး အခက်အခဲက တလတကြိမ် ခဏခဏ ဖြစ်တာပေါ့နော်၊ အမျိုးသမီး ကောင်မလေးတွေက အပျိုပေါက်လေးဖြစ်နေပြီ၊ အဝတ်အစားတော့ ဝတ်နိုင်ပြီ ကောင်လေးတွေက သူတို့ကို မြင်လို့ရှိရင်၊ ဟဲ့နင့်မှာ ဟိုဟာဖြစ်နေပြီ၊ ဘာဖြစ်နေပြီပေါ့၊ ပြီးရင် သူတို့မှာ ဘယာစီယာ မဝတ်ရလို့လေ" လို့ တောင်မင်းကုလား စစ်ရှောင်စခန်းက အမျိုးသမီးတာဝန်ခံ မအေးခင်က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10