သတင်းတို

စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

၄၀ မမဗုံးသီး၊ အီနာဂါဗုံးသီးအပြင် လက်နက်ငယ်တွေနဲ့ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်က ဘန်ကာထဲကို ပစ်ခတ်ခဲ့ရာမှာ စစ်သား ၂ ဦးသေဆုံးသွားတယ်လို့ Burma Revolution Rangers ရဲဘော် ဒီမိုက ပြောပါတယ်။

ကင်းပတ်နေတဲ့‌စစ်အုပ်စုရှေ့ ဖုန်း‌ပြောတဲ့အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

“စစ်ကောင်စီက ၆ ဦး ပတ်ကင်းလှည့်ရင်းနဲ့ သူတို့ရှေ့မှာ ဖုန်းပြောလို့ဆိုပြီး ခေါ်သွားတာ။ ဘာကြောင့်လဲတော့ မသိဘူး။ ကျနော်တို့ကနဦးသိရတာက စလင်းကို ခေါ်ဆောင်သွားတယ်လို့ သိရတယ်။”

ဘုတလင်ကနေ နမခကိုပြန်တဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁၀ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ပြည်သူ ၅၃ ဦးကို ဖမ်းလာတဲ့အင်အား၂၀၀ ပါ စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဘသူကြွယ်စစ်ကြောင်းဆီက သိရပါတယ်။

ရွှေဘိုမှာ ကင်းလှည့်နေတဲ့စစ်အုပ်စုက ပစ်ခတ်လို့ အမျိုးသား ၂ ဦးသေဆုံး

"သူ့(လွင်ဦးမောင်)ကိုပစ်တာ ဘိုးတော်ကြီးကိုအရင်မှန်တာ။ ဘိုးတော်ကြီးက မနက်ခင်း စတုဒိသာ ကျွေးတာကို ဆန်ပြုတ်သောက်ပြီးပြန်လာတာ။ ပတ်ကင်းအလာကို ကောင်လေးကအရှေ့က သူတို့(စကစအဖွဲ့)က အနောက်က စကစကိုမြင်တော့လှည့်ပြေးတော့ပစ်တာ၊ ဘိုးတော်ကြီးကိုမှန်တာ။ နေရာမှာပဲ သေရော"

အချိန်လွန်မိုးကြောင့် မတ်ပဲအချိန်မီမစိုက်နိုင်လို့ အထွက်နှုန်းလျော့မှာစိုးရိမ်နေပြီး စိုက်လက်စပဲခင်းအချို့လည်း ပျက်စီးခဲ့

“ ပုံမှန်ရာသီဥတုဆိုရင် အခုလ(နိုဝင်ဘာ)က လယ်မြေတွေ ခြောက်သွေ့စပြုလာပြီး ပဲစိုက်ဖို့ထွန်ယက်ဖို့ အချိန်ကောင်းဖြစ်နေပြီ။ အခုက လယ်ကွက်တွေထဲမှာ ရေတွေရှိနေတော့ အလုပ်ကမဖြစ်ဘူး။ ကျနော်တို့အရပ်မှာ နိုဝင်ဘာဆိုတာ မတ်ပဲစိုက်ဖို့ အကောင်းဆုံးလပဲ"

လူသေဆုံးအောင် တိုက်ပြေးသွားတဲ့ကားက ကျွဲပွဲမြို့အုပ်ချုပ်ရေးမှူးပိုင် လိုင်စင်မဲ့ကားဖြစ်

" တိုက်သွားတဲ့ကားက ကျွဲပွဲမြို့မှူး အေးဟန်စီးတဲ့ကား။ တောင်ငူကနေ ဝယ်ထားတဲ့ လိုင်စင်မဲ့ကား။ အေးဟန်က စစ်မှုထမ်းပို့ထားတဲ့ တောင်ပိုင်းတိုင်း(စစ်ဌာနချုပ်)ထဲမှာ ဂျူတီကျနေတော့ သူ့ကားကို မြင့်ဇော်(အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဝင် ၁)ကို ပေးထားတာ။"

စစ်ကောင်စီတပ်သားတွေက နှောကုန်းရွာခံ​အမျိုးသမီး ၃ ဦးကို သတ်ပြီး နေအိမ်တွေကို မီးရှို့သွား

“စစ်ကြောင်းထိုးတယ် လာတယ်ကြားတော့ ကျနော်တို့လည်း ရှောင်ရင်းပြေးရင်းလွှားရင်းနဲ့ ခဏကြာတော့ မီးရှို့တယ်ဆိုတဲ့ သတင်းပဲကြားလိုက်ရတာ။ ၁ ယောက်ကတော့ သတ်ပြီးတော့မီးရှို့သွားတဲ့အနေအထားလို့တော့ ယူဆတယ်။ ကျန် ၂ ဦးကတော့ ဘယ်လိုသေဆုံးသွားလဲ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတိအကျမသိရသေးဘူး။ စုံစမ်းလို့လည်း မရသေးဘူး။”

ဆင်ဖြူကျွန်းအနီးက စစ်တပ်စခန်းတိုက်ခိုက်ခံရလို့ အနည်းဆုံး ၁ ဦးသေဆုံးပြီး လက်နက်အချို့ PDF ရရှိ

"ပထမတော့ ခုခံသေးတယ်။ သူတို့ဘက်က အခြေအနေမကောင်းလို့ ဆုတ်ပြေးသွားတာပါ။ ၁ ဦးအလောင်းနဲ့ လက်နက်တွေလည်း ရလိုက်တယ်"

ဇကျမ်းရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကူလာတဲ့ သီတာယုမွန်အဖွဲ့ ထပ်မံမိုင်းဆွဲခံရလို့ ၂၂ ဦးသေဆုံးဟုဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇကျမ်းရဲစခန်းကို တိုက်ခိုက်ခဲ့တဲ့အပြင် ကား ၄ စီးနဲ့ စစ်ကူလာတဲ့ ပျူစောထီးခေါင်း‌ဆောင် သီတာယုမွန်အဖွဲ့ကို မြင်းခြံလမ်းပေါ်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force အဖွဲ့ဆီက သိရပါတယ်။

ပျူခေါင်းဆောင် သီတာယုမွန်တို့ စစ်အုပ်စုနဲ့ MBT တို့ရဲ့ ၃ ရက်တာတိုက်ပွဲမှာ စစ်အုပ်စုဘက်က ၁၅ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ MBT တပ်ဖွဲ့တို့ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်ထိ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှု များခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့ပေါ် မီးပွိုင့်အနီး ရဲ ၂ ဦးအပစ်ခံရပြီး သေဆုံး ■ ပစ်ကူပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့လည်း ပစ်ခတ်မှုထပ်ဖြစ်လို့ စစ်သား ၄ ဦး သေဆုံးတယ်လို့ဆို

စစ်ကိုင်းတိုင်၊ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ရန်ကင်းမီးပွိုင့်အနီးမှာ လုံခြုံရေးလုပ်နေတဲ့ စစ်ကောင်စီလက်အောက် ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လေယာဉ်ဗုံးကြောင့် လူသေဆုံးမှုများခဲ့တဲ့ မိုးကုတ်မှာ CDMA ဖုန်း၊ Star Link အင်တာနက် အသုံးပြုခွင့်နဲ့ လူစုလူဝေးခွင့် ပိတ်

နိုဝင်ဘာ ၁၁ ရက်ညပိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုခံရပြီးနောက် မိုးကုတ်မြို့မှာ အသုံးပြုလို့ရနေတဲ့ CDMA နဲ့ Star Link အင်တာနက် အသုံးပြုခွင့်ပိတ်လိုက်တာလို့ ဆိုပါတယ်။

ဆင်ဖြူကျွန်းမှာ တိုက်ပွဲဖြစ်ပြီး စက်သုံးဆီဆိုင်ကိုဗုံးသီးကျလို့ မီးလောင် ■ စစ်တပ်က အင်အားရာချီဖြည့်တင်းပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးဗုံးသီးကျလို့ စက်သုံးဆီဆိုင်မီးလောင်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ရော်ဘာခြံမှာ အစေးခြစ်နေတဲ့ လူငယ် ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်ပြတ်

မြေမြှုပ်မိုင်းထိသူမှာ မုန်းမြို့၊ အမှတ် ၄ ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် မောက်ခက်စိုးဦး ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ၎င်းအလုပ်လုပ်ရာ အမှတ် ၄ ရပ်ကွက်အစွန်ရှိ ရော်ဘာခြံအတွင်း အစေးခြစ်နေချိန် မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

ပြည်ရွှေဆံတော်ဘုရားပွဲမှာ အပျော်စီးပင်လယ်ဓါးပြလှေ အတက်အဆင်းလှေကား ပြိုကျခဲ့

"အကြီးအမားထိခိုက်တာမျိုးတော့ မရှိဘူး။ လူမှုကူညီရေးအသင်းကားတွေသွားတာတောင်မရှိဘူး။ အနည်းအကျဥ်းပွန်းပဲ့သူ အနည်းငယ်လောက်ပဲ။ ဆေးရုံတင်ရလောက်တဲ့သူမရှိဘူး။ ဒီအတိုင်းပဲပြီးသွားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10