ကလေးသူငယ်

ဗုံးဆံ၊ ကျည်ဆံ ကြားက ပညာရေး

“စာသင်ကျောင်းတွေဖွင့်ထားပေမယ့် တိုက်ပွဲတွေလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကို အမြဲခံနေရတယ်။ ပြီးခဲ့တဲ့ မတ်လတလလုံးဆို ကျောင်းတွေအားလုံးနီးပါးပိတ်ထားရပြီး ၁၀ ရက်ပြည့်အောင်တောင် ကျောင်းမဖွင့်နိုင်ခဲ့ဘူး။ အညာဒေသမှာ ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်ဆုံးရှုံးနေရတယ်” လို့ မြောင်ပညာရေးကွန်ရက် Myaung Education Networkက ကတာဝန်ရှိသူတဦးက ပြောပါတယ်။

ဆွေမျိုးတော်စပ်သူက သက်ငယ်မုဒိန်းပြုကျင့်ခြင်း

သက်ငယ်မုဒိန်းမှု ကျူးလွန်ခံရသူတွေဟာ ခံရသူနဲ့ ရင်းနှီးသိရှိသူတွေ ဆွေမျိုးရင်းခြာတွေမှာ အဖြစ်များကြပါတယ်။ ဘယ်လိုပဲ ဆွေမျိုးတော်စပ်နေပါစေ မတရားခံနေရတာကို ငြိမ်ခံမနေဘဲ အမှုဖွင့်တိုင်တန်းဖို့လိုပါတယ်။ အဲ့ဒီလိုမှသာ ဆွေမျိုးရင်းခြာတွေက ကျူးလွန်တဲ့ သက်ငယ်မုဒိန်းမှုတွေ ထပ်ပေါ်မလာတော့ဘဲ ပပျောက်မှာ ဖြစ်ပါတယ်။

စစ်ကျွန်ပညာ မခံတဲ့ စစ်ကိုင်းက စစ်ရှောင်စာသင်ကျောင်း (ရုပ်/သံ)

စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း ရွာတွေက ကျောင်းနေအရွယ်ကလေးငယ်တွေဟာ ပညာရေးတပိုင်းတစနဲ့ ဆက်လက်မသင်ကြားနိုင်ခဲ့တာ နှစ်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်၊။ မြန်မာနိုင်ငံမှာ ကိုဗစ် နိုင်တင်းဖြစ်ခဲ့ပြီးနောက် ကျောင်းတွေပိတ်ထားရခဲ့သလို ၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်မှာလည်း စာသင်ကျောင်းတွေ မီးရှို့ဖျက်ဆီးခံရလို့ ကျောင်းမတက်နိုင်ကြတာ အခုဆိုရင် ၃ နှစ်ဝန်းကျင် ရှိလာနေပါပြီ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10