သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ နတ်ထမင်းကျေးရွာရာအိမ်မှူး သေနတ်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ဆီက သိရပါတယ်။
သေဆုံးသူဟာ နတ်ထမင်းကျေးရွာရာအိမ်မှူး အသက် ၄၅ ဝန်းကျင် အငယ်လေး (ခ) သက်နိုင်စိုး ဖြစ်ပြီး မတ် ၈ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ၎င်းရဲ့နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“နတ်ထမင်းရွာက ရာအိမ်မှူးအငယ်လေး အိမ်ထဲမှာထိုင်နေတဲ့အချိန် ကျနော်တို့ ပူးပေါင်းရဲဘော်တွေနဲ့ အိမ်ထဲဝင်ပြီး ခေါင်းတည့်တည့်ကို ကျည် ၃ ချက်ပစ်တာ ပွဲချင်းပြီး သေပါတယ်။ ကျနော်တို့လည်း စစ်**ဂိတ် တော်တော်များများကိုဖြတ်ပြီး ရှင်းလင်းခဲ့ရတာလို့" သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တာဝန်ရှိသူတဦးက ပြောပါတယ်။
ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး ဒေသခံတွေဆီက စစ်မှုထမ်းကြေးကောက်ခံတာတွေ စစ်မှုထမ်းကြေးမပေးတဲ့သူတွေကို စစ်တပ်ခေါ်ကာ ဖမ်းခိုင်းတာတွေလုပ်တဲ့အပြင် PDF တွေကို စိန်ခေါ်နေတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
ရာအိမ်မှူးကိုပစ်ခတ်ပြီးတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာလာတာကြောင့် နောက်ဆက်တွဲအခြေအနေကို မသိရသေးဘူးလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တာဝန်ရှိသူတဦးက ဆက်ပြောပါတယ်။
ပစ်ခတ်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မတ် ၄ ရက်ကလည်း မင်းလှမြို့နယ်၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုမြန်မာစုရွာနေ ပျူစောထီး ခင်မောင်ဝင်းကို တာကလေးရွာ ရန်ကုန်-ပြည်လမ်းဘေးရှိ ဇရပ်မှာထိုင်နေစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#ပဲခူးတိုင်း #သာယာဝတီ #မင်းလှ#ထန်းပင်ကုန်း # နတ်ထမင်းကျေးရွာရာအိမ်မှူး #သေနတ်ပစ်ခတ်ခံခဲ့ရ
Share Share Share