ရင်ငြိမ်း

သမိုင်းထဲက ဖယ်ဒရယ်နှင့် တိုင်းရင်းသားတန်းတူရေးဆိုင်ရာ သင်ခန်းစာများ

လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနှင့် ပြည်တွင်းစစ်မီးများသည် အမျိုးသားရေးတန်းတူညီမျှမှုမရှိဘဲ တခြားတိုင်းရင်းသားများအပေါ် ဗမာလူမျိုးအုပ်ချုပ်သူလူတန်းစားကသာ ဗဟိုချုပ်ကိုင်မှုဖြင့် အုပ်ချုပ်ခဲ့ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးရလဒ်များပင်ဖြစ်သည်။

စစ်ခေါင်းဆောင်တက်ရောက်တဲ့ အမျိုးသမီးဗိုလ်သင်တန်းဆင်းပွဲအင်အား ၃၀ ကျော်သာရှိပြီး စံချိန်တင်လျော့နည်းဟု တပ်အသိုင်းအဝိုင်းပြော

“ အရင်က ဘွဲ့ရအမျိုးသမီးဗိုလ်သင်တန်းဆို ဆရာဝန်တွေပါလုလျှောက်ကြတာ။ အပြင်ကလည်း လျှောက်ကြတာတွေများပေမယ့် တပ်မိသားစုဝင်တွေကိုပဲ အဓိကရွေးခေါ်တာ။ အခုနောက်ပိုင်း တပ်မိသားစုအသိုင်းအဝိုင်းပါ မလျှောက်ကြတော့တာမျိုး။ အခုဟာက နောက်က စစ်တီးဝိုင်းက လူပိုများနေတယ် “

BNRA တပ်ဖွဲ့ဝင်တွေကို ကန့်ဘလူပကဖ ဘာကြောင့်ဖမ်းတာလဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အခြေပြုနေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ် BNRA ရဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ BNRA တပ်ဖွဲ့ရဲ့ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စိတ်မှူးနဲ့ တပ်ဖွဲ့ဝင်တို့ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်တဲ့ မောင်းပြန်သေနတ် ၃ လက်၊ လက်လုပ်သေနတ် ၂၆ လက်နဲ့ ကျည်ဆံခဲယမ်း အများအပြားလည်း သိမ်းဆည်းခံထားရတယ်လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်က ပစ္စတိုခါးချိတ်ပြီး လားရှိုးကို နေ့ချင်းပြန်သွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ကိုးကန့်ဒေသအပြင် လားရှိုးမြို့နဲ့အနီးတဝိုက်မြို့တွေမှာ အောက်တိုဘာလမှစတင်ကာ လက်ရှိအထိ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ၁ လ ကျော်အကြာမှာ စစ်ခေါင်းဆောင်နဲ့အဖွဲ့က လာရောက်တာလည်းဖြစ်ပါတယ်။

တပ်ရင်းလိုက်လက်နက်ချမှုတွေရှိနေချိန် "တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လစ်သေချာစွာ တည်ဆောက်ကြဖို့" စစ်ခေါင်းဆောင် တိုက်တွန်း

စစ်ကောင်စီတပ်အတွင်း တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လစ်သေချာစွာတည်ဆောက်ကြဖို့ အထူးအလေးအနက်ထားမှာကြားလိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။

မင်းအောင်လှိုင် အိတ်မစိုက်ရတဲ့ စွမ်းရည်ဘွဲ့တံဆိပ်များ (အတွေးအမြင်)

ပေးအပ်ရာတွင် စစ်ခေါင်းဆောင်မှ ၎င်း၏ဇနီး ဒေါ်ကြူကြူလှမှအစ ရပ်ကွက်ဆယ်အိမ်မှူးအထိ အကုန်ပေးသည်။ ၎င်းတို့ စစ်ခေါင်းဆောင်အချင်းချင်း ပေးသည်၊ ဘုန်းကြီးကို ပေးသည်၊ ခရိုနီပေးသည်၊ ရုပ်ရှင်၊ အဆိုတော်၊ သဘင်၊ ဂီတ၊ လူရွှင်တော် အစုံပါသည်။ ဂျပန်ကို ပေးသည်၊ ရုရှားကို ပေးသည်၊ ယုတ်စွအဆုံး သေဆုံးပြီးဖြစ်သည့် မြန်မာသံစဉ်အဆိုတော်များကိုလည်း ပေးသည်။

ပျူစောထီးလက်ထဲ ပျက်စီးသွားခဲ့ရသည့် ကြာပိုင်ကျေးရွာ ငြိမ်းချမ်းရေး

တောပုကျေးရွာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်ပြီး ငြိမ်းချမ်းလိုသည့် ကြာပိုင်ကျေးရွာသားများ၏ ငြိမ်းချမ်းရေးသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာပထမပတ်အတွင်း တောပုကျေးရွာက ပျူစောထီးများ၏ အငြိုးအာဃာတအောက်တွင် ပျက်စီးခဲ့ရသည်။

ခွင့်မဲ့/စစ်ပြေးတွေ စစ်မှုပြန်ထမ်းပါက ပြစ်ဒဏ်မပေးဘဲ လက်ခံမယ်လို့ စစ်ကောင်စီထုတ်ပြန်

“ အရင်က စစ်ပြေးတွေကို ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ ခု ခွင့်မဲ့/စစ်ပြေးဖြစ်နေသူတွေလည်း အသိဆုံး ဖြစ်မှာပဲ။ အခုလည်း ခွင့်မဲ့/စစ်ပြေးဖြစ်တဲ့သူတွေကို ပိုက်စိပ်တိုက်ရှာပြီး မိရင်သေတဲ့အထိတောင်ဖြစ်နေတာ။ အခုလည်း သူတို့လိုက်ဖမ်းရတာမောလို့ ဆိုက်ဝါးထည့်ပြီး ပြန်ခေါ်တာလို့ပဲ မြင်ပါတယ်။ ဒီကာလမှာ ဘာဥပဒေမှ မရှိဘူး၊ ဘာမဆို ဖြစ်သွားနိုင်တယ်”

နိုင်ငံအဝှမ်းတိုက်ပွဲဖြစ်နေပြီး ရှမ်းမြောက်နဲ့ရခိုင်မှာ သာလွန်အင်အားနဲ့ တိုက်ခံနေရတယ်လို့ စစ်ခေါင်းဆောင်ညည်းတွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ရခိုင်ပြည်နယ်က တပ်စခန်းတွေကို သာလွန်အင်အားနဲ့ တိုက်ခိုက်ခံနေရပြီး နိုင်ငံအနှံ့မှာ တိုက်ခိုက်ခံနေရတယ်လို့ နိုဝင်ဘာ ၂၉ ရက် ဒီကနေ့ပြုလုပ်တဲ့ နေပြည်တော် စစ်ကောင်စီအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

အုပ်ချုပ်ရေးမှူး ၆ ဦး အသတ်ခံရပြီးနောက် အထက်မင်းလှနဲ့မင်းတုန်းနယ်က အုပ်ချုပ်ရေးမှူးတွေ မိသားစုလိုက်ထွက်ပြေး

နိုဝင်ဘာ ၂၆ ရက် ညပိုင်းက မင်းလှမြို့နယ် လင်းကယ်၊ မီးလောင်ကုန်း၊ ပေတောကုန်း၊ ကဒေါင်းစောက်၊ ကံ(အလယ်) ရွာတွေနဲ့ မင်းတုန်းမြို့နယ် တောင်ယံကျေးရွားက အုပ်ချုပ်ရေးမှူးတွေ တပြိုင်တည်း အသတ်ခံရပြီးတဲ့နောက် အဲ့ဒီရွာတွေနဲ့ အနီးတဝိုက်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နေအိမ်တွေမှာ မနေရဲတော့ဘဲ ထွက်ပြေးနေတာလို့ ဆိုပါတယ်။

အထက်မင်းလှနဲ့ မင်းတုန်းနယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦး တပြိုင်နက် အသတ်ခံရ

“ မင်းလှနဲ့ မင်းတုန်းအစပ်က ရွာတွေရဲ့အုပ်ချုပ်ရေးမှူးတွေပါ၊ ၆ ယောက်သေပါတယ်။ အဲ့ဒီရွာတွေက အုပ်ကြီးတွေကို ဝင်ပစ်ခံရတဲ့အချိန်မှာ ဘေးနီးစပ်တဲ့ရွာတွေက အုပ်ကြီးတွေထွက်ပြေးကြတယ်လို့လည်း သိရတယ်”

ဇီးပြားရွာတိုက်ပွဲမှာ  ကာကွယ်ရေးရဲဘော် ၂၁ ဦး ဘာကြောင့်သေဆုံးခဲ့သလဲ (ဆောင်းပါး)

“သူတို့(စကစ)ဘက်က ၃၀ ကျော်ပေါ့။ အတိအကျဆို ၃၃ ယောက်လောက်သေတယ်။ ရဲစခန်းတခု ကလွဲရင် တရွာလုံးကိုပတ်မွှေပြီး ဘန်ကာတွေကိုလည်း မီးရှို့ထားနိုင်ပြီ။ လေကြောင်းကလည်း တောက်လျှောက်လာနေတော့ အကုန်လုံးကို ပြန်ဆုတ်ခိုင်းထားပြီးပြီ” ဟု မြိုင်ပကဖတာဝန်ရှိသူတဦးက ပြောသည်။ သို့သော် အောင်မြင်မှုနှင့်အတူ တပ်ဆုတ်ပြန်လာခဲ့သည့်အချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးရဖို့ကို အကြောင်းက ဖန်လာခဲ့သည်။

အုတ်ဖို ခမရ ၆ က စစ်သား ၃၂ ဦး ကရင်နီတွင် လက်နက်ချသည့်ရုပ်သံ KNDF ထုတ်ပြန် (ရုပ်/သံ)

ကရင်နီ(ကယား)ပြည်နယ်အတွင်း တိုက်ခိုက်ရေးဝင်ရောက်နေရတဲ့ ပဲခူးတိုင်း၊ အုတ်ဖိုမြို့၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ ၆ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

အုတ်ဖို ခမရ ၆ က စစ်သား ၃၂ ဦး ကရင်နီမှာ လက်နက်ချ၊ လွိုင်ကော်တက္ကသိုလ်တိုက်ပွဲ စစ်သား ၁၀၀ ကျော်သေဆုံးဟု KNDF ထုတ်ပြန်

"တပ်ရင်းဆီကို သတင်းတော့ရောက်ပြီ။ ဖမ်းမိထားတဲ့သူတွေက ဟုတ်ပါတယ်။ ရင်းမှူးကျသွားတာ လည်း ဟုတ်တယ်။ သတင်းဖုံးထားတယ်”

မကွေးမြို့ပေါ်မှာ ညအချိန်သေနတ်ပစ်ဖောက်မှုတွေကြောင့် မြို့ခံတွေထိတ်လန့်နေ

“ ဘူတာရုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကပစ်တာ။ ဘာကိုပစ်တာလဲတော့ မသိဘူး။ ဒီတိုင်း ခြောက်လှန့်ပစ်တာလို့လည်း ပြောကြတယ်။ ညဉ့်နက်မှဆိုတော့ ဘာဖြစ်တယ်ဆိုတာ သေချာမသိရဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10