သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
( မြေလတ်အသံသတင်းဌာနမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးအား ရုပ်သံဆောင်းပါးအဖြစ် ပြန်လည်တင်ဆက်ခြင်းဖြစ်သည်။ )
တော်လှန်ရေးတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတခုမှာ လူမှုကူညီရေးတွေလုပ်နေတဲ့ လူငယ်တယောက်က သူ့လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံလေးတပုံနဲ့ စာတိုလေးတပိုဒ် တင်တယ်။
ဓာတ်ပုံထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် စစ်ဘေးရှောင်ပြည်သူတချို့ စီတန်းမတ်တပ်ရပ်နေ ကြတယ်။ သူတို့ကို အလှူငွေဖြစ်စေ၊ စားနပ်ရိက္ခာဖြစ်စေ မျှဝေချိန်မှာ ရိုက်ထားဟန်ရှိပါတယ်။
အားလုံးက မျက်နှာမသာမယာတွေနဲ့။ တချို့က ပိန်လှီလှီမွဲခြောက်ခြောက်။ အပြုံးအရယ် အရိပ်အယောင် တောင်မှ မမြင်ရတဲ့ သူတို့ဓာတ်ပုံတွေနဲ့အတူတူ တွဲတင်ထားတဲ့ အဲဒီ စေတနာ့ဝန်ထမ်းလူငယ်ရဲ့ စာတပိုဒ်ကို ဖတ်မိတယ်။
စစ်ပွဲတွေကြောင့် လျှပ်စစ်မီးတွေ မရှိ၊ အလုပ်အကိုင်မရှိကြတဲ့ စစ်ရှောင်ပြည်သူတွေကြားထဲ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ တိုးသထက် တိုးပွားလာတဲ့အပေါ် ဟာသအဖြစ် နောက်ပြောင်ထားတဲ့ သူ့ အရေးအသားကို အတိုင်းသားမြင်ရတယ်။
စစ်ရှောင်တွေများပြားလာသလို လက်ခံရရှိတဲ့အလှူငွေတွေ နည်းပါးလာတဲ့အတွက် လူဦးရေတွေ တိုးအောင် မလုပ်ကြပါနဲ့လို့လည်း သူကဆိုထားသေးတယ်။
ဆောင်းပါး - ခိုင်ရီ၊ တည်းဖြတ် - HP
#မြေလတ်အသံ
#ရုပ်သံဆောင်းပါး #ကိုယ်ဝန်ဆောင် #ပဋိသန္ဓေတားဆေး #စစ်ပွဲ #ကျန်းမာရေး
Share Share Share