သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာ ၆ ရွာကို မတ် ၃၁ ရက် ဒီမနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့ခံတွေဆီက သိရပါတယ်။
ဒီမနက် ၉ နာရီကနေ နေ့လယ် ၂ နာရီအတွင်း စလင်းမြို့နယ်၊ ဆားကျင်းကုန်းရပ်ကွပ်အစွန်ရှိ “ချမ်းစိမ့်”တိုင်းရင်းဆေးဝါးထုတ်လုပ်စက်ရုံနဲ့ အနီးဝန်းကျင်ကို ဂျက်ဖိုက်တာ၊ စက်တပ်လေထီးတို့နဲ့ အကြိမ် ၂၀ ကျော်ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
“လေယာဉ် ၃ စီးနဲ့ မနက် ၈ နာရီခွဲ ၉ နာရီလောက်မှာ အသွားအပြန် ၆ ကြိမ် ဗုံးကြဲသွားတာ။ အဲ့ဒီနောက်ပိုင်း စက်တပ်လေထီး (Paramotar)နဲ့ တိုက်တယ်။ ပြီးတော့ လေယာဉ်နဲ့ဆက်တိုက်ကြဲတယ်၊ အကြိမ်ရေ ၂၀ ကျော်တယ်။” လို့ စလင်းမြို့ခံတဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ဗုံးအလုံးရေ ၅၀ နီးပါးလောက်သုံးခဲ့တယ်လို့လည်း သူက ခန့်မှန်းပါတယ်။
လက်ရှိအချိန်ထိ ဗုံးကြဲခဲ့တဲ့နေရာတဝိုက်ကို ကွင်းဆင်းစစ်ဆေးတာ မလုပ်နိုင်သေးတဲ့အတွက် ထိခိုက်သေဆုံးမှုအခြေအနေတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။
စလင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်တာမရှိဘဲ ခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကံပြားရွာ၊ သစ်ခေါက်တောင်ရွာ၊ ပေါက်ကျင်းရွာ၊ ကိုင်းကြီးရွာ၊ ရစ်ပြင်ရွာ၊ တောင်ဇင်ရွာတို့က ဒေသခံ ၈ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အထက်ပါမြို့ခံက ပြောပါတယ်။
မတ် ၃၀ ရက် မနေ့ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်က အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ရွာသစ်ကုန်းကျေးရွာကို စစ်ကောင်စီက ရဟက်ယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့အပြင် မြေပြင်ကနေလည်း စစ်ကြောင်းထိုးမီးရှို့ခဲ့ပါသေးတယ်။
အဲ့ဒီကျေးရွာဟာ မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဒဏ်ကိုခံထားရတဲ့ကျေးရွာ ၁ ရွာ ဖြစ်ပါတယ်။
အလားတူ ငလျင်လှုပ်ခတ်ပြီးချိန်ကနေ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအပါအဝင် ငလျင်ဒဏ်ခံရတဲ့ ကျေးရွာတွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်တိုးလုပ်ဆောင်နေတဲ့အတွက် ဒေသခံထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ပုံစာ - ၂၀၂၃ ဇွန်လ ၉ ရက် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစခန်းတိုက်ခိုက်ခံရစဉ် လေကြောင်းပစ်ကူပေးနေသည့် Mi 35 ရဟတ်ယာဉ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #စလင်း #လေကြောင်းတိုက်ခိုက် #စစ်ရှောင်
Share Share Share