"ခွဲခြားဆက်ဆံတာတွေကိုပါ တွန်းလှန်နေတဲ့ PDF ရဲမေ"
“ဖယ်ကျဉ်ခြင်း ခံရတာကတော့ ခဏခဏပါပဲ။ အတန်းထဲမှာဆိုလည်း အတန်းဖော်၊ ဆရာ/ဆရာမတွေရဲ့ ဖယ်ချန်ခြင်းကို ခံရတယ်။ သူက ကုလားမို့လို့ မပေါင်းရဘူး ဆိုတာမျိုးတွေ၊ အတန်းဖော်တယောက်က ကိုယ်နဲ့စကားလာပြောရင်လည်း ဆရာမတွေက မပြောခိုင်းတာ အသက်အရွယ်နဲ့မမျှတဲ့ ခံစားခြင်းမျိုးတွေကို ငယ်ငယ်ကတည်းက ခံစားလာခဲ့ရတယ်”