စင်မြင့်ရွာမီးရှို့ခံရတဲ့ဖြစ်စဥ်ကို အကြမ်းဖက်ရွာလေကြောင်းတိုက်ခိုက်တာလို့ စစ်တပ်ထောက်ခံသူတွေဝါဒဖြန့် (Fact Check)
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ် ပဲခူးရိုးမအတွင်းရှိ စင်မြင့်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့မှုဖြစ်စဉ်အပေါ် အကြမ်းဖက်ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်လူမှုကွန်ယက်မှာ သတင်းအမှား ဖြန့်ဝေနေပါတယ်။