သတင်းတို

စစ်အုပ်စု အထိုင်ချထားတဲ့ ရဲစခန်းနဲ့ စာသင်ကျောင်းကို PDF တွေ တပြိုင်တည်းတိုက်ခိုက် (ရုပ်/သံ)

အဲဒီရဲစခန်းနဲ့ အထက ၁ စာသင်ကျောင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၁၇ ရက် မနက် ၁ နာရီခန့်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မီတာ ၁၅၀ အကွာက တပြိုင်နက် တိုက်ခိုက်ခဲ့ရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ Moe Nyo Revolution Force M.N.R.F ရဲ့တပ်မှူး မိုးညိုက ပြောပါတယ်။

ဒီပဲယင်းမြို့လယ်မှာ ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၁ ဦး လက်နက်နဲ့ဖမ်းဆီးခံရ ■ ပစ်ခတ်မှုတွေအပြီး စစ်ကောင်စီဘက်က မြို့ကိုဗုံးကြဲ

“ဒဏ်ရာရတဲ့ ၂ ယောက်ထဲမှာ ၁ ယောက်ကတော့ စိုးရိမ်ရတယ်။ ဒီကောင်တွေက ကျနော်တို့ပစ်ကွင်းထဲကိုရောက်လာတယ်။ ဖမ်းဆီးရမိတဲ့ကောင်က ရှေ့ဆုံးကတက်တာ။ ကျနော်တို့ပစ်လိုက်တော့ သူ့နောက်ကကောင်တွေက ပြန်ပြေးသွားတယ်။ ဒီကောင်က ကျနော်တို့အနီးနားမှာ ဝပ်နေခဲ့တာ။ သူဝပ် နေတာကို ကျနော်တို့တွေ့တဲ့အချိန် သေနတ်နဲ့ထောက်ပြီးတော့ ဖမ်းလိုက်တာ။”

ဖမ်းဆီးမှုနဲ့ အစစ်ဆေးများတာကြောင့် အုတ်တွင်းကပရဟိတအသင်းအများစု ညဘက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားထား

" စစ်မှုထမ်းကြောက်တာတခု၊ ခပေါင်းတံတားမှာ အစစ်ဆေးပေါ့၊ အချို့ကျတော့ သဘောကောင်းတာရှိတယ်။ အချို့ကျတော့လူနာပါတာတောင် ရစ်တာတွေရှိလို့ ညဆိုမထွက်ကြတော့ဘူး။"

သီတင်းကျွတ်လပြည့်နေ့မှာပြုလုပ်တဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေက ကျေးရွာ ၁ ရွာမှာ အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့မှာ အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တရွာတည်းသားက ၇ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သတ်ခဲ့  ■ မောင်ဖြစ်သူကိုပါသတ်ခဲ့ပေမယ့် မသေဘဲ ပြန်ပြောပြလို့ ကျူးလွန်သူကိုဖမ်းမိ

"တော်တော်ဝေးဝေးလံလံကို ခေါ်သွားပြီးတော့ ကောင်မလေးကို Rape(အဓမ္မပြုကျင့်) လုပ်တယ်ပေါ့နော်။ Rape လုပ်ပြီး ရုန်းတော့ လည်ပင်းညှစ်တယ်ပေါ့။ လည်ပင်းညှစ်တော့ ဟိုကရုန်းတော့ သေသွားတယ်ပေါ့။ ရုန်းရင်းကန်ရင်းနဲ့ ခေါင်းနဲ့ အောက်က အမာတွေဘာတွေနဲ့ဆိုတော့ ထုရိုက်ပြီးတော့ သတ်ပစ်တာပေါ့ဗျာ။"

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲပြန် PDFတွေကို ပြည်သူတွေကကြိုဆို (ရုပ်/သံ)

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကပြန်လာတဲ့ ရဲဘော်တွေကို အောက်တိုဘာ ၁၆ ရက်က ယင်းမာပင်ခရိုင်အတွင်းမှာ ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက အညာသပိတ်အင်အားစုတွေ ဆီမီးသပိတ်ပြုလုပ်(Photo News)

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ နယ်မြေခံသပိတ်အင်အားစုတွေဦးဆောင်ပြီး အောက်တိုဘာ ၁၇ မနေ့ညက ဆီမီးသပိတ်နဲ့ လူထုသပိတ်တွေ ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အင်အားစုတွေဆီက သိရပါတယ်။

ချောက်မြို့နယ်တော်လှန်အမျိုးသမီးအဖွဲ့ရဲ့ အိမ်တွင်းသပိတ်နဲ့ သန်းခေါင်စာရင်း ဆန့်ကျင်ရေးလှုပ်ရှားမှု

“စနစ်ကိုမကြိုက်လို့ တော်လှန်နေတာဖြစ်တာကြောင့် မရမချင်းတော်လှန်နေမယ်။ အမြင်မှန်တွေ ရသင့်ပြီ၊ စည်းလုံးသင့်နေပြီ။”

ကပစ ၁၇ ကစစ်သားတွေ မိုင်းဆွဲခံရပြီး ၈ ဦး သေဆုံး ၄ ဦးဒဏ်ရာရဟုဆို (ရုပ်/သံ)

ကပစ ၁၇ က အင်အား ၃၀ ကျော်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို အောက်တိုဘာ ၁၇ ရက် ၇ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၈ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ပြီး ဒီအရေအတွက်ကိုတော့ ဒေသခံတွေရဲ့ပြန်လည်ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့ နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်း၊ ဂဠုန် PDF နတ်မောက် ခေါင်းဆောင် ဗိုလ်အောင်ဒင်က ပြောပါတယ်။

ဘုတလင်မှာ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုက စီပါရွာကိုမီးရှို့

“စစ်ကြောင်းဝင်တဲ့လမ်းတလျှောက်က ကျေးရွာတွေထဲကလူတွေ၊ လမ်းမှာတွေ့တဲ့သူတွေကို ဖမ်းလာတာ။ ဦးရေအတိအကျတော့ မသိရသေးဘူး။ ဓားစာခံပြည်သူတွေကိုလည်း လူသားဒိုင်း လုပ်ထားတယ်။ တိုက်ပွဲဖြစ်ရင် တော်လှန်ရေးအင်အားစုတွေ အခက်တွေ့အောင်လို့ ဓားစားခံပြည်သူတွေကို ပွိုင့်ဖိနပ်တွေစီးခိုင်းထားတယ်။”

"မပြီး​သေးဘူး... နင်တို့အလှည့်လာမယ်" ရုပ်ရှင်ဇာတ်လမ်းတိုကို ဒီနေ့ညမှာ စတင်ပြသမယ်

"လူ့ဘဝတုန်းက ဆိုးရွားရက်စက်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတွေ ငရဲပြည်ရောက်သွားတဲ့အခါ သူတို့အချင်းချင်း ဘာတွေပြောကြလဲ။ ငရဲပြည်ရောက်နေတာတောင် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အသိတရားမရသေးတဲ့အပြင် ဆင်ခြေပေးလို့ကောင်းနေတုန်း အဲ့လို လူတွေကို​ရော ဘယ်လိုတရားစီရင်ကြမလဲ။ ကျူးလွန်သူတွေဟာ တချိန်ချိန်မှာ မလွဲမသွေ ပြစ်ဒဏ်ခံရမှာပဲ (Transitional Justice Will Combat Against Impunity)"

သီတင်းကျွတ်အထိမ်းအမှတ်အဖြစ် Zero ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ဆီမီး ၅၀၀ ပူဇော် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့တနေရာမှာ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်အဖွဲ့က အောက်တိုဘာ ၁၆ ရက် (သီတင်းကျွတ်လဆန်း ၁၄ ရက်) မှာ ဆီမီးပူဇော်ပွဲပြုလုပ်ခဲ့ကြပါတယ်။

စစ်တပ်နဲ့ပျူစောထီး စိုးမိုးထားတဲ့ရွာကို တော်လှန်ရေးတပ်တွေ ဝင်တိုက်ပြီး နှစ်ဖက်အထိခိုက်ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေ စိုးမိုးထားတဲ့ မြင်းချင်းကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိခိုက်တွေရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

၁ ညထဲ ၂ ရွာဆက်တိုက် လေကြောင်းကြဲခံရလို့ ရဲဘော် ၆ ဦးနဲ့ ပြည်သူ ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်က ကျေးရွာတွေက်ို အောက်တိုဘာ ၁၅ ရက် ည ၈ နာရီဝန်းကျင်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲခဲ့တာကြောင့် ရဲဘော် ၆ ဦးနဲ့ ပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သီတင်းကျွတ်အထိမ်းအမှတ်အဖြစ် Zero ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ဆီမီး ၅၀၀ ပူဇော်

“ရဲဘော်ကတော့ နည်းပါတယ်။ အရင်နှစ်တွေကတော့ သီတင်းကျွတ်လပြည့်မှာဆိုရင် အမြဲတမ်း ကျနော့်ကိုရဲဘော်တွေ ကန်တော့ကြတယ်။ အခုဟာက ZERO COLUMN 1,2,3 ကရဲဘော်တွေက တနေရာမှာ ရောက်နေပါတယ်။ လက်ရှိရဲဘော် ၃၀ ဦးလောက်နဲ့ ဖြစ်သလိုစီစဉ်ပြီးတော့ လုပ်လိုက်ရတာပါ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10