ရသစာတမ်း

“မြို့သစ်ဘူတာထဲက ညီအကိုနှစ်ယောက်” (ရသစာတမ်း)

အဲဒီနေ့က မုန့်ရောင်းတဲ့ ညီအကိုနှစ်ယောက် စာပို့ရထားနဲ့ ပါမသွားကြဘူးဆိုတာ ကျောက်တွဲက ကုန်စိမ်းသည်တချို့နဲ့ ညီအကိုနှစ်ယောက်ကလွဲရင် ဘယ်သူမှ မသိလိုက်ကြဘူး။ ဘယ်သူမှလည်း သတိမထားမိလိုက်ကြပါဘူး။ နောက်နှစ်ပေါင်းများစွာကြာအောင်လည်း ဘယ်သူမှ မသိကြသတိမထားမိကြဘူးလို့ ဆိုရမယ်။ ဒါဟာကမ္ဘာကြီးအတွက် အရေးကြီးတဲ့အဖြစ်အပျက်လည်း မဟုတ်ဘူးမလား။ ဒီအကြောင်းကို အခုကျနော်ပြန်မပြောပြခင်အထိ ဘယ်သူမှသိကြမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီညီအစ်ကိုနှစ်ယောက်မှာ အကိုဖြစ်သူ ဆုံးပါးသွားတဲ့အခါ ပြန်ပြောပြဖို့ ညီဖြစ်တဲ့ ကျနော်ပဲရှိတယ်။ အဲဒီနေ့က အဖြစ်အပျက်ကို ပြောပြဖို့ ကျနော်ဆုံးဖြတ်ပြီး အခုစာကိုရေးလိုက်ပါတယ်။

“နယ်စပ်မြို့ပေါ်ကတိမ်တွေ”  ကျောင်းဖွင့်ချိန်မှာ သူတို့ပြန်ရောက်မလာပါ (ရသစာတမ်း)

အမေဖြစ်သူရဲ့ခေါ်ဆောင်ရာအတိုင်း ၄ နှစ်အရွယ် ဖိုးဝရုပ်လေးရယ်၊ ၈ နှစ်အရွယ် အမဖြစ်သူတို့ဟာ ဘယ်သူမှ သတိမထားမိခင်မှာပဲ နယ်စပ်မြို့ရဲ့ အစွန်အဖျားရပ်ကွက်စိုက်ခင်းတွေထဲကနေ ပျောက်ကွယ်သွားကြပါတော့တယ်။

စာနာမှုနှင့်ချိတ်ဆွဲထားသော “ငှက်သောက်အိုး”များ (ရသစာတမ်း)

အညာသူအညာသားဟာ အတွင်းစိတ်မနောသိပ်ဖြူရှာတယ်။ စာနာမေတ္တာတရားသိပ်ပေါကြွယ်ဝတယ်။ ဘယ်လောက်တောင် စိတ်ထားဖြူစင်မေတ္တာတရားရှိသလဲဆို ပူပြင်းလှတဲ့ အညာနွေအောက် လူတွေ ရေဆာကြသလို သဘာဝတောနေတောထိုင် ငှက်ကလေးတွေလည်း ရေဆာနေမယ်ဆိုပြီး နေပူပူထဲ မနေနိုင်မထိုင်နိုင် တွေးပူတဲ့အမျိုးပါပဲ။

ရဲဘော်တွေရဲ့ လယ်တောအကူ

အညာဆောင်းရာသီမို့ ကောက်လှိုင်းထုံးတွေပေါ်မှာ နှင်းစက်လေးတွေက တွဲလဲခိုနေကြတယ်။ စပါးပင်အနံ့တွေ၊ လယ်ကွက်ထဲက ရွံ့နံ့သင်းသင်းနဲ့ နှင်းစက်တွေကြောင့် စိုစွတ်စွတ် မှိုင်းထိုင်းထိုင်း အနံ့တွေကလည်း တခါတခါ နှာခေါင်းထဲကို အလုအယက်ဝင်လာတတ်တယ်။ လယ်ကွင်းတခုလုံးကို လှည့်ပတ်ကြည့်လိုက်ရင် အညာဆောင်းဟာ လွမ်းစရာတမျိုး ကောင်းလှပါတယ်။

တချိန်တခါက လယ်ကွင်းတွေဆီ

မနက်စာစားအပြီး ဆေးလိပ်သောက်ချင်တဲ့အခါ လေကတိုက်နေတော့ ပုဆိုးကို ခေါင်းမီးခြုံ မီးခြစ်ပြီး မိုးရေစိုစိုမှာ ဆေးပေါ့လိပ်တိုတိုကို မီးညှိ ရှိုက်ဖွာရတဲ့အရသာဟာ ကျူးဘားခေါင်းဆောင်ကြီး ဖီဒယ်ကက်စထရိုသောက်တဲ့ ဆေးပြင်းလိပ်ရဲ့ အရသာနဲ့တောင် မလဲနိုင်ပါ။

ကြက်ဥပြုတ် လက်ဖက်သုပ် နဲ့ ထမင်းချိုင့်ထဲက ကလေးငယ်တွေ

ဓါတ်ပုံလေးရဲ့ ဖြစ်စဉ်ကို ကြားသိမြင်တွေ့လိုက်ရတော့ ပိုလို့ နာကျင်ရပြန်တယ်။ ကလေးဘဝမှာ နွမ်းပါးချို့တဲ့စွာနဲ့ ကျောင်းတက်ခဲ့ရတဲ့ ကျနော်အဖို့ ဓါတ်ပုံထဲက မြင်ကွင်းမျိုးဟာ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ တိုင်အောင် အာရုံခြောက်ပါးလုံးမှာ စွဲငြိနေခဲ့တာပါ။

“တော်လှန်ရေးမှာ ကျကျန်ခဲ့တဲ့ ခြေထောက်တဖက်” (ရသစာတမ်း)

သူတို့ဆုံးရှုံးသွားတာ လူငယ်ဘဝက စက်ဘီးတစီး၊ အဝတ်အစားတစုံ၊ ဖိနပ်တရံမဟုတ်ပါ။ ပြန်လည်အစားထိုးမရနိုင်သည့် အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများပဲဖြစ်ပါသည်။ ထိုအရာများကို သူတို့စိတ်မပူပါ။ မနှမြောပါ။ သို့သော် သူတို့ အိမ်ပြန်ကြရသည့်အခါ သူတို့အမေကို ပြန်ပြောပြချိန် အဆူခံရမယ့်အရေးကိုသာ သူတို့ စိတ်ပူခဲ့ကြပါသည်။

"စိန်ပန်းအကြွေတွေအောက်က ကျောင်းဝတ်စုံ"

အမှန်နဲ့အမှား တရားမှုနှင့်မတရားမှု ဓမ္မနှင့်အဓမ္မ တို့သည် စာသင်ကျောင်းများတွင် ဆိတ်သုဉ်းပျောက်ကွယ် သွားသည့်အခါ တချို့က စာသင်ကျောင်းများနှင့် ချစ်လှစွာသော သူငယ်ချင်းများ ကို စွန်ခွါခဲ့ကြ ပါတော့သည်။ တချို့လည်း ဝမ်းနည်းဖွယ်ရာကောင်းလောက်အောင်ပင် တော်လှန်ရေးအတွက် အသက်ပေးရင်း စာသင်ကျောင်းများကို အပြီးတိုင်ကျောခိုင်းလိုက်ကြရပါသည်။ စိန်ပန်းတို့ ပွင့်နေကြသည့် စာသင်ကျောင်းများထဲ ကျောင်းသားများ ပြန်မလာနိုင်ကြတော့ပါ။ တချို့သော စာသင်ခုံနှင့် ခုံနံပါတ်လေးများတွင် ပိုင်ရှင်မရှိတော့ပါ။ တချို့သော ခုံတန်းလျားလေးများ နွေးထွေးမနေတော့ပါ။

နိုင်ငံဖြတ်ကျော်စစ်ရှောင်ရတဲ့ ခွေးသားအုပ်မလေးရွှေရွှေ

ဒါဟာ မြန်မာနိုင်ငံနယ်စပ်ကိုဖြတ်ကျော်အပြီး နိုင်ငံရပ်ခြားကနယ်မြို့လေးမှာနေထိုင်ရင်း ဒုတိယအကြိမ်မီးဖွားခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းထဲက လွယ်ပိုးလာခဲ့ရတဲ့ဗိုက်ကိုတော့ နယ်စပ်မြို့လေးကို ရောက်ပြီးသိပ်မကြာခင် ရက်မှာပဲမွေးခဲ့ရပါတယ်။ လူတွေလိုဆိုရင်တော့ ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ တိုက်ပွဲထဲ ပြေးခဲ့ရတာပါ။ သွေးလန့်မသွားတာကိုပဲ ကံကောင်းလှချည့်လို့ တွေးမိရတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10