ပျောက်ဆုံးသွားတဲ့ မီးရထားလမ်း (ဆောင်းပါး)
မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်က ကြားလမ်းပိုင်းတခုဖြစ်တဲ့ ရွှေဘို-၀က်လက်မီးရထားလမ်းပိုင်းဟာ စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာမှာ ပျောက်ဆုံးလို့သွားပါပြီ။ မီးရထားသံလမ်းတွေပျောက်ဆုံးသွားပြီ ဖြစ်သလို တချို့နေရာတွေမှာ ဇလီဖားတုံးတွေ မရှိတော့တဲ့အပြင် ရထားသံလမ်းတလျှောက် ရေမြောင်းကြီးတွေပင် ဖြစ်လို့နေပါပြီ။