ဇီးပြားရွာတိုက်ပွဲမှာ ကာကွယ်ရေးရဲဘော် ၂၁ ဦး ဘာကြောင့်သေဆုံးခဲ့သလဲ (ဆောင်းပါး)
“သူတို့(စကစ)ဘက်က ၃၀ ကျော်ပေါ့။ အတိအကျဆို ၃၃ ယောက်လောက်သေတယ်။ ရဲစခန်းတခု ကလွဲရင် တရွာလုံးကိုပတ်မွှေပြီး ဘန်ကာတွေကိုလည်း မီးရှို့ထားနိုင်ပြီ။ လေကြောင်းကလည်း တောက်လျှောက်လာနေတော့ အကုန်လုံးကို ပြန်ဆုတ်ခိုင်းထားပြီးပြီ” ဟု မြိုင်ပကဖတာဝန်ရှိသူတဦးက ပြောသည်။ သို့သော် အောင်မြင်မှုနှင့်အတူ တပ်ဆုတ်ပြန်လာခဲ့သည့်အချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးရဖို့ကို အကြောင်းက ဖန်လာခဲ့သည်။