အညာက ထန်းခေါက်တောင်းရက်လုပ်သူတွေ ဘာအခက်အခဲကြုံနေရလဲ (ရုပ်/သံ)
နေအိမ်တွေ ဆောက်လုပ်ချိန် ပင်စည်ကို အိမ်တိုင်အဖြစ် အသုံးပြုတာ၊ လယ်ယာမြေချဲ့ထွင်ချိန် ထန်းပင်တွေကို ခုတ်လှဲတာ၊ အုတ်ဖုတ်တဲ့လုပ်ငန်းတွေမှာ ထန်းပင်ကို ထင်းမီးအဖြစ် အသုံးပြုတာ စတာတွေကြောင့် ထန်းပင်တွေလျော့နည်းလာသလို စစ်ကောင်စီစခန်းနဲ့ နီးတဲ့ ထန်းပင်တွေကိုလည်း အသုံးမပြုရဲကြတာကြောင့် ကုန်ကြမ်းရှားလာတယ်လို့ ထန်းခေါက်ဖာလုပ်ငန်းကို အနှစ် ၂၀ ကျော် လုပ်ကိုင်နေသူ အမျိုးသမီးတဦးက ပြောပါတယ်။