ပဋိပက္ခဇုန်ထဲက အမျိုးသမီးကိုယ်ဝန်ဆောင်တွေဟာ လှောင်ပြောင်စရာမဟုတ်ပါ (ရုပ်သံဆောင်းပါး)
အားလုံးက မျက်နှာမသာမယာတွေနဲ့။ တချို့က ပိန်လှီလှီမွဲခြောက်ခြောက်။ အပြုံးအရယ် အရိပ်အယောင် တောင်မှ မမြင်ရတဲ့ သူတို့ဓာတ်ပုံတွေနဲ့အတူတူ တွဲတင်ထားတဲ့ အဲဒီ စေတနာ့ဝန်ထမ်းလူငယ်ရဲ့ စာတပိုဒ်ကို ဖတ်မိတယ်။ စစ်ပွဲတွေကြောင့် လျှပ်စစ်မီးတွေ မရှိ၊ အလုပ်အကိုင်မရှိကြတဲ့ စစ်ရှောင်ပြည်သူတွေကြားထဲ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ တိုးသထက် တိုးပွားလာတဲ့အပေါ် ဟာသအဖြစ် နောက်ပြောင်ထားတဲ့ သူ့ အရေးအသားကို အတိုင်းသားမြင်ရတယ်။