သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ရမည်းသင်းမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးအဆင့်ရှိသူ ၁ ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုဆီက သိရပါတယ်။
သေဆုံးသူမှာ အသက် ၄၅ ဝန်းကျင်အရွယ် ရဲတပ်ကြပ်ကြီး သန်းထိုက် ဖြစ်ပြီး မတ် ၂၈ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ ရမည်းရဲစခန်းကနေ ဆိုင်ကယ်နဲ့ထွက်လာချိန် အမြန်လမ်းမိုင်တိုင် ၂၅၆ အနီးအရောက်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ အမြန်လမ်း မိုင်တိုင် ၂၅၄၊ ၂ ဖာလုံခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ။ ဆိုင်ကယ်နဲ့ တဦးတည်းလာတာ။ ၄ ချက်ပဲပစ်ခတ်လိုက်ရတာ၊ ခေါင်း ၂ ချက်၊ ရင် ဘတ် ၂ ချက် ပစ်ခတ်ခဲ့တာ။” လို့ တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
ပစ်ခတ်ပြီးတဲ့နောက် ရဲတပ်ကြပ်ကြီး သန်းထိုက် ထံကနေ WY စိတ်ကြွမူးယစ်ဆေးပြား ၃၀ ပြား၊ မိုဘိုင်းလ် ဖုန်း ၃ လုံး၊ ပါဝါဘန့် ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုကို တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုနဲ့ ရမည်းသင်းခရိုင် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မတ် ၃ ရက်ကလည်း တောင်သာမြို့နယ်၊ ဗိဿနိုးအထိုင်စခန်းနဲ့ မကျည်းတန်းစစ်ဆေးရေးဂိတ်တွေကို တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုက ဒရုန်းနဲ့ဗုံးကြဲချခဲ့ပါသေးတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ရမည်းသင်း #အမြန်လမ်း #ရဲတပ်ကြပ်ကြီး #ပစ်ခတ် #သေဆုံး
Share Share Share