နိုင်ငံအဝှမ်းတိုက်ပွဲဖြစ်နေပြီး ရှမ်းမြောက်နဲ့ရခိုင်မှာ သာလွန်အင်အားနဲ့ တိုက်ခံနေရတယ်လို့ စစ်ခေါင်းဆောင်ညည်းတွား
ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ရခိုင်ပြည်နယ်က တပ်စခန်းတွေကို သာလွန်အင်အားနဲ့ တိုက်ခိုက်ခံနေရပြီး နိုင်ငံအနှံ့မှာ တိုက်ခိုက်ခံနေရတယ်လို့ နိုဝင်ဘာ ၂၉ ရက် ဒီကနေ့ပြုလုပ်တဲ့ နေပြည်တော် စစ်ကောင်စီအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။