သတင်းတို

စလင်းကို ဗုံးဒါဇင်နဲ့ချီ ကြဲချတိုက်ခိုက်

“လေယာဉ် ၃ စီးနဲ့ မနက် ၈ နာရီခွဲ ၉ နာရီလောက်မှာ အသွားအပြန် ၆ ကြိမ် ဗုံးကြဲသွားတာ။ အဲ့ဒီနောက်ပိုင်း စက်တပ်လေထီး (Paramotar)နဲ့ တိုက်တယ်။ ပြီးတော့ လေယာဉ်နဲ့ဆက်တိုက်ကြဲတယ်၊ အကြိမ်ရေ ၂၀ ကျော်တယ်။”

စစ်ကိုင်းမြို့မှာ သောက်ရေနဲ့ကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေဆဲ  ◼ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ဖို့လည်း လိုအပ်နေ

"လက်ထဲ ပိုက်ဆံရှိနေကြပေမယ့် သောက်ရေအတွက် ဝယ်ဖို့ခက်ခဲနေပါတယ်။ ရေသန့်စက်ရုံတွေကလည်း မလည်ပတ်နိုင်သေးတော့။ မန္တလေးဘက်ကနေ ရှားရှားပါးပါးဝယ်ရတာကလည်း ၁ လီတာ ၁ ဗူးကို ၇ ထောင်ကနေ ၈ ထောင်အထိရှိတယ်။"

လေကြောင်းအန္တရာယ်နဲ့ ငလျင်ဘေးသင့်ကာလဖြစ်လို့ လူစုလူဝေးနဲ့ပျော်ပွဲရွှင်ပွဲတွေမလုပ်ကြဖို့ မြိုင်ပကဖ သတိပေး

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ သင်္ကြန်နှစ်ကူးကာလအတွင်း လူစုလူဝေးနဲ့ အသံချဲ့စက် Bluetooth box ဖွင့်တာ၊ မဏ္ဍပ်ထိုးပျော်ပါးတာတွေ အပါအဝင် ပျော်ပွဲရွှင်ပွဲတွေမပြုလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မြိုင်က မတ် ၃၀ ရက် မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ တန်းစီနေတဲ့ကားတွေကို စစ်ကားကဝင်တိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီး ၅ ဦးအပါ ၈ ဦးဒဏ်ရာပြင်းထန်■ ယာဥ်တိုက်မှုကြောင့် စစ်ဆေးရေးဂိတ်အနီး နှစ်ဖက်သွားလာမယ့်ကားတွေ ပိတ်ဆို့နေ

" ကားက နေပြည်တော် တပ်မတော်နေ့အခမ်းအနားပြီးလို့ပြန်လာတဲ့ စစ်မေတွေလိုက်ပါလာတဲ့ကား။ ရပ်ထားတဲ့ကားတွေကို အရှိန်နဲ့ဝင်တိုက်ပြီး တိမ်းမှောက်သွားတာ "

စစ်ကိုင်းမှာ လူပေါင်း ၆၀၀ သေဆုံးပြီး အရေးပေါ်အကူညီလိုအပ်နေ (ရုပ်/သံ)

"ထိခိုက်သေဆုံးမှုက တော်တော်များတယ်။ အိမ်တိုင်းလိုပျက်စီးတာ။ ကရိန်းကားတွေကလည်း မနေ့ကမှ ရောက်ပြီးဆွဲထုတ်နေတာ။ ဖြစ်တာလည်း ၂ ရက်လောက်ရှိနေပြီဆိုတော့ အနံ့တွေလည်း တော်တော်ထွက်နေပြီ။ ဆေးရုံမှာဆိုလည်း လူနာတွေများလာတယ်။ ဗော်လန်တီယာ ကူညီမယ့်သူတွေ အများကြီးလိုအပ်နေတယ်။"

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့်ပြည်သူတွေကို PDF တွေကူညီကယ်ဆယ်ပေးနေ (ရုပ်/သံ)

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့်ကျေးရွာတွေမှာ တောင်ငူခရိုင် အမှတ် ၃၅၀၂ တပ်ရင်း၊ စစ်တောင်းစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပူးပေါင်းတပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းမှာ ငလျင်ကြောင့် လူပေါင်း ၆၀၀ သေဆုံးထားပြီး စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေ

"ထိခိုက်သေဆုံးမှုက တော်တော်များတယ်။ အိမ်တိုင်းလိုပျက်စီးတာ။ ကရိန်းကားတွေကလည်း မနေ့ကမှ ရောက်ပြီးဆွဲထုတ်နေတာ။ ဖြစ်တာလည်း ၂ ရက်လောက်ရှိနေပြီဆိုတော့ အနံ့တွေလည်း တော်တော်ထွက်နေပြီ။ ဆေးရုံမှာဆိုလည်း လူနာတွေများလာတယ်။ ဗော်လန်တီယာ ကူညီမယ့်သူတွေ အများကြီးလိုအပ်နေတယ်။"

ဟိုတယ်အဆောက်အဦပျက်ထဲက မိခင်နဲ့ကလေးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄x၂၉ လမ်းထောင့်ရှိ ဘီကျင်းဟိုတယ် ငလျင်ကြောင့် အဆောက်အအုံပြိုကျပျက်စီးမှုအတွင်း ရှာဖွေကယ်ဆယ်ရေးပြုလုပ်စဉ် မိခင်နဲ့ကလေးငယ် ၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အမြန်လမ်းပေါ် ဆိုင်ကယ်စီးလာတဲ့ ရဲတပ်ကြပ်ကြီး ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

“ အမြန်လမ်း မိုင်တိုင် ၂၅၄၊ ၂ ဖာလုံခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ။ ဆိုင်ကယ်နဲ့ တဦးတည်းလာတာ။ ၄ ချက်ပဲပစ်ခတ်လိုက်ရတာ၊ ခေါင်း ၂ ချက်၊ ရင် ဘတ် ၂ ချက် ပစ်ခတ်ခဲ့တာ။”

ကျောက်ဆည်ငလျင် မူကြိုကျောင်းပြိုကျသေဆုံးသူ ၂၀ ကျော်အပါ ၅၀ ကျော် သေဆုံးထားပြီး ၁၀၀ ကျော်ဒဏ်ရာရ

"၁၃ ဦးလောက်က အရင်လွတ်တယ်။ အောက်ခြေကနေ ပြိုကျတာ။ ပြန်ကယ်ထုတ်တဲ့အခါမှာ ခြေလက်တွေမပါတာတွေလည်း ရှိတယ်။ ကလေး ၁၈ ဦးနဲ့ဆရာမ ၃ ဦးသေတယ်။ ဒဏ်ရာရသူတွေလည်း များတယ်။ ရှာဖွေရေးက တရက်နဲ့တမနက် ရှာလိုက်ကြရတယ်။"

ပေါက်နယ်က စစ်ရှောင် ၃,၀၀၀ ခန့် ရေရှားပါးမှုကြုံနေရပြီး ကလေးငယ်ရာနဲ့ချီမှာ ယားနာတွေဖြစ်နေ

“ ရေကတော့စီးနေပေမယ့် စီးတာက ရေစီးမသန်ဘူး။ တဖြည်းဖြည်းချင်းကျတဲ့ရေတွေမှာပဲ သုံးနေ၊ ချိုးနေရပြီး လူဦးရေကများတော့ အပေါ်ကချိုးတဲ့ရေကိုအောက်မှာပြန်ချိုး၊ ဒါမျိုးတွေပြန်သုံးရတဲ့အခါမျိုးမှာ အရေပြားပြဿနာတွေ ခံစားလာရတာပေါ့။”

အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဒေါ်လာ ၁ သန်းသုံးစွဲဖို့လျာထားပြီး ခုခံစစ်ကလွဲရင် ထိုးစစ်ရပ်ထားမယ်လို့ NUG ဆို

ငလျင်ဘေးဒဏ်သင့်နေရာတွေမှာ အရေးပေါ်ကယ်ဆယ်ရေးနဲ့လုပ်ငန်းတွေအတွက် ဒေါ်လာ ၁ သန်းသုံးစွဲဖို့လျာထားပြီး ခုခံကာကွယ်စစ်ကလွဲရင် ထိုးစစ်ရပ်ထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ -NUG က မတ် ၂၉ ရက်မှာ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကူညီရေးအစီအစဉ် ကြေညာချက်ထုတ်ပြန်ပါတယ်။

⁨ငလျင်ဒဏ်သင့်ဒေသတွေကို "အကယ်ဒမီရုပ် ကမ်ပိန်း" မှ ကျပ်သိန်း ၅၀၀ လှူဒါန်းမည်

မတ် ၂၈ ရက် မနေ့ နေ့လယ်မှာ စစ်ကိုင်းမြို့ အနောက်မြောက်ဖက်ကို ဗဟိုပြုပြီး အင်အား ၇.၇ ပမာဏရှိ အင်အားပြင်းထန်မြေငလျင် ဖြစ်ပေါ်ခဲ့ကာ အဆိုပါ ငလျင်ဘေးဒဏ်ကြောင့် အခက်အခဲဖြစ်ပေါ်နေတဲ့ ဒေသတွေကို ပေးပို့ကူညီသွားဖို့ စီစဉ်နေတယ်လို့ Artists' Shelter Facebook က ဖော်ပြပါတယ်။

မန္တလေး စင်္ကြာမြောက်ဗလီ ငလျင်ကြောင့်ပြိုကျရာတွင် သေဆုံးသူများအား သယ်ယူနေသည့်မြင်ကွင်း (ရုပ်/သံ)

မန္တလေး စင်္ကြာမြောက်ဗလီ ငလျင်ကြောင့်ပြိုကျရာတွင် သေဆုံးသူများအား သယ်ယူနေသည့်မြင်ကွင်း

စစ်ကိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ပသုံးလုံး တပ်ဖွဲ့ဝင်များ

စစ်ကိုင်းမြို့နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပအဖ၊ ပကဖ နဲ့ ပလဖတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10